• thumb
  • thumb
  • thumb
  • thumb
  • thumb
  • thumb
  • thumb
  • thumb
  • thumb
  • thumb

Latest Post

Monday, 4 February 2013

ရဲများ နှင့် နောက်ဆုံးအချိန် တွေ့ခဲ့ရသူ စစ်တွေလူငယ်တစ်ဦး၏ အလောင်းကို နောက်တစ်နေ့မနက် လမ်းမပေါ်တွေ့ရ

 shared Coral Arakan News's photo.
ရဲများ နှင့် နောက်ဆုံးအချိန် တွေ့ခဲ့ရသူ စစ်တွေလူငယ်တစ်ဦး၏ အလောင်းကို နောက်တစ်နေ့မနက် လမ်းမပေါ်တွေ့ရ

By Thaung Krwe

စစ်တွေ ၊ ၀၄ ဖေဖော်ဝါရီ ၂၀၁၃ ၊ Coral Arakan News ၊ [ သတင်း ]

ယမန်နေ့ ဖေဖေ၀ါရီလ (၃) ရက် ည ဆယ့်တစ်နာရီခန့်အချိန်တွင် စစ်တွေမြို့ ရွာကြီးမြောက်ရပ်ကွက်တွင် ရဲများ လိုက်ဖမ်းသဖြင့် ထွက်ပြေးခဲ့သူ လူငယ်တစ်ဦးမှာ နောက်တစ်နေ့မနက်တွင် နောက်တစ်နေရာ၌ သေဆုံးနေသည်ကို တွေ့ရှိရသည်။ 

စစ်တွေမြို့ ကုန်တန်းရပ်ကွက်နေ အသက် (၁၉) နှစ် အရွယ် ကျော်ဇံသက် (ခေါ်) အာနိုးသည် သူငယ်ချင်း နှစ်ဦး နှင့်အတူ မိန်းကလေးအဆောင် တစ်ဆောင် အနီး၌ ဂစ်တာတီး သီချင်းဆိုနေကြစဉ် ည ဆယ့်တစ်နာရီခွဲခန့် တွင် ရဲများရောက်လာသဖြင့် ထွက်ပြေးကြရာ သူငယ်ချင်း နှစ်ဦး နှင့် ကျော်ဇံသက် တို့မှာ လမ်းကွဲသွားခဲ့ကြသည် ဟုဆိုသည်။ 

ည ဆယ်နာရီ ညမထွက်ရအမိန့်ထုတ်ထားသည့် စစ်တွေမြို့အခြေအနေအရ သူငယ်ချင်း နှစ်ဦးမှာ အနီးအနား အသိအိမ်တစ်အိမ်တွင် အိပ်လိုက်ကြပြီး မနက်မိုးလင်းကျမှ ကျော်ဇံသက်သေဆုံးသွားကြောင်း သိရသည် ဟု ဆိုသည်။

ယနေ့ မနက်ပိုင်း အလောင်းတွေ့ရာ နေရာနှင့် အနီးဆုံးအိမ်ကလည်း သည်နေ့ အာရုံမတက်မီ မနက် အစောကြီး တစ်နာရီ အထိ အလောင်းမှာ ယင်းနေရာတွင် ရှိမနေသေးကြောင်း၊ ထိုအချိန်နှင့် အလောင်းမတွေ့မီ အချိန်အကြား ဘာမှ ရုတ်ရုတ်သဲသဲ ဆူဆူညံညံ မကြားလိုက်မိကြောင်း ထွက်ဆိုကြသည် ဟု ဆိုသည်။

သေဆုံးသူ ကျော်ဇံသက်မှာ ထော်လာဂျီမောင်းသူ တစ်ဦးဖြစ်ပြီး ၄င်း၏ဖခင် ဦးလှမောင်သိန်း (ခေါ်) ၀မ်းဖားမှာ ပြီးခဲ့သော ၂၀၁၂-ခုနှစ် ဇွန်လ (၃) ရက်နေ့က စစ်တွေ အမှတ်(၁) ရဲစခန်းရှေ့တွင် ပစ်ခတ်မှုဖြစ်ပွားစဉ် နားတစ်ဖက်ကို ကျည်ဆံပွတ်ဖောက်သွားသဖြင့် စစ်တွေဆေးရုံကြီးတွင် ဆေးကုသမှု ခံယူပြီးနောက်ပိုင်းကျမှ၊ ထိုနေ့ ရဲစခန်းရှေ့ဆူပူမှုတွင် ပါဝင်သည် ဟု ဆိုကာ ဖမ်းဆီးတရားစွဲဆို အကျဉ်းချထားခြင်းခံနေရသည်။

သေဆုံးသူ ကျော်ဇံသက် ၏ မျက်နှာ ညာဘက်ခြမ်းတွင် အညိုအမဲ စွဲနေသည်ကို တွေ့ရပြီး၊ ပခုံးနှစ်ဘက်တွင် တုံးသော လက်နက်ဖြင့် ရိုက်နှုက်ခြင်းခံထားရသည့် အညိုအမဲစင်းတို့ကို တွေ့ရသည်။

( Coral Arakan News အတွက် သောင်းကြွယ် ရေးသားသည်။)

====================

ရှေးကျောက်စာသင်ယူမှုကို ရခိုင်လူငယ်များ စိတ်ဝင်စားလာ

ရှေးကျောက်စာသင်ယူမှုကို ရခိုင်လူငယ်များ စိတ်ဝင်စားလာ
Monday, 04 February 2013 

ရခိုင်လူမျိုးတို့၏ ရှေးခေတ် အဆက်ဆက်အသုံးပြုခဲ့သော ဗြဟ္မိသုံး အက္ခရာကျောက်စာ ရေးနည်း၊ ဖတ်နည်း သင်တန်းပို့ချရာတွင် ရခိုင်လူငယ်များပိုစိတ်ဝင်စားလာကြကြောင်း စစ်တွေမြို့တွင်
 ကျောက်စာ သင်တန်းပို့ချနေသည့် ဆရာဦးကျော်ဇံမောင်က 
ဆိုသည်။ 

“သင်တန်းစဖွင့်တဲ့အခါ လူငယ်တွေ တစ်ရာကျော်တက်ရောက်ကြတယ်။ အဲဒီမှာ  တက္ကသိုလ် ကျောင်းသား ကျောင်းသူတွေ လည်းပါတယ်။ 
 ကျောင်းဆရာမတွေ ဝန်ထမ်းတွေ စိတ်ဝင်တစားတက်ရောက်ကြပါတယ်။ အထူးသဖြင့်ပေါ့နော် ရခိုင်စာကို ပိုမြတ်နိုးတဲ့သူတွေ ပိုတက်ရောက်ကြ
ပါတယ်’’။ 

 အဆိုပါ သင်တန်းအား စစ်တွေမြို့  ဘောက်သီးစုရပ်ကွက် ရခိုင်ဒီမို
ကရေစီ အဖွဲ့ချုပ်ရုံးတွင် ၂၀၁၃ခုနှစ် ဇန်နဝါရီလ (၉) ရက်နေ့မှ စတင် သင်ကြားခြင်းဖြစ်ကာ  ရခိုင်လူမျိုးတို့၏ ခေတ်အဆက်ဆက် အသုံးပြု
လာခဲ့ကြသော အက္ခရာစာပေများကိုလည်း ပို့ချသွားမည်ဟု ဦးကျော်ဇံမောင်က ဆိုသည်။ 

“ အခုအာနန္ဒာ စန္ဒြားကျောက်စာကိုသင်နေပါတယ်။ ဒါပြီးရင် ကျွန်တော်တို့
ရက္ခဝဏ ကျောက်စာ၊ လေးမြို့ခေတ်ကျောက်စာ တွေကိုလည်း သင်ပြ
မှာပါ။  ခေတ်အဆက်ဆက် က တကယ်တမ်းကို ကျောက်စာ အထောက်
အထားတွေနဲ့ ရှိခဲ့တဲ့ အဲဒီကျောက်စာတွေ ကိုလေ့လာနိုင်အောင်  ရခိုင်ပြည်နယ်ရဲ့  ရခိုင်တို့ရဲ့ ကျောက်စာဟာ ဘယ်လောက်ကြီးကျယ်ခဲ့
တယ်ဆိုတာကို  သူတို့သိမယ် ကမ္ဘာကလည်းသိမယ်။ ဒါကြောင့်ကျောက်စာ သင်တန်း ကိုဖွင့်လိုက်ရခြင်းဖြစ်ပါတယ်’’ ဟု ဆရာဦးကျော်ဇံမောင်က စာသင်ရခြင်း အကြောင်းရင်းအား ရှင်းပြသည်။ 

သင်တန်းသားအများစုမှာ တက္ကသိုလ်ကျောင်းသား အများစုပါဝင်ရာ သင်တန်းသားစုစုပေါင်း တစ်ရာကျော်ရှိသည်။ ရခိုင်ကျောက်စာသင်ကြား
မှုကို အရင် သင်ကြားပို့ချခွင့်ပေးခွင့်မရှိခဲ့သလို သင်တန်းဆရာများလဲ မရှိခဲ့ချေ။ 

“အရင်ကတော့ ရခိုင်စာသင်ရင် လူတွေက ကြောက်တယ်ပေါ့ မသင်ရဲကြ
ဘူး၊ ကိုယ့်ကိုယ်တစ်ခုခု လုပ်မှာအရမ်းစိုးရိမ်ကြတယ်၊ ဒီနောက်ပိုင်းတော့ လူငယ်တွေ ပိုစိတ်ဝင်စားလာတယ်’’ ဟု ဦးကျော်ဇံမောင် က ဖြည့်စွက်ပြော
သည်။ 

ယခုလိုရခိုင်တို့၏ ရှေ့ခေတ်အသုံးပြုခဲ့သော ကျောက်စာ အရေး
အသားကို ရခိုင်လူငယ်များတတ်သိရန်နှင့် ရခိုင်သမိုင်းကို သိ
လာစေရန် သင်ကြားပေးခြင်းဖြစ်သည်ဟု ဦးကျော်ဇံမောင်က
ဆိုသည်။ 

သင်တန်းသားတစ်ဦးက “  ဘာဘဲဖြစ်ဖြစ် အခုလို ရှေးကျခဲ့တဲ့ ရခိုင်ကျောက်စာ အက္ခရာကို သင်ကြားရတာဟာ  ကျွန်တော်တို့ မျိုးဆက်လူငယ်တွေအတွက်   များစွာအထောက်အကူပေးပါတယ်။ ရခိုင်သမိုင်းဆိုတာ အရင်က ဘယ်လိုရှိခဲ့တယ်။ စာပေ ဘယ်လိုထွန်းကား
ခဲ့တယ်ဆိုတာကိုလည်း သိလာရတယ်။ နောက်တစ်ခုက ရခိုင်စာပေ အဆင့်ဆင့် ပြောင်းလဲလာတာ ကိုလဲ လေ့လာရတယ် ဆိုတော့ ကျွန်တော်တို့အတွက် အဖိုးတန်ဆုံးသင်တန်းလို့ ပြောရမှာပါ’’ဟု သူ့အမြင်ကို ပြောသည်။

ဘီစီ ၃၃၂၅ ခုနှစ်လောက်က ပေါ်ပေါက်လာသည့် ရခိုင်ကျောက်စာ ကို   ရခိုင်လူမျိုးတို့သည်   ကျောက်စာ ပရပိုက်စာ  နှင့်  ရွှေဒဂါင်္း ၊ ငွေဒင်္ဂါး  တို့တွင် ရိုက်နှိုက် အသုံးပြုခဲ့သည်။  ဓညဝတီ ဝေသာလီလေးမြို့ မြောက်ဦး
စသည့် ခေတ်လေးခေတ်တွင် ရခိုင်စာပေ ပိုထွန်းကားခဲ့သည်ဟု သမိုင်း
မှတ်တမ်းများအရသိရသည်။

