Friday, 1 February 2013

Hot News ဂျာနယ်တွင် ပါဝင်သည့် ဆောင်းပါးနှင့် ပတ်သက်၍ ရခိုင်အမျိုးသမီး အသင်းမှ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မည်

Share Arakan News

Messenger News Journal ·
·
Hot News ဂျာနယ်တွင် ပါဝင်သည့် ဆောင်းပါးနှင့် ပတ်သက်၍ ရခိုင်အမျိုးသမီး အသင်းမှ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မည်

Hot News ဂျာနယ်တွင် ဆောင်းပါးရှင် ပစ်တိုင်းထောင် ရေးသားသော ဆောင်းပါးတစ်ပုဒ်တွင် ရခိုင်အမျိုး သမီးထုအတွက် အထင်လွဲမှားစရာများ ပါဝင်နေသောကြောင့် ရခိုင် အမျိုးသမီးအသင်း (ရန်ကုန်) ကဖေဖော်ဝါရီ ၂ရက်နေ့ နေ့လည် ၁ နာရီတွင် ဗဟန်းမြို့နယ် ရေတာရှည်လမ်းဟောင်း ဓညဝတီ ဘုန်းတော်ကြီးကျောင်းတွင် စာနယ်ဇင်း ရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်ကြောင်း အမျိုးသမီး အသင်းတာဝန်ရှိသူ ဒေါ်စောခင်တင့်ကThe Messenger ဂျာနယ်သို့ ပြောသည်။
''စကားတစ်ခွန်း မှားသွားရင် အမျိုးသမီးထုအတွက် အများကြီး ထိခိုက်စေပါတယ်'' ဟု ဒေါ်စောခင်တင့် က ပြောသည်။ အဆိုပါ ဆောင်းပါးတွင် သတင်းဓာတ်ပုံအဖြစ်
ရခိုင်အမျိုးသမီးများ လူမျိုးခြားတို့၏ အငယ်မယားဖြစ်နေသည်ဟုအဓိပ္ပာယ်ပါစာသားများ
ရေးသားထားသောကြောင့်ဓာတ်ပုံပိုင်ရှင် အမျိုးသမီးများနှင့် ဆွေမျိုး သားချင်းများစွာ
စိတ်မကောင်း ဖြစ်နေကြောင်း ရခိုင်တိုင်းရင်းသားများအတွက်
တာဝန်ရှိသူတစ်ဦးက ပြော သည်။

No comments:

Post a Comment