စစ်တွေမြို့မှ ဘုန်းတော်ကြီး ပညာသင်ကျောင်း တစ်ခုအား တွေ့ရစဉ်။ ( ဓါတ်ပုံ နိရဉ္စရာ)
ရခိုင်ပြည်နယ်တွင် ဘုန်းတော်ကြီးသင် ပညာရေးစနစ်ကို ၁၉၉၃ ခုနှစ်က စတင်ခဲ့သော်လည်း အောင်မြင်မူ အားနည်းနေသေးသဖြင့် ယခုကဲ့သို့ ဆွေးနွေးပွဲ ပြုလုပ်ရသည်ဟု ဆိုသည်။
” ပြည်နယ်ကြီးကြပ်ရေးအဖွဲ့ရဲ့ ပူးပေါင်းပါဝင်မှုနဲ့ လမ်းညွှန်ချက်များ အားနည်းနေသေးတဲ့ အတွက် ရခိုင်ပြည်လုံးဆိုင်ရာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေ ရှေ့ကို ရောက်သင့်သလောက် မရောက်ဘဲ ဖြစ်နေတယ်။ ဒါကြောင့် ကျောင်း အုပ်ဆရာတော်များ အနေနဲ့ ဘုန်းတော်ကြီးသင် ပညာရေး စနစ် တိုးတက် ကောင်းမွန်အောင် ဘယ်လို ဆောင်ရွက်ကြမယ် ဆိုတာ တွေ့ဆုံေ ဆွးနွေးကြတာ ဖြစ်ပါတယ်” ဟု ဆရာတော်က ဆိုသည်။
ဆွေးနွေးပွဲသို့ ရခိုင်ပြည်နယ် ၁၅ မြို့နယ်မှ ကျောင်းထိုင်ဆရာတော် ၂၈ ပါးတက်ရောက်ခဲ့သည်ဟု သိရသည်။
စစ်တွေမြို့ ရွှေစေတီကျောင်းတိုက်၌ ဆရာတော်ကြီးများ ဆွေးနွေးပွဲ နှစ်ကြိမ်တိုင်တိုင် ပြုလုပ် ခဲ့ပြီးနောက် ရရှိလာသော ဆွေးနွေးချက်များကို အခြေခံကာ ရခိုင်ပြည်လုံးဆိုင်ရာ ဘုန်းတော်ကြီးသင် ပညာသင်ကျောင်း ဆရာတော်များ၏ ပထမ အကြိမ် တွေ့ဆုံ ဆွေးနွေးပွဲကို ကျင်းပခဲ့ခြင်းဖြစ်ကြောင်း ဆရာတော်က ပြောသည်။
ဆွေးနွေးပွဲမှ တစ်နှစ် တစ်ကြိမ် ပြာသိုလပြည့်နေ့တိုင်း ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေးအသင်း အစည်းအဝေးကို နှစ်စဉ်ကျင်းပရန်၊ မြို့နယ် ဘုန်ကြီး ကျောင်းများသို့ လမ်းညွှန်ပေးရန်၊ ၂၀၁၄ ခုနှစ် မောင်တော (၃)မိုင် ဘုန်းကြီး ကျောင်း၌ ဒုတိယအကြိမ် အစည်းအဝေးတွင် အသင်းရန်ပုံငွေ အတွက် ငွေပဒေသာပင် စိုက်ထူရန်၊ ပြည်နယ် ဘုန်းကြီးကျောင်းများ ဖွံ့ဖြိုး
မူရင်းပိုစ့် http://www.narinjara.com/burmese/?p=4204
No comments:
Post a Comment