Myit Makha Mediagroup

မြောက်ဦးတွင်ရှေးဟောင်းဘုရား(၂ )ဆူ အမှတ်မထင်တွေ့ ရှိ

 shared Share Arakan News's photo.
http://maruthura.blogspot.com

 မြောက်ဦးတွင်ရှေးဟောင်းဘုရား(၂)ဆူ အမှတ်မထင်တွေ့ ရှိ

(၂၀.၁.၂၀၁၃)နေ့ ခန့် လောက်က ရခိုင်ပြည်နယ် ၊ မြောက်ဦးမြို့ ၊ ကိုးသောင်းပုထိုးတော်ကြီးအနီးရှိ
 မောင်သာကုန်းရွာအနီးတွင် ရှေးဟောင်းဘုရား(၂)ဆူကို ကလေးငယ်တစ်ဦးကအမှတ်မထင်
တွေ့ ရှိခဲ့ကြောင်း သိရသည်။အသက်(၁၀)နှစ်ကျော်ရှိသေးသည့် ထိုကလေးငယ်သည် ငှက်ပစ်သွားရာမှ
ချုံပုတ်ထဲရှိ ဘုရား(၂)ဆူအား အမှတ်မထင်တွေ့ ရှိခဲ့ ကြောင်းသိရသည်။ထိုဘုရား(၂)ဆူလုံးလက်ထဲတွင် ပန်း(၁)ပွင့်စီပါရှိပြီး ပလ္လင်ပတ်လည်တွင် တိရစ္ဆာန်ပေါင်းစုံ၏ရုပ်ပုံများပါဝင်နေကြောင်း သိရသည်။
ထိုဘုရား၏သမိုင်းရာဇ၀င်အား တိတိကျကျမသိသေးသောကြောင့် .........
ယခုအခါထိုဘုရား(၂)ဆူ၏ဘွဲ့ အမည်နာမအား ပေါ်တော်မူဘုရားဟု ပေးအပ်ပူဇော်ထားပြီး ရွာသူ၊ရွာသားများနှင့် ဌာနဆိုင်ရာမှလူကြီးပူးပေါင်း၍ ပြုပြင်ပူဇော်နေကြောင်းလည်း သိရှိရပါသည်။
http://maruthura.blogspot.com/

မြောက်ဦးတွင်ရှေးဟောင်းဘုရား(၂
)ဆူ အမှတ်မထင်တွေ့ ရှိ

(၂၀.၁.၂၀၁၃)နေ့ ခန့် လောက်က ရခိုင်ပြည်နယ် ၊ မြောက်ဦးမြို့ ၊ ကိုးသောင်းပုထိုးတော်ကြီးအနီးရှိ
မောင်သာကုန်းရွာအနီးတွင် ရှေးဟောင်းဘုရား(၂)ဆူကို ကလေးငယ်တစ်ဦးကအမှတ်မထင်
တွေ့ ရှိခဲ့ကြောင်း သိရသည်။အသက်(၁၀)နှစ်ကျော်ရှိသေးသည့် ထိုကလေးငယ်သည် ငှက်ပစ်သွားရာမှ
ချုံပုတ်ထဲရှိ ဘုရား(၂)ဆူအား အမှတ်မထင်တွေ့ ရှိခဲ့ ကြောင်းသိရသည်။ထိုဘုရား(၂)ဆူလုံးလက်ထဲတွင် ပန်း(၁)ပွင့်စီပါရှိပြီး ပလ္လင်ပတ်လည်တွင် တိရစ္ဆာန်ပေါင်းစုံ၏ရုပ်ပုံများပါဝင်နေကြောင်း သိရသည်။
ထိုဘုရား၏သမိုင်းရာဇ၀င်အား တိတိကျကျမသိသေးသောကြောင့် .........
ယခုအခါထိုဘုရား(၂)ဆူ၏ဘွဲ့ အမည်နာမအား ပေါ်တော်မူဘုရားဟု ပေးအပ်ပူဇော်ထားပြီး ရွာသူ၊ရွာသားများနှင့် ဌာနဆိုင်ရာမှလူကြီးပူးပေါင်း၍ ပြုပြင်ပူဇော်နေကြောင်းလည်း သိရှိရပါသည်

ဧရာဝတီတိုင်းဒေသကြီး မှ သွီးချင်းများသို့ 

http://www.rakhayouth.blogspot.com/

ဧရာဝတီတိုင်းဒေသကြီး မှ သွီးချင်းများသို့ 

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်အမာမြို့နယ်ခွဲဘ၀သစ်ဒိုင်နယ်ရှိ ရက္ခအလင်းတန်း
မြို့ နယ်အဖွဲ့သို့ ရန်ကုန်ရက္ခအလင်းတန်း(ဗဟို) မှ ကျောင်းသားအချေတိအတွက် လို
အပ်ချက်များနှင့်ရပ်ရွာအတွင်း ဖြစ်ပျက်ချက်များကို သတင်းရယူနိုင်ရန်အတွက် ကွင်း
ဆင်းကူညီမှုများ ပြုလုပ်ခကတ်ပါရေ။
ဘ၀သစ်ဒိုင်နယ်ဟိ ဘ၀သစ် မူလတန်းကျောင်းဟိ ကျောင်းသူ/ကျောင်းသား အချေ
(၁၅၀) ကို လွန်ခရေ ဇန်န၀ါရီလ (၁၁)ရက်နိက ကိတ်မုန့်နန့် အဖျော်ရည်များတိုက်
ကျွေးပြီးအချေတိအတွက် စာသင်နှစ်အတွင်းလိုအပ်ချက်များကိုဆရာကြီးဦးဌေးလွင်
က ပြောပြပါရေ။
မနှစ်ကဆိုကေ ဒေကျောင်းမှာ ဆရာ၂-ယောက်ကိုငှားရမ်းပြီးကေ စာပြနိုင်ခပါရေစာ
ပြစရိတ်ကိုလေ့ ကျွန်တော်ရို့လစာထဲက ဖေ့ပနာ ငှားခကတ်စွာ ဖြစ်ပါရေ။ ဒေနှစ်ခါ
တော့မငှားနိုင်ခပါ ကျောင်းသား (၁၅၀)အတွက် ကျောင်းဆရာ ၂-ယောက်နန့်  က
တော့မြင်ရေ အတိုင်းတစ်ခုပိုင်လေ့ မဖြစ်နိုင်စွာပါရာ။
ဒိုင်နယ်အုပ်ချုပ်ရေးမှူးဦးကြာစိန်ကလေ့ ဒေပိုင်ရက္ခအလင်းတန်းက ကျွန်တော်ရို့ ရွာ
ကို အလေးပီးပြီးကေ လာရောက်စွာအတွက်ကျေးဇူးတင်ကြောင်းနန့် ကျောင်းအဖွင့်
မှာလေ့ အချေတိအတွက် ကျောင်းစာသင်ကြားဖို့အထောက်အကူပစ္စည်းတိကူညီပီး
ရေ အတွက်ကိုလေ့ရပ်ရွာသားအားလုံးက ရက္ခအလင်းတန်းကို အားကိုးမျှော်ကိုးနိန်
ကြောင်းပြောပါရေ။
ဘ၀သစ်ကျေးရွာက လူတိစွာလက်လုပ်လက်စားဘ၀နန့်အသက်မွီးပြီးကေကွမ်းစိုက်
တေအလုပ်ကိုရာ အားကိုးအားထားပြုနိန်ရရေအတွက် တရွာလုံးကငွေပိုငွေလျှံ မရှိ
ကတ်ပဲ ထမင်းစားရေးကိုရာ အလေးထားနိန်ကတ်ရရေအတွက် ပညာရေးပိုင်းဆိုင်
ရာ ဖက်ကို အားမပီးနိုင်ပဲဖြစ်နိန်ပါရေ။
ဒေဒေသမှာ နိန်ထိုင်ရေလူဦးရေထဲမှာ ၃-ပုံ ၂-ပုံ မှာ ရခိုင်လူမျိုးတိဖြစ်ကတ်ပြီးကေ
ကရင်နန့် ဗမာက ၁-ပုံရာဟိနိန်ရေအတွက် ရခိုင်အချေတိ နောက်အနာဂါတ်ပညာ
ရေးအတွက်နန့်  လူမျိုးပျောက်ကွယ်သွီးရောမလားဖို့  အတွက်ကိုရက္ခအလင်းတန်း
အပါအ၀င် ရခိုင်တမျိုးသားလုံးမှာတာဝန်ဟိပါရေ။
ကေသရိန္ဒရာမကျောင်းက ဆရာတော်ကြီးဦးကေသရိန္ဒမှာဒေအုပ်စုဟိရခိုင်တိကို
၁၉၆၂-ခုနှစ်ကတည်းကပင် အမျိုးဘာသာ ယိုင်ကျေးမှုစကားတိ ပျောက်ပျက်မ
လားရအောင်ထိမ်းသိမ်းလာရေအတွက် နောက်အနာဂါတ်အတွက် ရက္ခအလင်း
တန်းကို ယုံကြည်စွာ အပ်နှံကြောင်းကို မိန်းကြားပါရေ။

ရခိုင်သာခြင်း

သာခြင်းကို ရခိုင်ကဗျာဆရာများ အများဆုံး သီကုံးဖွဲ့ဆိုခဲ့ကြသည်။ ရခိုင်သာခြင်းသည် ရှေးဦးစွာ ကျေး လက် တောဒေသကို အခြေခံသော တေးသီချင်းတစ်ခုဖြစ်သည်။ သို့သော်လည်း နှောင်းကာလတွင် နန်းတော်သွင်း ကဗျာတစ်ခုအဖြစ် နယ်ကျယ်လာသည်။ မြောက်ဦးခေတ် မင်းဗာကြီး (ဂေါစာ ၈၉၃-၉၁၅) လက်ထက်တွင် ၀ိမလအမတ်ကြီးက သတ္တာနု ကော်ကာနု စသော အနုဇာတ်ဝတ္ထုများကို သာခြင်းဖြင့် ဖွဲ့ဆိုပြီး နားတော်သွင်း ခဲ့သည်။

အင်းဝ၌ အနောက်ဘက်လွန်မင်းတရားကြီးလက်ထက်တွင် ဂေါစာ(၉၂၇)ခုနှစ်လောက် ဇေယျရန္တမိတ်က ဥတေနသာခြင်း၊ ပဋာစာရီသာချင်း၊ စိဉ္ဇာမာန၀ိကာ သာချင်းတို့ကို ဆက်သွင်းခဲ့ကြောင်း တွေ့ရှိရသည်။ သို့ သော်လည်း သာချင်းနှင့် သာခြင်းကို ရောထွေးမသွားစေလိုပါ။ ဇေယျရန္တမိတ်သာချင်းမှာ ရခိုင် သာခြင်း များ နှင့် ကာရံအအုပ်အခံ အကွာအလှမ်းချင်း ခြားနားသည်။ အောက်တွင်ဖော်ပြထားသော ဇေယျရန္တမိတ် သာချင်းနှင့် ရခိုင်သာခြင်းတို့ကို နှိုင်းယှဉ်စေလိုပါသည်။

"ဤစာ သက္ကရာဇ်၊ ဘုန်းတော်သစ်၊ နှစ်နှစ်ဆယ်ကျော်၊ ရာကပေါ်လျက်၊ သက်တော်ရှည်မူ၊ ပန်ထွာပြု သည်။ အောင်ဆုဆင်မှ၊ မင်္ဂလာကြီး၊ ဟောစာကြိယာ၊ သြဘာကျူးဟိတ်၊ ဇမ္ဗူတိတ်တွင်၊ နိမိတ်အရှည်၊ နိုင်ငံ စည်သည်ဟု၊ နတ်ပြည်ကြွညောင်း၊ ဘေးတော်လောင်းတို့၊ ဗောင်းစလွယ်အပ်၊ စွဲရွှေယပ်နှင့်၊ ခ၀ပ်ကြည်ရွှင်၊ မင်း ယင်ပြင်မှာ၊ လျှောက်တင်ခြီရသည့်" (မင်းဇေယျရန္တမိတ် ရေးဥတေသန သာချင်းမှ)

"လှမ်းချီကြကေ၊ ရာဇာရာဇာ၊ မိတ္ထီလာတွင်၊ ရတနာတံဆိပ်၊ ညီးလူလူနှင့်၊ ထီးဖြူရိပ်မှာ၊ ကိုးကျိပ်ကိုးပါး၊ အ ပြည် ပြည်က၊ ရောက်သည်များမှာ၊ တပါးတွက်တာ၊ မစွေပါ၊ ပင်လယ်ပတ်ဝန်း၊ သီဟဠဆို၊ စိမ်းမြညိုကေ၊ သိန်းဃိုဠ် ကျွန်းကို၊ စံမြန်းစိုးခြင်း၊ လွန်ကြီးကျယ်ကေ၊ ခေါင်းဆယ်လုံးဟု၊ ဘီလူးမင်းက၊ သတင်းစကား၊ ပွဲကြီး လည်းခံ၊ လေးတင်ရန်ကို၊ သန်သန်းကြားကို၊ ရထားပေါ်တက်၊ ဘယက်တန်းဆာ၊ ဒွါဒရာကို၊ ဆက် ကာတက်လို့၊ ဇနကသည်းအူ၊ သီဒါဖြူကို၊ ငါယူတော့မည်၊ ငါထက်သည်သာ၊ ရာဇာထိလျှင်၊ မချိချေဟု၊ ကြီးကျယ်တန် ခိုး၊ အား ကိုကိုးလို့၊ ထက်မိုးကသာ၊ ယာဉ်ရထားနှင့် သွားပါလေ၊ မိတ္ထီလာပြည်၊ ရောက် တုံလေသော်၊ စာသူ ငယ်ကြား၊ ဠင်းဒနားသို့၊ မင်းများအလယ်၊ ပြည်သိန်းဃိုဠ်လေ၊ ထိုဘီလူးမှာ၊ ရွှင်မြူးနေသော်၊ ဗိုလ်ခြေတစ် ထောင်၊ လေး စွန်ဒေင်ကို၊ ဦးဆောင်ကိုင်မ၊ မိတ္ထီလာမြို့သူများ ဗိုလ်လူတို့၊ လူလာကျရေ" (တန်ခိုးဆရာထွန်း ရေး ရာမ သာခြင်းမှ-)

