Monday, 04 February 2013
ရခိုင်လူမျိုးတို့၏ ရှေးခေတ် အဆက်ဆက်အသုံးပြုခဲ့သော ဗြဟ္မိသုံး အက္ခရာကျောက်စာ ရေးနည်း၊ ဖတ်နည်း သင်တန်းပို့ချရာတွင် ရခိုင်လူငယ်များပိုစိတ်ဝင်စားလာ
ကျောက်စာ သင်တန်းပို့ချနေသည့် ဆရာဦးကျော်ဇံမောင်က
ဆိုသည်။
“သင်တန်းစဖွင့်တဲ့အခါ လူငယ်တွေ တစ်ရာကျော်တက်ရောက်ကြတယ်။ အဲဒီမှာ တက္ကသိုလ် ကျောင်းသား ကျောင်းသူတွေ လည်းပါတယ်။
ကျောင်းဆရာမတွေ ဝန်ထမ်းတွေ စိတ်ဝင်တစားတက်ရောက်ကြပါတယ်။ အထူးသဖြင့်ပေါ့နော် ရခိုင်စာကို ပိုမြတ်နိုးတဲ့သူတွေ ပိုတက်ရောက်ကြ
ပါတယ်’’။
အဆိုပါ သင်တန်းအား စစ်တွေမြို့ ဘောက်သီးစုရပ်ကွက် ရခိုင်ဒီမို
ကရေစီ အဖွဲ့ချုပ်ရုံးတွင် ၂၀၁၃ခုနှစ် ဇန်နဝါရီလ (၉) ရက်နေ့မှ စတင် သင်ကြားခြင်းဖြစ်ကာ ရခိုင်လူမျိုးတို့၏ ခေတ်အဆက်ဆက် အသုံးပြု
လာခဲ့ကြသော အက္ခရာစာပေများကိုလည်း ပို့ချသွားမည်ဟု ဦးကျော်ဇံမောင်က ဆိုသည်။
“ အခုအာနန္ဒာ စန္ဒြားကျောက်စာကိုသင်နေပါတယ်။ ဒါပြီးရင် ကျွန်တော်တို့
ရက္ခဝဏ ကျောက်စာ၊ လေးမြို့ခေတ်ကျောက်စာ တွေကိုလည်း သင်ပြ
မှာပါ။ ခေတ်အဆက်ဆက် က တကယ်တမ်းကို ကျောက်စာ အထောက်
အထားတွေနဲ့ ရှိခဲ့တဲ့ အဲဒီကျောက်စာတွေ ကိုလေ့လာနိုင်အောင် ရခိုင်ပြည်နယ်ရဲ့ ရခိုင်တို့ရဲ့ ကျောက်စာဟာ ဘယ်လောက်ကြီးကျယ်ခဲ့
တယ်ဆိုတာကို သူတို့သိမယ် ကမ္ဘာကလည်းသိမယ်။ ဒါကြောင့်ကျောက်စာ သင်တန်း ကိုဖွင့်လိုက်ရခြင်းဖြစ်ပါတယ်’’
သင်တန်းသားအများစုမှာ တက္ကသိုလ်ကျောင်းသား အများစုပါဝင်ရာ သင်တန်းသားစုစုပေါင်း တစ်ရာကျော်ရှိသည်။ ရခိုင်ကျောက်စာသင်ကြား
မှုကို အရင် သင်ကြားပို့ချခွင့်ပေးခွင့်မရှိ
“အရင်ကတော့ ရခိုင်စာသင်ရင် လူတွေက ကြောက်တယ်ပေါ့ မသင်ရဲကြ
ဘူး၊ ကိုယ့်ကိုယ်တစ်ခုခု လုပ်မှာအရမ်းစိုးရိမ်ကြတယ်၊ ဒီနောက်ပိုင်းတော့ လူငယ်တွေ ပိုစိတ်ဝင်စားလာတယ်’’ ဟု ဦးကျော်ဇံမောင် က ဖြည့်စွက်ပြော
သည်။
ယခုလိုရခိုင်တို့၏ ရှေ့ခေတ်အသုံးပြုခဲ့သော ကျောက်စာ အရေး
အသားကို ရခိုင်လူငယ်များတတ်သိရန်နှင့် ရခိုင်သမိုင်းကို သိ
လာစေရန် သင်ကြားပေးခြင်းဖြစ်သည်ဟု ဦးကျော်ဇံမောင်က
ဆိုသည်။
သင်တန်းသားတစ်ဦးက “ ဘာဘဲဖြစ်ဖြစ် အခုလို ရှေးကျခဲ့တဲ့ ရခိုင်ကျောက်စာ အက္ခရာကို သင်ကြားရတာဟာ ကျွန်တော်တို့ မျိုးဆက်လူငယ်တွေအတွက် များစွာအထောက်အကူပေးပါတယ်။ ရခိုင်သမိုင်းဆိုတာ အရင်က ဘယ်လိုရှိခဲ့တယ်။ စာပေ ဘယ်လိုထွန်းကား
ခဲ့တယ်ဆိုတာကိုလည်း သိလာရတယ်။ နောက်တစ်ခုက ရခိုင်စာပေ အဆင့်ဆင့် ပြောင်းလဲလာတာ ကိုလဲ လေ့လာရတယ် ဆိုတော့ ကျွန်တော်တို့အတွက် အဖိုးတန်ဆုံးသင်တန်းလို့ ပြောရမှာပါ’’ဟု သူ့အမြင်ကို ပြောသည်။
ဘီစီ ၃၃၂၅ ခုနှစ်လောက်က ပေါ်ပေါက်လာသည့် ရခိုင်ကျောက်စာ ကို ရခိုင်လူမျိုးတို့သည် ကျောက်စာ ပရပိုက်စာ နှင့် ရွှေဒဂါင်္း ၊ ငွေဒင်္ဂါး တို့တွင် ရိုက်နှိုက် အသုံးပြုခဲ့သည်။ ဓညဝတီ ဝေသာလီလေးမြို့ မြောက်ဦး
စသည့် ခေတ်လေးခေတ်တွင် ရခိုင်စာပေ ပိုထွန်းကားခဲ့သည်ဟု သမိုင်း
မှတ်တမ်းများအရသိရသည်။
Myit Makha Mediagroup
No comments:
Post a Comment