ဤအထက်ပါ ဇေယျရန္တမိတ်၏ ဥတေနသာချင်းနှင့် တန်းခိုးဆရာထွန်း၏ ရာမသာခြင်းကို နှိုင်းယှဉ်ကြည့်က ဗမာသာချင်းနှင့် ရခိုင်သာခြင်းတွင် ခြားနားကြောင်း သိသာနိုင်ပါသည်။

ရခိုင်သာခြင်းများကို အစပထမ၌ သီဆိုရုံသက်သက်မျှ လည်းကောင်း၊ ထို့နောက် သီဆိုမှုနှင့် တူရိယာရော လည်းကောင်း၊ ထို့နောက် သီဆို တီးမှုတ်မှုနှင့် ကကွက် ကဟန်ကိုပါရေ လည်းကောင်း ဖန်တီးလာခဲ့ဟန် ရှိ သည်။ ပင်းခူးသာခြင်းမှာ ကကွက် ကဟန်နှင့် ယှဉ်တွဲ သီဆိုသော သာခြင်းတစ်မျိုးပင်ဖြစ်သည်။

သာခြင်းများကို အကြောင်းအရာအလိုက် အတိုအရှည်အလိုက် အမျိုးမျိုး ဖွဲ့ဆိုကြသည်။ တိုက်သာခြင်း၊ ဇမ်း သာခြင်း၊ သာစွလေ၊ ဟန်စွလေ၊ ပိုဒ်စုံသာခြင်း စသည်တို့ကို ခပ်တိုတို စပ်ဆိုကြ၊ ဇာတ်ဝတ္ထုဖွဲ့သာခြင်းများကို ရှည်လျားစွာ စပ်ဆိုကြသည်။

ရခိုင်စာဆိုများသည် ၀တ္ထုဇာတ်လမ်းများကို သာခြင်းဖြင့် ခေတ်အဆက်ဆက် ဖွဲ့ဆိုခဲ့ကြသည်။ မြောက် ဦးခေတ် တွင် အမတ်ကြီးဝိမလ၊ စာဖတ်သက် ဦးဒိုးဝေ၊ လောကမာန်အောင် ဆရာတော် စသည်တို့ သာခြင်း များကို ဖွဲ့ဆိုရေးသားခဲ့ကြသည်။ ဗြိတိသျှခေတ်တွင် ဆရာမောင်သာအောင်၊ မောင်ယောက်ကေ၊ ဆရာထွန်း လှ၊ တန်ခုးဆရာထွန်း၊ ဆရာဦးအောင်ထွန်း၊ သာချမ်းဦးဘ စသည်တို့ သာခြင်းများကို ဖွဲ့ဆိုရေးသားခဲ့ ကြ သည်။

ရခိုင်တောကျေးလက်များတွင် ဆန်ဖွတ်၊ မောင်းနင်း၊ ငါးရှာ၊ ဟင်းခူးပါမကျန် သာခြင်းသံ တညံညံဖြင့် ရခိုင် သူ ရခိုင်သားများ သီဆိုကြသည်။

"မေရို့မှာလေ၊ ပျော်ပါကတ်မေ၊ လုံပျိုမေလေ၊ အရွယ်ချင်းချင်း၊ ရွဲ့သာခြင်းနှင့်၊ လမင်းစန္ဒာ၊ လောင်းရိပ်သာ တွင်၊ ပျော်ရာတစ်ကြောင်၊ မေရို့မှာလေ၊ ဖော်အပေါင်းနှင့်၊ ဆန်မောင်းနင်းရေ။"

နွားကျောင်း၊ ကျွဲကျောင်း၊ ဖောင်စီး၊ တလင်းနယ် စသော လုပ်ခင်း ကိုင်ရာများ တို့၌လည်း ရွဲ့သာခြင်းများကို သီဆိုလေ့ရှိကြသည်။

"ဇာတ်ရွဲ့ကေညံ၊ ပျော်ပါးသံကို၊ ကြားပြန်လတ်ကေ၊ မောင်လူပျိုမှာ၊ သည်းခြီစိမ့်ကေ၊ ငြိမ့်ရေလေ။"

သာခြင်းဆိုခြင်း၊ သာခြင်းတတ်ခြင်းသည် ဂုဏ်ရှိသည်။ သာခြင်းကို ပွဲကြီးလမ်းကြီးလုပ် သီဆိုခဲ့ကြသည်။ သာ ခြင်းတတ်တို့ကလည်း သာခြင်းသီဆိုမှုဖြင့် အသက်မွေးမှု ပြုနိုင်ခဲ့ကြသည်။ တစ်ပြည်လုံးကို လှည့်လည်ကာ သာခြင်းဆိုခြင်းဖြင့် အသက်မွေးသူများရှိခဲ့ကြသည်။

"အသက်မွေးရန်၊ ဥာဏ်ဖြင့်ကြီကေ၊ အသံနှင့်ရင်၊ အများတကာ၊ နားသောတမှာ၊ နာပျော်ညှင်းအောင်၊ သာ ခြင်းကိုသင်၊ ဆရာသျှင်မှာ၊ စုံလင်ပြည့်ဝ၊ ဆင်ပြလေပြန်၊ စမကျန်ကေ၊ အတန်ရက၊ ဓနကြေးငွေ၊ ရချင်ပေ။ ပြည်ကိုလှည့်ပတ်၊ ညှိုးမသုန်ကေ၊ ဂုဏ်သတင်းနှင့်၊ သာခြင်းတတ်ဟု၊ ရပ်အဖြာဖြာ၊ အရွာရွာမှာ၊ ပျော်ပါတုံ လျ့က်"

ယောက်ျားသာခြင်းတတ်များ သာမက အမျိုးသမီး သာခြင်းတတ်များလည်း ပေါ်ပေါက်ထွန်းကား ခဲ့သေး သည်။ အမျိုးသမီးများသည် ယောက်ျားများနှင့် တန်းတူပင် ပရိသတ်အလယ်တွင် ယှဉ်ပြိုင် သီဆိုလျက် သာ ခြင်း အတတ်ဖြင့် အသက်မွေးခဲ့ကြသည်။

"အသက်မွေးရန်လေ၊ ဥာဏ်နှင့်ရင်းလို့၊ သာခြင်းကိုသင်၊ ပြည်ခွင်လှည့်ပတ်၊ သူမြတ်တို့ထံ၊ အသုံးခံကေ၊ အကျွန်မေမှာ၊ အတန်ကြာလို့"

သာသာယာယာ ငြိမ့်ငြိမ့် ငြောင်းငြောင်းနှင့် နားထောင်ကောင်းသော တေးသီချင်းတစ်မျိုး ဖြစ်ခြင်းကြောင့် သာခြင်းဟုခေါ်သည်ဟု ယူဆရသည်။ သာခြင်းသည် ရခိုင်ပြည်နယ်တွင် ရှေးပဝေဏီအခါကပင်ရှိသော သာ ခြင်းစပ်နည်းများဖြင့် စပ်ဆိုထားသည်ကိုလည်း တွေ့ရှိရသဖြင့် သာခြင်းမှာ ရှေးကျသော သီချင်း တစ်ခု ဖြစ်ကြောင်း ထင်ရှားလှသည်။ ရခိုင်ပြည်နယ်တွင် ယခုတိုင်အောင်ပင် သာခြင်းများကို ဖွဲ့နွဲ့စပ်ဆိုလေ့ ရွတ် ဖတ်သီဆိုလေ့ ရှိသေးကြောင်း တွေ့ရှိရသည်။

ဗမာသာချင်းကို ခကွေးယပင့်နှင့် ရေးကြသော်လည်း ရခိုင်သာခြင်းကိုမူ ရခိုင်အသံထွက်အရ ခကွေးရရစ်နှင့် ရေးကြသည်ကို သတိပြုစေလိုပါသည်။

အရှင်စက္ကိန္ဒ (ရခိုင်ယဉ်ကျေးမှုများ အမှတ်(၉)မှ-)

အာရကန်ဂျင်ဆင်မှ

ရခိုင်လူမျိုးများ၏ ပြိုင်လောင်းပြိုင်ပွဲ(လှေပြိုင်ပွဲ)

ရခိုင်လူမျိုးများ၏ ပြိုင်လောင်းပြိုင်ပွဲ(လှေပြိုင်ပွဲ) ကျင်းပရခြင်းမှာ ရှေးရခိုင်ဘုရင် များလက်ထက်က ကာကွယ်ရေးအတွက် ရေတပ်သားကောင်းများပေါ်ထွက်လာရေးကို ရည်ရွယ်လေ့ကျင့် ရွေးချယ်သော ပြိုင်ပွဲတစ်ရပ် ဖြစ်သည်။ ယင်းမှအစပြုလျက် ရိုးရာပွဲတော်တစ်ခုဖြစ်လာခဲ့ပြီးစုပေါင်းဆောင်ရွ က်ရသည့် ကျန်းမာရေးဆိုင်ရာ အားကစားပျော်ပွဲရွှင်ပွဲတစ်ရပ်လည်း ဖြစ်လာသည်။ ပြိုင်လောင်းပြိုင်ပွဲကိုတန်ကူး (တန်ခူး)နှင့် ကဆုန်လများတွင် ကျင်းပလေ့ရှိသည်။ ပြိုင်ပွဲကျင်းပရာ ချောင်းရိုးတစ်လျှောက်တွင် မဏ္ဍပ် များ ဆောက်လုပ်ကာ ပွဲကြည့်ပရိသတ်များက အတီးအမှုတ်အကအခုန်များဖြင် အားပေးလေ့ရှိသည်။
ပြိုင်လောင်းပြိုင်ပွဲကိုဒီရေတက်သောရက်များကို ရွေးချယ်ကျင်းပရသည်။ ရပ်ရွာအလိုက် ပြိုင်ပွဲဝင်ရန် ဖိတ်ခေါ်ကြရပြီး စားသောက်နေထိုင်ရေးကို ရွာခံရွာသားများက တာဝန်ယူရသည်။ ပြိုင်ပွဲမစတင်မီတွင် ပြိုင်ပွဲဝင်မည့်ပြိုင်လောင်းအသင်းများက ဟန်ရေးပြကြရသည်။ ယင်းကို "ပြိုင်လောင်း စိုင်းသည်" ဟုခေါ်သည်။ လှေပြိုင်ရာတွင် ပြိုင်လှေ၏ အရွယ်အစားကိုလိုက်၍၁၂-လံတန်း၊၁၀-လံတန်း၊၈-လံတန်း၊၆-လံတန်း စသည်ဖြင့် အဆင့်ဆင့်သတ်မှတ်ထားသည်။ ပြိုင်လောင်း၏ အရွယ်အစားအလိုက်သာ ယှဉ်ပြိုင်ရပြီးအရှည်ပို၍ လည်းကောင်း၊ လျော့၍လည်းကောင်းယှဉ်ပြိုင်ခွင့် မရှိချေ။
ပြိုင်လောင်းတွင်လောင်းဦးကိုမီးကျောင်းရုပ်၊ မြွေရုပ်၊ဆင်ရုပ်၊နဂါးရုပ်၊ကိန္နရာရုပ်၊နယားရုပ်၊ ဟင်္သာ ရုပ်၊ခြူးပန်းစသည်တို့ဖြင့် ပန်းထုလုပ်ကာ ဆေးရေးမွမ်းမံထားတတ်ကြသည်။ ပဲ့ပိုင်းတွင်"မာဒင်ခုံ"ခေါ် တက်မခုံကိုကျားရုပ်၊ငှက်ရုပ်၊ကြာပန်းတို့ဖြင် မွမ်းမံထားသည်။ လောင်းလှေဝမ်းပိုင်းတွင် လှေလှော်သား များထိုင်ရန် "ပင်းကန်"တို့ကိ တပ်ဆင်ထားသည်။ လှေလှော်သားများမှာ အ၀တ်ဆင်တူ၊ရင်စီးစလွယ်သိုင်း၊ရင်သိုင်း၊ ခေါင်းပေါင်းစွန်တောင်များကို ၀တ်ဆင်ကြလေ့ရှိသည်။ တာထွက်ပန်းဝင်ကို ဒိုင်လူကြီး များကကြီးကြပ်ဆောင်ရွ က်ပေးရသည်။ ပန်းခူးအ၀င်တွင်လည်း အနိုင်အရှုံးကို ကြိုးတန်း ထားပြီး "စက်ပန်းဖြတ်ဆွဲနည်း"ဖြင့် ဆုံးဖြတ်လေ့ရှိသ ည်။ စက်ပန်းဖြတ်ဆွဲနည်းမှာ လောင်းဦးတွင် ဓါးကိုစိုက်ထားပြီးစက်တိုင်တွင် အလံနှစ်ခုကို ဖြတ်စေသည်။ ဦးစွာဖြတ်သော လောင်းလှေဘက်မှကြိုးပြတ်သွား၍ စက်အကူ အညီဖြင့်တစ်ဘက်အလံကိုလှဲပစ်သည်။
နိုင်သောအလံမှာ လဲခြင်းမရှိချေ။ အနိုင်အရှုံးကို ဆုံးဖြတ်ခြင်းဖြစ်သည်။

ပြိုင်ပွဲကို သုံးရက်ခန့် ကျင်းပလေ့ရှိသည်။ နောက်ဆုံးနေ့တွင်အနိုင်ရရှိသော လောင်းလှေကိုရွှေမောင်း၊ငွေမောင်း၊ အောင်ဆုအောင်လံတို့ကိုပထမဆု၊ ဒုတိယဆု၊ တတိယဆု၊အထူးဆုစသည်ဖြင့်ချီးမြှင့်သည်။ အနိုင်ရသော လောင်းလှေက ချောင်းရိုးတလျောက် လက်တန်းသံချပ်ထိုးကာ အောင်ပွဲခံသည်။ ပြိုင်ဘက်လောင်းလှေကို သရော်စောင်းမြော င်း၍လည်းကောင်း၊မိမိလှေကိုအမွမ်းတင်၍ လည်းကောင်း၊အမျိုးသမီးပရိသတ်များကို စောင်းမြောင်း၍လည်းကောင်း၊အာဝိဇ္ဖမ်းရွှင်ရွှင် ကဗျာဥာဏ်ရှိ သလောက် လောင်းလှေထက်တွင်ကခုန်ကာ လက်ဟန်ကိုယ်ဟန်ပြုလျက် သံချပ်ထိုးကြသည် ။

မက္ကလာကို ဂေါင်းမှာဆောင်းလို့ ကမ်းထောင့်ထက်က အရီးလေ သမက်လောင်းချေနိုင်စီကြောင်းကို ဆုမွန်တောင်းဘို့ကောင်းပါရေ

အနိုင်ရထားသော လောင်းလှေဦးစီးသည် ဆုရရှိသော ရွှေမောင်းကိုလည်တွင်ဆွဲလျက် လောင်းလှော်သား များကအောင်လံများကို ကိုင်ဆောင်ကာ ချောင်းရိုးတစ်လျောက် အစုန်အဆန်လှော်ခတ် ဟန်ရေးပြပြီး ပရိသတ်များကိုနှုတ်ဆက်လေ့ရှိကြလေသည်။   
            အာရကန်ဂျင်ဆင်ဖေ့ဘုတ်စာမျက်နှာမှ

Sunday, 3 February 2013

“အမင့်ပျိုးခင်းကျောင်း”

ဆရာကြီး ဦးမောင်ဗသိန်း နာယက အဖြစ် ပါဝင် ရေးသားပြုစုထားတဲ့ ရခိုင်သင်ပုန်းကြီး ဖတ်စာကို စစ်တွေမြို့ “အမင့် ပျိုးခင်း” ကျောင်းမှာ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း ကျောင်းသုံး သင်္ခန်းစာတွေနဲ့ ပူးတွဲပြီး ကလေးတွေကို အခမဲ့ သင်ကြားပေးနေပါတယ်။ ဦးစီး သင်ကြား ပေးနေတဲ့ ဆရာမ နှင်းနုခိုင်ကို   ကျောင်းသား၊ ကျောင်းသူ ဘယ်နှစ်ဦးကို စတင် သင်ပေးနေပါသလဲလို့  မေးကြည့်တဲ့အခါ ဆရာမ နှင်းနုခိုင်က အခုလို စပြောပါတယ်။
01
အခု ကျမသင်ကြားပေးနေတဲ့ကျောင်းမှာ ကျောင်းသားကျောင်းသူ အားလုံး ၃၃ ယောက်ရှိပါတယ်။
မေး။ ဘာကြောင့် ရခိုင်သင်ပုန်းကြီးဖတ်စာကို တွဲပြီးသင်ပေးနေတာပါလည်း။
ရခိုင်သင်ပုန်ကြီးဖတ်စာကို တွဲပြီသင်ရတဲ့ ရည်ရွယ်ချက်က ကျမတို့ မိခင်ဘာသာစကားနဲ့သင်မှ က လေးတွေ တတ်မြောက်ဖို့ လွယ်တယ်လို့ ယူဆတယ်။ ကျမတို့က ကလေးတွေ ဘာကြောင့် သင်ယူတတ်မြောက်မှု နှေးကွေး ရသလဲလို့ လေ့လာကြည့်တဲ့အခါ မိခင်ဘာသာစကား မဟုတ်လို့ ဆိုတဲ့ အချက်ကိုတွေ့ရပါတယ်။  ကလေးတွေကို ငယ်ငယ်လေးကတည်းက မိခင် ဘာသာစကားနဲ့ သင်ရင် စာတတ်မြောက်လွယ်တယ်လို့ ကျမတို့ သိထားတဲ့ အတွက် တွဲပြီးသင်တာပါ။
မေး။ အခုလက်ရှိ “အမင့်ပျိုးခင်းကျောင်း” တကျောင်းတည်းမှာ ဒီ ရခိုင်သင်ပုန်းကြီးဖတ်စာကို သင်နေ တယ်လို့သိရပါတယ်။ တခြား ကျောင်းတွေမှာကော သင်ကြားဖို့အတွက် ဆရာမတို့ အစီစဉ်ရှိပါလား။
အဲဒီလို အစီအစဉ်တွေတော့ ဆွဲထားတာရှိပါတယ်။ ဒါပေမဲ့ ကျမတို့က ဒီဇင်ဘာလကမှ စပြီးလုပ် တာဖြစ်တဲ့အတွက် အဲဒါကို အကောင်အထည်ဖော်ဖို့ နည်းနည်းအခက်အခဲရှိနေပါတယ်။ သင်ချင်တဲ့ နေရာတွေက အများကြီးပါ။ ဒါပေမဲ့ ကျမတို့မှာ အကောင်အထည်ဖော်ဖို့ လူအင်အားကနည်းတယ်။ လူအင်အား ငွေအင်အားလိုက်နိုင်ရင် ဒီရခိုင်သင်ပုန်းကြီး ဖတ်စာကို ဆရာ သင်တန်းပေးပြီး အားလုံး တညီတည်ဖြစ်အောင်လုပ်ပြီး တခြားနေရာတွေမှာလည်း သင်ပေးဖို့ အစီအစဉ်ရှိပါတယ်။
မေး။ ကလေးတွေကို ဒီရခိုင်သင်ပုန်ကြီးဖတ်စာ သင်ပေးတဲ့အတွက် ကလေးမိဘတွေရဲ့ ဆန္ဒတွေကို ဆရာမတို့ ဘယ်လို ကြားရပါလည်း။
မိဘတွေရဲ့ဆန္ဒဆိုရင် လက်ရှိအခြေအနေမှာ ကျမတို့က နေရာအခက်အခဲ ကုန်ကျစရိတ်အခက်အခဲ တွေကြောင့် ကလေး တွေကိုအကန့်အသတ်နဲ့လက်ခံထားပါတယ်။ ကျမတို့ဘက်က ဒီထက်ပိုလုပ်နိုင် မယ်ဆိုရင် ကလေးတွေရဲ့မိဘတွေက အများကြီသင်လိုကြပါတယ်။ ဒါက ကျမတို့ ရပ်ကွက်လေး တခုတည်းမှာပါ။ စစ်တွေ တစ်မြို့လုံး အတိုင်းအတာတောင် မဟုတ်သေးဘူး။ မိဘတွေဘက်ကလည်း လိုလိုလားလားရှိပါတယ်။ ကျမတို့ အခုသင်နေတာက မူလတန်းအဆင့် ၁ တန်း၊ ၂ တန်း၊ ၃ တန်းတွေကို သင်ပေးတာဆိုတော့ တချို့ကလည်း ဗမာဘာသာနဲ့ ရောသွားမှာ လားဆိုပြီး စိုးရိမ် ကြပါတယ်။ ကျမတို့တော့ သိပ်ငယ်ရွယ်တဲ့ အချိန်မှာ စပြီးသင်လိုက်တာ ဖြစ်တဲ့အတွက် မရောဘူးလို့ ယုံကြည်ပါတယ်။ အခုလက်ရှိမှာတော့ ကျောင်းသင်ရိုးကိုလည်း လေ့ကျင့်ပါတယ်။ တဘက်မှာလည်း ရခိုင်သင်ပုန်းကြီးကိုလည်း လေ့ကျင့် ပါတယ်။
မေး။ ကလေးတွေကို ရခိုင်သင်ပုန်ကြီးဖတ်စာကို အရင်ကလည်း ထိတွေ့မှုမရှိသေးဆိုတော့ အခု ဆရာမတို့ ပထမဆုံးအနေနဲ့ ကလေးတွေကို စပြီးသင်ပေးတဲ့အခါ အခက်အခဲရှိပါလား။
02
အခက်အခဲတော့မရှိပါ။ ဘာကြောင့်လည်းဆိုရင် အခုသင်နေတဲ့ကလေးတွေက ငယ်ငယ်လေးတွေပါ။ သူတို့က စာကို စပြီးသင်ရတဲ့ အရွယ်ဖြစ်တဲ့ အတွက် ကျမတို့က ကဗျာရွတ်ဆိုတဲ့ ပုံစံမျိုးနဲ့ သင်ပေးတဲ့ အတွက် ကလေးတွေအတွက် အခက်အခဲမရှိပါ။ တိုးတက်မှုရှိပါတယ်။
မေး။ အခုလို ရခိုင်သင်ပုန်ကြီး ဖတ်စာကို ဆရာမတို့ အပြင်မှာ သင်ပေးနေတဲ့ အပေါ်မှာ ပညာရေး ၀န်ကြီး ဌာန အပါအ၀င် အစိုးရအာဏာပိုင်တွေဘက်က တစ်စုံတရာ လာရောက် ဟန့်တား စစ်ဆေးတာတွေရှိပါလား။
မရှိပါ။ အခုလက်ရှိမှာ ကျမတို့က စနေ၊ တနင်္ဂနွေ နှစ်ရက်သာ သင်ပါတယ်။ အမင့်ပျိုးခင်းကျောင်းမှာ ကျမတို့ ရခိုင်သင်ပုန်ကြီးဖတ်စာကို အစပျိုးပြီးသင်နေပါတယ်။ ဒါနဲ့ပတ်သတ်လို့ ဌာနဆိုင်ရာ တစ်ခုကလည်း ဟန့်တားစစ်ဆေးတာမရှိပါ။ ပြီးတော့ ကျမတို့ကျောင်း ဖွဲ့စည်းရာမှာလည်း ပညာရေးဌာနက အရာ ရှိတွေ၊ မြို့နယ်ပညာရေးမှု၊ ပြည်နယ်ပညာရေးမှူး အငြိမ်းစားတွေပါဝင်ပြီး စနစ်တကျ ဖွဲ့စည်းထားတဲ့ အတွက် ကလေးပညာရေးနဲ့ပတ်သတ်လို့လည်း အကြံကောင်းတွေ ရပါတယ်။ လမ်း ညွန်ချက်တွေ အများကြီးရပါတယ်။ အားလုံးက ၀ိုင်းဝန်းပြီး အားပေးတဲ့ အနေအထားရှိပါတယ်။
မေး။ ရခိုင်သင်ပုန်းကြီး ဖတ်စာကို ရခိုင်ပြည်နယ်တခုလုံး အတိုင်းအတာနဲ့ ကျယ်ကျယ်ပြန့်ပြန့် သင်နိုင်ဖို့ ဘာတွေလိုအပ်နေ တယ်လို့ ဆရာမ ထင်ပါလည်း။
03
ရခိုင်သင်ပုန်ကြီးဖတ်စာကို ရခိုင်တပြည်လုံး အတိုင်းအတာနဲ့ သင်နိုင်ဖို့အတွက်ဘာလိုလည်းဆိုရင် ပုံနှိပ်စာအုပ် လိုပါတယ်။ အခု ကျမတို့မှာ အဖြူ အမဲ ပုံနှိပ်စာအုပ်နဲ့ သင်နေတာပါ။ Four colar ပုံနှိပ် စာအုပ်ရိုက်ဖို့အတွက် ကျမတို့ စီစဉ်နေပါတယ်။ နောက်တခုက ရခိုင် တပြည်နယ်လုံး အတိုင်းအတာ နဲ့ ကျမတို့ ဆရာသင်တန်းလုပ်ဖို့ အစီအစဉ် ရှိပါတယ်။ အဲဒါကို လုပ်ဖို့အတွက် ကူညီပေးဖို့ ငွေကြေး အင်အား လိုပါတယ်။ လက်ရှိအနေအထားမှာ ရခိုင်ပြည်နယ် တစ်ခုလုံးမှာ ဒီလိုကျောင်းငယ် လေးတွေ အများကြီးရှိပါတယ်။ အဲဒီကျောင်းတွေက ဆရာတွေကို စုစည်းပြီး ကျမတို့ သင်တန်းတစ်ခု လုပ်ဖို့ စီစဉ်ထားတာရှိပါတယ်။ အဲဒါအတွက်  အဓိကလိုအပ်နေတာက သင်တန်းစရိတ် တစ်ခု လိုနေပါတယ်။
မေး။ ရခိုင်သင်ပုန်းကြီးဖတ်စာကို ရခိုင်ပြည်နယ်တစ်ခုလုံးမှာ ကလေးတွေကို သင်ပေးနိုင်ရင် ဘယ်လို အကျိုးရှိမယ်လို့ ထင်ပါလည်း။
ဒါက ကျမတို့မှာ ရခိုင်ဆိုပြီး အမျိုးသားရေး လက္ခဏာတရပ်အနေနဲ့ ရပ်တည်မယ်ဆိုလို့ရှိရင် ကျမတို့မှာ ကိုယ်ပိုင်စကား၊ စကားကတော့ ကျမတို့မှာရှိနေသေးတယ်။ စာပေလည်း ခိုင်ခိုင်မာမာရှိခဲ့ပါတယ်ဆိုတာကို ကျမတို့က ရည်ရှည်အတွက် ခိုင်ခိုင်မာမာ သက်သေထူနိုင် ဖို့လိုပါတယ်။ စကားရှိသေးတဲ့အတွက် လူမျိုးရှိနေတဲ့အနေအထားဘဲ ရှိနေတာကို ရခိုင်က၊ ကျမတို့ ရခိုင်လူမျိုးဟာ စာရှိတဲ့လူမျိုး၊ ယဉ်ကျေးမှုရှိတဲ့လူမျိုးအဖြစ် အရှည်တည်တန်းဖို့အတွက်ဆိုရင် ဒီလုပ်ငန်းဟာ အထောက်အကူတရပ်ဖြစ်လိမ့်မယ်လို့ ကျမတို့ယုံကြည်ပါတယ်။
(အမင့်ပျိုးခင်းကို မြန်မာလို ပြန်ရင် အမေ့ပျိုးခင်းလို့ အဓိပ္ပါယ်ရပါတယ်။)
                                                                         http://www.narinjara.com/burmese/?p=4243 မှ ကူးလာပါသည်

Saturday, 2 February 2013

The Hot News ဆောင်းပါး ရခိုင် အမျိုးသမီးထုကို ထိခိုက် ဟုဆို

The Hot News ဆောင်းပါး ရခိုင် အမျိုးသမီးထုကို ထိခိုက် ဟုဆို
------------------------------
----------------------------------
* Source - The Voice

(Photo - Hot News ဂျာနယ်ပါ ဆောင်းပါး၏ ဖော်ပြချက် များနှင့် ပတ်သက်ပြီး ဖေဖော်ဝါရီ ၂ရက်နေ့က ပြုလုပ်ခဲ့သည့် ရခိုင် အမျိုးသမီး အသင်း၏ စာနယ်ဇင်း ရှင်းလင်းပွဲ)

ဇန်နဝါရီလ ၂၄ ရက်နေ့ထုတ် The Hot News ဂျာနယ် တွင် ဖော်ပြခဲ့သည့် ဆောင်းပါးရှင် ပစ်တိုင်းထောင် ရေးသားသော “အမျိုးဂုဏ်ကို စောင့်ထိန်းပါ” အမည်ရ ဆောင်းပါးသည် ရခိုင် အမျိုးသမီးထု ၏ ဂုဏ်သိက္ခာကို ထိခိုက် နစ်နာစေသည် ဟု ရခိုင် အမျိုးသမီး အသင်း ဥက္ကဋ္ဌ ဒေါ် စောခင်တင့် က ပြောကြားသည်။

အဆိုပါ ဆောင်းပါးတွင် စာရေးသူ ရခိုင်ပြည်နယ်တွင် ဗိုလ်ကြီး ဘဝဖြင့် တာဝန် ထမ်းဆောင်စဉ်က ရခိုင်ပြည်နယ် တွင် ရခိုင် ကွန်မြူနစ် သောင်းကျန်းသူ များသည် အစိုးရကို ပုန်ကန် တိုက်ခိုက် နေသော် လည်း ရခိုင်မလေး များကို ခေါ်တော ကုလားများ၏ ဘေးအန္တရာယ် မှ မကာကွယ် နိုင်ခြင်းမှာ ရယ်စရာ ဖြစ်ကြောင်း၊ ရခိုင်သမလေး အများ အပြားမှာ ခေါ်တော မယားများ ဖြစ်ကုန်ကြပြီး ကုလားမယား ဖြစ်ရသော ရခိုင် အမျိုးသမီး များမှာလည်း မုတ်ဆိတ်မွှေး ဖြူနေပြီ ဖြစ်သော ကုလားကြီးများ ၏ ဘယ်နှစ်ယောက်မြောက် မယား ဖြစ်ရသည်ကို မသိဘဲ လက်ထပ် ခဲ့ရသည်ဟု ဖော်ပြ ခဲ့သည်။

ဆောင်းပါးတွင် ဖော်ပြ သကဲ့သို့ ရခိုင်အမျိုးသမီး အများအပြား ခေါ်တော ကုလားများ ၏ မယားများ ဖြစ်ခဲ့ကြသည် ဆိုသည်မှာ ရခိုင်ပြည်နယ် အခြေအနေ နှင့် လုံးဝ ဆန့်ကျင် နေကြောင်း ရခိုင် အမျိုးသမီးအသင်း ထံမှ သိရသည်။
“ရခိုင် အမျိုးသမီး အများအပြား မယားဖြစ်ဖို့ မပြောနဲ့ လက်တစ်ဖက် ကို လက်ချိုးရေ ရင်တောင် မပြည့် ပါဘူး။ ဆောင်းပါးမှာ ပါသလို လက်ထပ်တယ် ဆိုတာ လုံးဝ မရှိပါဘူး။ သူတို့နဲ့ လက်ထပ်ဖို့ ဘယ်မိသားစုက မှလည်း ခွင့်ပြုမှာ မဟုတ်ဘူး” ဟု ဒေါ်စောခင်တင့်က ပြောကြားသည်။

ရိုးရာ အဝတ်အစားကို ဝတ်ဆင်ထားသော ရခိုင်အမျိုးသမီး နှစ်ဦး၏ ဓါတ်ပုံကို ဆောင်းပါးတွင် အသုံးပြု ခဲ့မှုမှာ အထင် အမြင် လွဲမှားမှု ဖြစ်စေသောကြောင့် တောင်းပန်ပေးရန် ဓါတ်ပုံပါ အမျိုးသမီးနှစ်ဦး ၏ မိခင် ဒေါ်သန်းသန်းအောင်က ပြောကြားသည်။

အဆိုပါ ထိခိုက် နစ်နာမှု များနှင့် ပတ်သက်၍ Hot News ဂျာနယ်တွင် တရားဝင် တောင်းပန်မှုများ ပြုလုပ် သွားမည်ဟု အဆိုပါ ဂျာနယ်မှ အယ်ဒီတာ တစ်ဦး ဖြစ်သူ ဦးကျော်စိန်က ဆိုသည်။

မူလဆောင်းပါးအပြည့်အစုံ >>
----------------------------------
http://www.facebook.com/notes/twan-bu/%E1%80%A1%E1%80%99%E1%80%BA%E1%80%AD%E1%80%B3%E1%80%B8%E1%80%82%E1%80%AF%E1%80%8F%E1%80%B9%E1%80%80%E1%80%AD%E1%80%AF%E1%80%B1%E1%80%85%E1%80%AC%E1%80%84%E1%80%B9%E1%80%B7%E1%80%91%E1%80%AD%E1%80%94%E1%80%B9%E1%80%B8%E1%80%95%E1%80%AB-hot-news-journal-vol3-no126/531265703580502

ရက္ခိုင့်အာဇာနည် သျှင်မြ၀ါ

ရက္ခိုင့်အာဇာနည် သျှင်မြ၀ါ

သျှင်မြဝါကို သက္ကရာဇ် ၈၅၄ ခု ၊ ဝါဆိုလပြည့် ကြာသပတေးနေ့နံနက် ၄ ဗဟိုရ်တွင် ဖွားမြင်ခဲ့သည်၊ ငယ် အမည်မှာ မောင်မြဝါဟုခေါ်တွင်သည်။ ခမည်းတော်မှာ မင်းလှရာဇာစောမွန် ၏ မြောက်ရွှေရေးတော်ဆောင် မိဖုရား၏ အကြီးတော် စိန်တင်စား (စိုင်းတင်မြို့စား) မဟာနန္ဒသင်္ကြန်ဖြစ်သည်။ မယ်တော်မှာ မင်းလှရာ ဇာ စောမွန်၏ မိဖုရားစောနန္ဒီ၏ညီမတော်၊ ဇောစောမွန်နှင့် မိဖုရားစောနန္ဒီတို့၏ သားတော်ဖြစ် သည်။

စောနန္ဒီနှင့် ဇောယျခေမာတို့မှာ မင်းလှရာဇာစောမွန်၏ ဦးရီးတော်ဆင်ကဲ မင်းအောင်တင်နှင့် စောသန္တာတို့ ၏သမီးတော်များ ဖြစ်ကြသည်။ မင်းဗာဘုရင်နှင့် သျှင်မြဝါတို့မှာ အမိညီအစ်ကိုများဖြစ်ကြ၍ ညီအစ်ကို တော် စပ်ကြသည်။ မင်းဗာဘုရင်ကို သက္ကရာဇ် ၈၅၄ ခု ဝါဆိုလပြည့်ကျော် (၂) ရက် စနေနေ့တွင် မွေးဖွားခဲ့သည်။ မင်းဗာဘုရင်၏ ငယ်နာမည်မှာ ဘစောသီရီဖြစ်သည်။ မင်းဗာဘုရင်သည် သျှင်မြဝါထက် နှစ်ရက်သာငယ် သည်။ မဟာပညာကျော်ကို သက္ကရာဇ် ၈၅၁ တွင်ဖွားမြင်ခဲ့သည်။ မဟာပညာကျော်၏ ငယ်နာမည်မှာ မြတ် သာထွန်းဖြစ်သည်။ ထို့ကြောင့် သျှင်မြဝါ ၊ မင်းဗာကြီး မဟာပညာကျော်တို့မှာ ဖွားဘက်ရွယ်ဖော် သူငယ် ချင်း များဖြစ်ကြသည်။ သူငယ်ချင်း (၃)ဦးတို့သည် အဂ္ဂစိန္ဒေယျ ဆရာတော်ကျောင်း ( တောင်ညိုကျောင်း တိုက် တွင်) အသက် ၁၆ နှစ်ထိ ပညာသင်ကြားခဲ့သည်။ ထိုမှတဆင့် နောက်ထပ်ပညာဆည်ပူးရန်အတွက် အိန္ဒိယ ပြည် ဗာရာဏသီ တက္ကသိုလ်သို့ ပညာဆက်လက်သင်ကြားရန် ထွက်ခွာခဲ့ကြသည်။ ဗာရာဏသီတွင် ဘစော သီရိ က တိုင်းပြည်အုပ်ချုပ်သော စီမံခန့်ခွဲရေးပညာ ၊စစ်ရေးစစ်ရာတို့ကို သင်ယူခဲ့သည်။ မြတ်သာ ထွန်းမှာ တရားစီ ရင်ရေးပညာ ၊ ဓမ္မသတ်ကျမ်း ၊ စစ်ရေးစစ်ရာတို့ကို သင်ယူခဲ့သည်။ မောင်မြဝါမှာ ဆေးဝါး မန္တာန်၊ ဓါတ်ပြောင်း - ဓာတ်ခွာ စသည့် ဂမ္ဘီရ အတတ်ပညာများကို သင်ကြားခဲ့ကြသည်။ မင်းဗာဘုရင်နှင့် မဟာပ ညာကျော်တို့ သည် ပညာပြည့်စုံ၍ ရခိုင်ပြည်သို့ ပြန်ခဲ့ကြသည်။ သျှင်မြဝါမှာဗာရာဏသီပြည် မိဂဒါ ဝုန်တော ၌ သီရိဗိဿ နိုးရသေ့ကြီးထံဝင်ပြီး ၂၃ နှစ်တိုင်တိုင်ပညာဆည်းပူးခဲ့လေသည်။ သျှင်မြဝါသည် ရသေ့ကြီး ဗိဿနိုးထံတွင် ဓာတ်ပြောင်း၊ ဓာတ်ပြန်အတတ် ၊ ရုပ်ဓာတ်များကို မြူလေးပါးဖြစ်သော ရတရေမြူ ၊ ကဇ္ဇာရေ မြူ ၊ အဏုမြူ ၊ ပရမာအဏုမြူစသည်ဖြင့် ဉာဏ်ဖြင့်ခွဲစိပ်ကြည့်

ပုံ ၊ ဘူတရုပ်များ စုပေါင်းပြီးသဘာဝရုပ် ၊ ကလာပရုပ်၊ ဃဏရုပ်ဖြစ်လာပုံ၊ ရုပ်ဓာတ်များကိုပေါင်းစည်းပုံ၊ ဖြို ဖျက်ပုံစသောအတတ်ပညာများ၊ ဓာတ်ရိုက်ဓာတ်ငင်အတတ်၊ ယတ္တရာလေးဆယ်၊ ပတ္တရာလေးဆယ်၊ ဝိကြမ္မ သုံးဆယ် စသောလောကီ အတတ်ပညာများကိုသင်ကြားခဲ့လေသည်။

သျှင်မြဝါသည် ၂၃ နှစ်ကြာပညာသင်ကြား တတ်မြောက်လေသော် မိမိမွေးရပ်သို့ ပြန်လိုကြောင်း ဆရာ ထံ လျှောက်ထားလေသည်။ ဆရာရသေ့ က “မောင်မြဝါမပြန်လေနှင့် သင်၏ပညာသည် သင့်တိုင်းပြည် အတွက် အသုံးကျလိမ့်မည်မဟုတ်၊ ငါနှင့်အတူနေ၍တရားအားထုတ်လော” ဟုတားမြစ်ခဲ့သည်။ သို့သော် လည်းသျှင် မြဝါက “ဆရာသင်ပေးသောပညာကို တပည့်တော်ရခိုင်ပြည်သူ ပြည်သားများအတွက် အကျိုး ရှိအောင် စွမ်း ဆောင်ပါမည် ၊ဘာသာ သာသနာတော်များအတွက် အကျိုးရှိအောင် စွမ်းဆောင်ပါမည်” ဟု လျှောက်ပန် သောအခါ ဆရာရသေ့က ပြန်ခွင့်ပြုလေသည်။ ပညာစုံ၍ရခိုင်နိုင်ငံသို့ ပြန်လာပြီး တောင် ညိုတောင်၌ ရသေ့အသွင်ဖြင့်နေပြီး နမန္တာခေါ် ဓါတ်ကျမ်းကြီးကို ပြုစုလေသည်။ တောင်ညိုတိုက်အနီးရှိ သာရပဗ္ဗတတောင် အနီးတွင် လှိုဏ်ခေါင်းပြုလုပ်ပြီး တရားအားထုတ်ခဲ့သည်။ ထိုလှိုဏ်ခေါင်းကို ယနေ့တိုင် သျှင်မြဝါ လှိုဏ် ခေါင်းဟု ခေါ်ကြသေးသည်။

သျှင်မြဝါမြောက်ဦးသို့ရောက်ချိန်တွင် အသက်(၃၉)နှစ်ရှိခဲ့ပြီး၊ထိုစဉ် သစောသီရိမှာ မြောက်ဦးရွှေနန်းကို အုပ်စိုးနေချိန်ဖြစ်သည်။ ဘိေဿညကမင်္ဂလာ ဆင်ယင်ကျင်းပသောအခါ သီရိသူရိယ စန္ဒာမဟာ ဓမ္မရာဇာ ဟူသောဘွဲ့ ကိုခံယူတော်မူသည်။ မြတ်သာထွန်းအား မဟာပညာကျော်ဘွဲ့ ကိုပေးပြီးပညာရှိအမတ် အ ရာဖြင့် ခစားစေသည်။ တစ်ခါသော် မင်းဗာဘုရင် သည်ညီလာခံခေါ်ယူကျင်းပခဲ့သည်။ ရခိုင်ဘုရင်များသည် ညီလာ ခံသဘင်ကို နံနက်အာရုံတက်ချိန်၌ ကျင်းပလေ့ရှိသည်။ ထိုသို့ ညီလာခံကျင်းပရန် စည်တော် နရီမှူး ကအချက် ပေးပြီးများမကြာမှီတွင် သျှင်မြဝါသည် မောက်ကလိန်တောင်ဝှေးကို ထောက်ကာ လှံစွပ်သူရဲ တစ်ဦး ၊ဓားကိုင် သူရဲတစ်ဦး စောင့်နေသော ညီလာခံ ပထမ တံခါးကို တားမြစ်ခြင်းမရှိဘဲ ဝင်လာသည်ကို မင်းဗာ ဘုရင်သည် ပလ္လင်ထက်မှ မြင်တော်မူသည်။ ဒုတိယတံခါး ကိုရောက်သောအခါလည်း အစောင့် သူရဲကောင်း များက တား ဆီးမှု မရှိဘဲ တကြောင်းချင်းဝင်လာသည်ကို မြင်နေရ သည်၊ နောက်ဆုံးတံခါး သို့ ရောက်သော အခါ မင်းဗာ ဘုရင်သည် ပလ္လင်ထက်မှ ဆင်းပြီးရှိခိုးလျှက် ဆီးကြိုနေလေသည်။ အစောင့် များအတားအဆီးမရှိဘဲ ဝင်လာ သည်ကို တွေ့သဖြင့် ရန်သူမဟုတ်သည်ကိုလည်း ဘုရင်ကြီးသိရှိနေခဲ့ သည်။ သျှင်မြဝါသည် ပလ္လင်ပေါ်သို့ တက်ထိုင်လိုက်ပြီး စကားတစ်ခွန်းမှမဆိုဘဲ ပလ္လင်ရှေ့တွင်ထိုင်၍ ရှိ ခိုးနေသော မင်းဗာဘုရင်အား နဖူးတည့်တည့်ကို တောင်ဝှေးဖြင့်ချိန်ရွယ်ပြီး “ဟေ့ မဟာရာဇာ–သင်သည် မိန်းမလော ၊ယောက်ျား လော၊ငါက သင် အား မိန်းမဟူ၍မြင်သည်၊ မိန်းမ မိန်းမ မိန်းမ ” ဟု သုံးကြိမ်ပြော ဆိုပြီးပလ္လင်မှ ဆင်းကာ လာလမ်း အတိုင်း ပြန်သွားခဲ့လေသည်။

ညီလာခံတစ်ခုလုံး တိတ်ဆိတ်ညိုးငယ်သောမျက်နှာဖြင့် ဘုရင်မင်းကိုသာ ငေးကြည့်နေကြလေသည်။ မင်း ဗာ ဘုရင်၏မျက်နှာတော်မှာလည်း ရှက်စိတ်ကြောင့် နိန်မြန်းနေပေသည်။ ထိုအထဲတွင် မဟာပညာကျော် တစ် ယောက်သာရွှင်ပျသော မျက်နှာဖြင့် ဘုရင်အားကြည့်နေလေသည်။ မင်းဗာဘုရင်သည် ညီလာခံကို ရုပ်သိမ်း စေပြီး စိတ်မအီမသာဖြင့် လျောင်းတော်ဦးဆောင်သို့သွားကာ သလွန်ညောင်စောင်း၌ လဲလျောင်း အနားယူ ခဲ့သည်။ မဟာပညာကျော်လည်း အိမ်သို့ပြန်ကာ သူဆင်းရဲအဝတ်အစား များကိုဝတ်၍ ဘုရင်ထံ ခစားဝင်လေ သည်။ မဟာပညာကျော်လျောင်း တော်ဦးဆောင်သို့ ရောက်သောအခါ မင်းဗာဘုရင် မှာ မျက် စိကိုမှိတ်ပြီး တွေးနေခိုက်ဖြစ်သည်။

မင်းဗာဘုရင်မှာ မျက်စေ့ကို ဖွင့်ကြည့်လိုက်သောအခါ မဟာပညာကျော်ကို ထူးဆန်းသော အဝတ်အ စားဖြင့် မြင်တွေ့ရ၍ စိုက်ကြည့်နေခဲ့သည်။ မင်းဗာဘုရင်သည် လျောင်းနေရာမှထပြီး သလွန်ပေါ်ထိုင်သော အခါ မဟာပညာကျော်သည် မင်းဗာဘုရင်အား ဤသို့ လျှောက်တင်လေသည်။ “ ဘုန်းတော်ကြီးလှစွာသော အရှင် မင်းမြတ် ယနေ့နံနက် ညီလာခံသဘင်တွင် ရောက်လာခဲ့သောပုဂ္ဂိုလ်မှာ အခြားသူမဟုတ်ပါ။ အရှင်မင်းမြတ်၏ နောင်တော် သျှင်မြဝါဖြစ်ပါသည်။ ရသေ့အသွင်ပြောင်းနေ၍ မမှတ်မိခြင်းသားဖြစ်ပါသည်။ ၄င်းဆိုသော စကားမှာ အလွန်မင်္ဂလာရှိသော စကားဖြစ်ပါသည်။ ရခိုင်အမျိုးကို ချစ်လွန်းသဖြင့် ပြော ဆိုသော စကား ဖြစ်ပါ သည်။ အလွန်လည်း ကျေးဇူးတင်စရာကောင်းလှပါသည် ဟု လျှောက်ထားလေ သည်။

မင်းဗာဘုရင်က မဟာပညာကျော်လျှောက်ထားချက်ကို ပြည့်စုံအောင် နောက်ထပ် လျှောက်တင်ခိုင်းလေ သည်။ မဟာပညာကျော်က သျှင်မြဝါသည် အရှင်မင်းကြီးကို မိန်းမ ဟုခေါ်ရခြင်းမှာ “အရှင်မင်းကြီးသည် လင် ယောက်ျား၏ ဧည့်သည်တာဝန်ကို တာဝန်ကျေအောင် ဧည့်ခံနေသောမိန်းမနှင့် တူနေပါသည်။ အကြောင်း မှာ အရှင့်ဖခမည်းတော် စလတ္တာစောမွန် လက်ထက်ကရောက်နေသောမော်လဝီ များ ဖြစ် ကြသည့် – ကာဒီ ၊ ဆာဒူခန် ၊ မူရှား တို့သည် သူတို့သဘောအလျောက် ဗလီများဆောက်၍ မူဆလင်သာသ နာ ပြုနေကြပါသည် ကို အိမ်ရှင်တစ်ယောက်အနေဖြင့် မည်သို့မျှ မကန့်ကွက်လျှင် သဘောတူရာရောက်ပြီး အိမ်ရှင်၏ မယား ဝတ် ကျေသလိုဖြစ်နေ၍ သျှင်မြဝါက အရှင်မင်းကြီးအား မိန်းမဟုခေါ်ဆိုခြင်းဖြစ်ပါသည်။ ထိုအ ခါ မင်းဗာ ဘုရင်က မဟာပညာကျော်အား သို့ ဖြစ်လျှင်မည်သို့ ဆောင်ရွက်ရမည် ကို လျှောက် တင် စေသည်။

မဟာပညာကျော်က ဘေးလောင်းတော် မင်းစောမွန်လက်ထက်က သူရတန်မင်းအား ပေးအပ်ခဲ့ရသော ရခိုင် ဒေသဖြစ်သည့် ဘင်္ဂလားနယ်ကိုပြန်လည် သိမ်းယူရရှိအောင် ကြံဆောင်ရပါမည်။ “ကုလားပုစွန် တ ဆယ့်နှစ်တန်ကို မကျော်ရ ” ဟူ၍ စကားရှိပါသည်။ အရှင်မင်းကြီးသည် မင်းစောမွန်မှ စ၍ရေတွက်သော် တစ်ဆယ့်နှစ် ကို ရောက်နေပါသည်။ ယင်းကြောင့် ဘင်္ဂလား ၁၂ မြို့ ကို ရရန်သင့်တော်ပြီဖြစ်ကြောင်း တင်လျှောက်ခဲ့ သည်။ ထိုအခါ မင်းဗာဘုရင်သည် သျှင်မြဝါပြောသောစကားကို သဘောပေါက်နားလည် လက်ခံကာ မဟာပ ညာကျော်အား စစ်ချီတက်ရန် စီမံခန့် ခွဲစေပြီး မဟာနန္ဒသူရ ဘွဲ့ ရာထူးဖြင့် သက္ကရာဇ် ၈၉၄ ခု ၊တန်ဆောင် မုန်း လပြည့် (၉)ရက်နေ့ တွင် စစ်ချီတက်တော်မူပြီး မောက်သူဇာ ၊ ဒက္ကာ ၊ ဂန်ဘီလာ ၊ သီလတ်၊ ပဋိတ္တရား ၊ ဂင်္ဂါသာရ ၊ စစ်တကောင်း ၊ ဂေဏတော်ပလ္လင် ၊ ကံသာ ၊ တိလိင်္ဂါ ၊ ဘာရီဆာရ် ၊ ရောင်ပုရ် ၊ စသော ဘင်္ဂါး (၁၂)မြို့ကို ချီတက် သိမ်းပိုက်ခဲ့လေသည်။ စစ်အောင်နိုင်၍ဘင်္ဂါး (၁၂) မြို့ ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး အပြန်တွင် ဗုဒ္ဓဂါယာမှာ ကုသိုလ်ကောင်းမှု ပြုခဲ့လေသည်။ မဟာဗော ဓိ စေတီတော်ကြီးကို ပြန်လည်ပြုပြင်ခဲ့သည်။ ပြိုပျက်နေသော စေတီပုထိုးတို့မှ မရေတွက်နိုင်အောင် များပြားလှသော ဓါတ်တော်မွေတော်တို့ကို ယူဆောင် ပြီး မြောက်ဦး သို့ ယူဆောင်ပြီးပြန်ခဲ့လေသည်။ မင်းဗာဘုရင်မြောက်ဦးမြို့သို့ရောက်၍ များမကြာမှီ ပေါ်တူဂီ တို့သည် ရေတပ်အင်အားများ စွာဖြင့် မြောက် ဦးကိုတိုက်ခိုက်ရန် ရောက်လာခဲ့ကြသည်။ ၄င်းပေါ်တူဂီရန်ကို လည်း ရခိုင်ပညာရှိ အရက်သေမ ဆရာတော် က အသက်ကိုစွန့်ပြီး ကြံ ဆောင်သဖြင့် အောင်မြင် ခဲ့လေသည်။ မင်းဗာဘုရင်သည် မဇ္စိုမဒေသမှ ရရှိ ခဲ့သော ဓာတ်တော်မွေတော်များကို ဌာပနာ ထည့်၍ စေတီဆောက်ရန် သျှင်မြဝါအား တိုင်ပင်ခဲ့လေသည်။ ဖိုးခေါင်တောင်ကိုညှိလျှက် မဏ္ဍိုင်ငါးရပ်ကို ဓာတ်တော် မွေတော်ပေါင်း သျှစ်သောင်း ၊ အရွယ်အစား အမျိုး မျိုးရှိသော ဘုရားဆင်းထုတော်ပေါင်း သျှစ် သောင်း ကိုဌာပနာ၍ သျှစ်သောင်းပုထိုးတော်ကြီးကို သက္ကရာဇ် ၈၉၇ခု ၊ တန်ဆောင်မုန်းလပြည့်နေ့ နေထွက် ချိန်တွင် တကမ္ဘာလုံး အေးချမ်းမှုရှိရန် ရည်ရွယ်ပြီး ပန္နက်ရိုက် ခဲ့သည်။ ကုလားရန်နှင့်ပေါ်တူဂီတို့၏ ရန်ကို အောင်မြင်ခဲ့သည့် အတွက် ရန်အောင်ဇေယျ ပုထိုးတော်ကြီး ဟုလည်း ခေါ်သည်။ သျှင်မြဝါသည် မြို့အတွက် အကာကြီး အကာ ငယ်တို့ကို စီမံခဲ့လေသည်။ နောက်ဆုံး တွက် မြို့သက် တစ်ထောင် ရှည်စေရန် အတွက် မိမိအသက်ကို စတေး သွားခဲ့သည်။ သျှင်မြဝါသည် မိမိ တွက်ချ၍ အချိန်စေ့ရောက်သောအခါ ကြာသပတေး သားကို စတေး ရမည် ဖြစ်နေ၍ အခြားလူအသက်ကို မသတ်လိုသည်က တစ်ကြောင်း ၊ စတေးရမည့်သူကို အချိန်မရဖြစ်နေသည်က တစ်ကြောင်း စသော အကြောင်းများကြောင့် မိမိဝမ်းဗိုက်ကို ဓားဖြင့်ထိုးပြီးအူကို မြို့ ချာတိုင်၌ ရစ်ပတ်ကာ ၊ သူ သေ ဆုံးသောနေ ရာတွင် မြေမြုပ်သဂြိုလ်ရန် မှာထားခဲ့လေသည်။ အူရစ်ပတ်ခြင်း ကုန်ဆုံးသည်နှင့် မြေပြင် ပေါ်သို့ လဲကျသေဆုံးခဲ့သည်။ သျှင်မြဝါသည် သက်တော်၄၅ နှစ်သက္ကရာဇ် (၈၉၉)ခုနှစ်တွင် တိုင်းပြည်အတွက် အသက်ကို စတေးခဲ့သော အာဇာနည်မျိုးချစ်ပုဂ္ဂိုလ် ဖြစ်ပေသည်။ မင်းဗာ ဘုရင်မှာ ပညာရှိတစ်ဦး ဆုံးရှုံးသဖြင့် ယူကြုံးမရ ဝမ်းနည်းခဲ့ရသည်။ ရခိုင်နိုင်ငံ၏ ကျေးဇူးသျှင် ပညာရှိကြီး အား မြေတွင်မြုပ်၍ သာမန် လူ တစ်ဦးကဲ့သို့ သဂြိုလ်မှုကို မပြုလိုပေ။ ယင်းကြောင့် မင်းဗာဘုရင်က ပညာရှိ တစ်ဦးအား သင့်တင့်လျောက် ပတ်သောနေရာ၌ အခမ်းအနားကြီးကျယ်ဖြင့် သဂြိုလ်မည်ဖြစ်ကြောင်း အမိန့် ထုတ်၍ မီးသဂြိုလ်ပြီး သျှစ် သောင်းဘုရား၏ တောင်ဘက် ၊ ဘုရားပေါင်းတောင်စွယ်တွင် အရိုးပြာကို ဂူသွင်း ထားခဲ့လေသည်။ ထိုနေရာကို သျှင်မြဝါသင်္ချိုင်းဟု ခေါ်သည်။ သျှင်မြဝါသေဆုံးသောအခါ သျှင်မြဝါအား လှူ ဒါန်း၍ ရရှိသော ရွှေငွေ ပစ္စည်းတို့ နှင့်သျှင်မြဝါ၌ ကျန်ခဲ့သော ပစ္စည်းမျာကို ဌာပနာပြီး မင်းဗာဘုရင်သည် သက္ကရာဇ် ၈၉၉ ခု ခရစ်နှစ် ၁၅၈၇ တွင် သျှင်မြဝါစေတီကို တည်ထားခဲ့သည်။ စေတီ ရှိသောတောင်ကို လည်း သျှင်မြဝါတောင်ဟု ခေါ်တွင် ခဲ့လေသည်။

ကိုးကားသောစာအုပ်များ

၁။ ဆရာကြီးဦးသာထွန်းရေးသားသော သျှင်မြဝါအကြောင်းလက်ရေးစာမ

၂။ ရာဇဝင်ဆရာကြီးဦးသာထွန်းအောင်ရေးသားသော ရခိုင်မဟာရာဇဝင်တော်ကြီး

၃။ ရမ်းဗြဲတောင်ကျောင်း ဆရာတော် အသျှင် စန္ဒမာလာ လက်ရေးဖြင့်ရေးသားသောရခိုင်ရာဇဝင်သစ်ကျမ်း

၎။ ဦးကျော်ကျော်လှ ( ရခိုင်အာဇာနည် သျှင်မြဝါ အတ္ထုပတိ စာအုပ် )

၅။ မြောက်ဦးမြို့ ထင်ရှားသော ဘုရားများ၏သမိုင်း ( မြောက်ဦးဂေါပက အဖွဲ့  )

ဦးမေအောင်-ရခိုင် (၁၈၈၀-၁၉၂၆)

ဦးမေအောင်-ရခိုင် (၁၈၈၀-၁၉၂၆)

အုပ်ချုပ်ရေး နယ်ပယ်တွင် အစိုးရ ရှေ့နေတစ်ဦးအဖြစ် လည်းကောင်း၊ ဒိုင်အာခီ အုပ်ချုပ်ရေးတွင် ဒုတိယ မြောက် ပြည်ထဲရေး ဝန်ကြီးချုပ် အဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့သည်။ တရားဥပဒေ လောကတွင် ထူး ချွန် ထက်မြက်သော ဝတ်လုံတော်ရ၊ တရားသူကြီး၊ တရားလွှတ်တော် တရားဝန်ကြီး၊ မြန်မာ ဗုဒ္ဓဘာသာ တရားဥပဒေနှင့် ပတ်သက်၍ အဆုံးအဖြတ် ပေးနိုင်သူ ပညာရှင်တဦးအဖြစ်သတ်မှတ်ခံရသည်။ပညာရေးနှင့် ပတ်သက်လျှင် ဥပဒေ ပညာကို အင်္ဂလန်ပြည် ကိန်းဘရစ် တက္ကသိုလ်၌ သင်ကြားခဲ့၍ ဥပဒေဘွဲ့(L.L.B) နှင့် မဟာ ဝိဇ္ဇာဘွဲ့ (M.A) ရခဲ့သည်။ ဝတ်လုံဘွဲ့ (Barrister at Law) ကို လင်ကွန်းအင်း ဥပဒေကျောင်း မှ အောင်မြင်၍ မြန်မာ ပညာရေး ဆင်ဒီကိတ် အဖွဲ့မှ ချီးမြှင့်သည့် ဘီဂန်ဒက် ရွှေတံဆိပ် ရရှိခဲ့သည်။ ထိုဆု မှာ ဘက်စုံ ပညာ ထူးချွန်သူများကို ချီးမြှင့်သည့် အဆင့်မြင့် ပညာရေးဆု တစ်ဆု ဖြစ်သည်။ ရန်ကုန် တက္က သိုလ် ဥပဒေ ဌာန၏ ပထမဦးဆုံးသော အချိန်ပိုင်း ဥပဒေ ပါမောက္ခ (၁၉၂၁ – ၂၂) အဖြစ်လည်း ဆောင်ရွက်ခဲ့ သည်။

စာပေ ယဉ်ကျေးမှုနှင့် ပတ်သက်၍ ဦးမေအောင်သည် မြန်မာ စာပေ မြန်မာ့ ယဉ်ကျေးမှု မြန်မာ့ ဓလေ့တို့ကို အထူးရိုသေ လေးစားသူတစ်ဦးအဖြစ်ထင်ရှားသည်။ငယ်စဉ်က မြန်မာစာပေ၊ မြန်မာ့ရာဇဝင်ကို ကျောင်းတွင် ဘာသာရပ် တစ်ခု အဖြစ် စနစ်တကျ သင်ကြားခွင့်မရသော်လည်းဘိလပ်ပြန်ဝတ်လုံတော်ရဘဝတွင် မြန်မာ ပညာရှိများထံ တပည့်ခံ၍ လေ့လာ လိုက်စား ခဲ့သည်။ အထူးသဖြင့် ဆရာလွန်း (မစ္စတာ မောင် မှိုင်း) အား ဆရာတင်၍ ပညာရှာခဲ့သည်။ ဤသို့ဖြင့် ၁၉၁၂ ခုနှစ်တွင် ပေ၊ ပုရပိုက်တွင် တိမ်မြုပ်နေသည့် ဧချင်းများကို စနစ်တကျ တည်းဖြတ်၍ ဧချင်းဟောင်း ၁၂ စောင်တွဲ အမည်ဖြင့် ထုတ်ဝေခဲ့သည်။ မော်လမြိုင်မြို့ ရမ္မာပူရ စာပုံနှိပ်တိုက်တွင် ပုံနှိပ်၍ ကိုယ်တိုင် ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။ ရမ္မာပူရ စာပုံနှိပ်တိုက်မှာ ယောက္ခမ ဦးထွန်း ဖြူပိုင် ပုံနှိပ်တိုက် ဖြစ်သည်။ ဧချင်းဟောင်း ၁၂ စောင်တွဲတွင် -

1. ရခိုင်မင်း (အဒူမင်းညို)
2. သခင်ထွေး ဧချင်း (ရှင်သူရဲ)
3. မင်းတရား ရွှေထီး ဧချင်း (လှော်ကားသုံးထောင်မှူး)
4. မင်းတရား ရွှေထီးနားတော်သွင်း ဧချင်း (လှော်ကားသုံးထောင်မှူး)
5. မင်းတရားမယ်တော် ဧချင်း (နဝဒေးကြီး)
6. နတ်သျှင်မယ်တော် ဧချင်း (ဆီးကိုင်းစား)
7. မဟာဥပရာဇ ဧချင်း (တလုပ်မြို့စား)
8. မင်းရဲကျော်စွာစုန် ဧချင်း (ရာဇဗာဟု)
9. သခင်ကြီး ဧချင်း (ပယ်သူငယ်စား ရှင်မြတ်ခေါင်)
10. ယိုးဒယား မိဖုရား ဧချင်း (နဝဒေးကြီး)
11. မင်းရဲနရာ ဧချင်း (မင်းဇေယရန္ဓမိတ်)
12. မင်းရဲဒိဓ္ဓ ဧချင်း (ရှင်သံခို) တို့ ပါဝင်သည်။

ဦးမေအောင် တည်းဖြတ်သော ဧချင်းဟောင်း ၁၂ စောင်တွဲ ထွက်ပေါ် လာသောအခါ မြန်မာနိုင်ငံ သုတေ သန အသင်းဂျာနယ် (JBRS) အတွဲ ၂၊ အပိုင်း ၁ (၁၉၁၂)တွင် ပါမောက္ခ ဒူရွိုင်ဆယ် (Mon. C. Duroiselle) က Old historical ballad (1) အမည်ဖြင့် အကျယ်တဝင့် ရေးသား ချီးကျူးပါသည်။ တည်းဖြတ်သူကိုယ်တိုင် နိဒါန်း၊ ရှင်းလင်းချက်များနှင့် စနစ်တကျ ဆောင်ရွက်ခဲ့ရာ နောင်အခါ မြန်မာနိုင်ငံ သုတေသန အသင်းက တည်း ဖြတ် ထုတ်ဝေသည့် မြန်မာကျမ်းပေါင်း ၄၆ ကျမ်း၏ ရှေ့ပြေးဟု ဆိုနိုင်ပါသည်။ အထူးသဖြင့် ထိုအချိန် က မြန် မာစာပေ အားပေးမှု အဆင့်အတန်းမှာ များစွာ နိမ့်ကျ မျက်နှာငယ်စရာဦးမေအောင်ကဲ့သို့ဘိလပ်ပြန် ဝတ်လုံ တော်ရ တဦးက မြန်မာစာပေကို အလေးမူ ဆောင်ရွက်ခဲ့ခြင်းသည် ဂုဏ်ယူဖွယ်ပင် ဖြစ်သည်။ ဦးမေအောင် သည် ဝိုင်အမ်ဘီအေက ကြီးမှူး ဖွင့်လှစ်သော မြန်မာ ကဗျာလင်္ကာ သင်တန်းများတွင်လည်း ပါဝင် ပို့ချခဲ့ ပါသည်။

၁၉၁၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရန်ကုန်မြို့ ပဲခူးခရိုင် ဝန်ရှင်တော်မင်းကြီး ရုံး၌ ဗြိတိသျှ ပဋိညာဉ်ခံ အရာ ရှိများ ရွေးချယ်ရန် စုံစမ်းသည့် ဆွေးနွေးပွဲ တခု ပြုလုပ်ခဲ့သည်။ ထိုဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သော ဘိလပ် ပြန် ဝတ်လုံတော်ရ ဦးမေအောင်သည် ရိုးရာ ခေါင်းပေါင်းဖြူဖော့လုံး၊ ထိုင်မသိမ်း အင်္ကျီ၊ တောင်ရှည် ပုဆိုးတို့ ကို မြန်မာ့ ယဉ်ကျေးမှု အတိုင်း ဝတ်ဆင်ခဲ့ရာ သူရိယ သတင်းစာ အယ်ဒီတာ ဆရာလွန်းသည် အားရဝမ်းသာ ‘ပဋိညာဉ်ခံဘွဲ့ တေးထပ်’ ရေး၍ ချီးကျူးခဲ့သည်။ ယင်းတေးထပ်ကို သူရိယ သတင်းစာ (၁၈ ဖေဖော်ဝါရီ ၁၉၁၃) တွင် ဖော်ပြခဲ့သည်။

“မျိုးမြန်မာ ညှိုးရှာခဲ့ပြီမို့၊ ကိုးရာမဲ့ချိန်တွင်၊
ရိုးရာကွယ့်မတိမ်ချင်တယ်၊ ပဋိညာဉ်ခန့်ပွဲ။ ။
မြင်ရချက် ကိုယ်သဏ္ဌာန်မှာ၊ ဗိုလ်ဆံ ဆံ များကြားသဘဲ။ ။
နန်းစရိုက် ကျမ်းသိုက်နွယ်တယ်၊ လွမ်းလိုက်ဖွယ်တပွဲ။ ။
မန်းဂိုက်နှယ်ဆင်နွှဲလို့၊ သွင်တနဲတင့်အောင်။ ။
ဖော့လုံးဖြူ မြိုင်မြိုင်ထိန်းပါလို့၊ ထိုင်မသိမ်းဝတ်လို့မြင်ယောင်။ ။
မင်းတပါး ဦးမေအောင်မှာ၊ မှူးကေသျှောင် သဒ္ဓါမြို့ပါလို့၊
မြန်မာတို့ ကိုးကြစရာ၊ ဖြိုးကသမ္ဘာ၊
သြဘာဆုခွန်းလှစ်ဖြာတယ်၊ သွန်းမေတ္တာလောင်းပါရဲ့လေး။ ။”
ဟူ၍ ဖြစ်သည်။

ဦးမေအောင်၏ ထင်ရှားသော ဥပဒေ စာအုပ်မှာ မြန်မာ ဗုဒ္ဓဘာသာ ဓမ္ဓသတ် ဥပဒေများနှင့် ပတ်သက်သည့် A Selection of Leading Cases on Buddhist Law ဖြစ်သည်။ ယင်းစာအုပ်ကို ၁၉၁၄ တွင် Part I. Matrimonial Law၊ ၁၉၁၆ ခုနှစ်တွင် Part II. Adoption, Pre-emption Gift, and Religious Usage၊ ၁၉၁၉ တွင် Part III. Succession and Inheritance ဟူ၍ ထွက်ပေါ်လာသည်။ ၁၉၂၆ ခုနှစ်တွင် ထုတ်ဝေပြီး ၃ ပိုင်းကို ပေါင်း၍ ဒုတိ ယအကြိမ် ထပ်မံ ပုံနှိပ်သည်။ ဒုတိယ အကြိမ်မူတွင် တည်းဖြတ်သူ မောင်အေးမောင် M.A., LL.B (Cantab) of Middle Temple, Barrister at -Law ဖြစ်သည်။

မောင်အေးမောင်မှာထက်မြက်သောဥပဒေပညာရှင်ဖဆပလခေတ်တရားရေးဝန်ကြီး ဒေါက်တာ အေးမောင်
ဖြစ်သည်။ ဦးမေအောင်သည် ဗုဒ္ဓဘာသာ ဓမ္မသတ် ဥပဒေ စာအုပ်ဖြင့် ၁၉၂၂ ခုနှစ်တွင် ကိန်းဘရစ် တက္က သိုလ်မှ ဥပဒေ မဟာဝိဇ္ဇာဘွဲ့ (L.L.M) ထပ်မံ ချီးမြှင့် ခံရသည်။

ဦးမေအောင်၏ စွယ်စုံ ထက်မြက်သော အရည်အချင်းများကို ထောက်၍ ထိုခေတ် အုပ်ချုပ်သူ ဗြိတိသျှ ပညာတတ် အသိုင်းအဝိုင်း၊ အိုင်စီအက်စ် ဝန်ထမ်းများကပင် မြန်မာ တိုင်းရင်းသာတို့၏ ပင်ကိုဉာဏ် ထူးချွန် ထက်မြက်မှု၊ ယဉ်ကျေးမှု အဆင့်တန်း မြင့်မားမှုတို့ကို ဝန်ခံခဲ့ကြသည်။ပညာရေးနယ်ပယ်တွင် မြန်မာနိုင်ငံ၏ တခုတည်းသော သက်တမ်းရှည်ကြာ ကျန်ရစ်သည့် မြန်မာနိုင်ငံ သုတေသန အသင်း (၂၉ မတ် ၁၉၁ဝ) ကို တည်ထောင်ခဲ့သူများတွင် တဦး အပါအဝင် ဖြစ်သည်။ အသင်းကြီး၏ တိုးတက်ရာ တိုးတက်ကြောင်းကို အားသွန်ခွန်စိုက် တက်တက်ွ့ကွ့က အမြဲပါဝင် ဆောင်ရွက်ခဲ့သူ တဦး ဖြစ်သည်။ အသင်းကြီး၏ နှစ်ပတ်လည် အစည်းအဝေးများ၊ ဆပ်ကော်မတီ အစည်းအဝေးများတွင် အစဉ်အမြဲ ဆွေးနွေး အကြံပေးသော ပုဂ္ဂိုလ် တဦးလည်း ဖြစ်သည်။ စိတ်ဝင်စားဖွယ် အကြံကောင်း ဉာဏ်ကောင်းများကို ပေး၍ အသင်း လုပ်ငန်းများတွင် စိတ်ရောကိုယ်ပါ နှစ်မြုပ် ထားနိုင်သူ ဟုလည်း သတ်မှတ်ခံရသည်။ အထူးသဖြင့် စကားပြော ကောင်းသူ၊ သွက်လက်သူ၊ စွယ်စုံ ထူးချွန်သူဟု ထင်ရှားသည်။ ကျောက်စာဝန် မစ္စတာ တော်စိန်ခို သည် မြန်မာနိုင် ငံ ရှေးဟောင်း သုတေသန တွေ့ရှိချက် အထောက်အထားများနှင့် ပတ်သက်၍ တရုတ် ယဉ်ကျေးမှု သြဇာ အ လေးပေး တင်ပြတိုင်း ပွင့်ပွင့်လင်းလင်း ကန့်ကွက် ဆွေးနွေးလေ့ ရှိသူတဦး ဖြစ်သည်။ ထိုကန့်ကွက်ချက် များကို အသင်းမှ ထုတ်ဝေသော မြန်မာနိုင်ငံ သုတေသန အသင်း ဂျာနယ်တွင် တွေ့ရှိနိုင်ပါသည်။ ဦးမေ အောင်သည် မြန်မာနိုင်ငံ သုတေသန အသင်းကြီး၏ ဒုတိယ ဥက္ကဋ္ဌ အဖြစ် နှစ်ပေါင်များစွာ ရွေးချယ် ခံခဲ့ရရုံ မျှမက ဥက္ကဋ္ဌ၊ ဆပ်ကော်မတီဝင်၊ ဂုဏ်ထူးဆောင် သုတေသန ဂျာနယ် အယ်ဒီတာ တာဝန်များကိုပါ ထမ်း ဆောင်ခဲ့သည်။ အသင်းမှ ကြီးမှူး ကျင်းပသော မြန်မာစာပေ ပြိုင်ပွဲများတွင် အကဲဖြတ် လူကြီး၊ ဆုငွေအတွက် အလှူရှင်၊ မြန်မာကျမ်းများ ပုံနှိပ် တည်းဖြတ် ထုတ်ဝေရေး အဖွဲ့ သဘာပတိ တာဝန်များ ကိုလည်း ဆောင် ရွက်ခဲ့သည်။ အသင်းမှ ထုတ်ဝေသော မြန်မာနိုင်ငံ သုတေသန အသင်း ဂျာနယ်တွင် စာအုပ် ဝေဖန်ချက်၊ စုံစမ်း မေးမြန်းချက် မှတ်စုတို၊ အယ်ဒီတာ့ထံ ပေးစာနှင့် သုတေသန ဆောင်းပါး များ ရေးသာခဲ့ရာ ယင်းတို့မှာ -

1. ‘Inaugural address.’ JBRS. Vol.1, (Jun 1911) P.2-9.
2. . ‘Shwe Zan Aung’s logic in Burmese (Myanmar)’ JBRS. Vol.1, Pt.1 (June 1911) P. 113-117
3. ‘Note on Saya Thein’s Shin Sawbu.’ JBRS. Vol.1, Pt.2 (Dec 1911) P.16-18
4. ‘Critical note on Mr.Taw Sein Ko’s paper on ‘The Chinese antiquities of Pagan.(Bagan).’ JBRS. Vol.1, Pt.2 (Dec 1911) P.43-46.
5. ‘Shwe Nat-Taung Thamaing. ‘JBRS. Vol.1, Pt.2 (Dec 1911) P.56-57.
6. ‘Name of Burmese(Myanmar)Kings.’ JBRS. Vol.1, Pt.1 (June 1911) P.83-84.
7. ‘Garu and Lahu.’ JBRS. Vol.1, Pt.1 (June 1911) P.88-91
8. ‘The chronology of Burma(Myanmar).’ JBRS. Vol.2, Pt1 (June 1912) P.8-29
9. ‘Prome and Pyus’. JBRS. Vol.2, Pt.1 (June 1912) P.72-74
10. ‘Origin of the world”Talaing”.’ JBRS. Vol.2, Pt.1 (June 1912) P. 73-74
11. ‘To the editor,Rangoon (Yangon) Gazette’. JBRS. Vol.2, Pt.1 (June 1912) P. 80-81, 83-84, 86-87
12. ‘Burmese(Myanmar) prosody’. JBRS. Vol.2, Pt.1 (June 1912) P.92-93
13. ‘The Burmese (Myanmar)era.’ JBRS. Vol.2, Pt.2 (Dec 1912) P.197-203
14. ‘Note to the legend of the Kyaukwaing Pagoda.’ JBRS. Vol.2, Pt.2 (Dec 1912) P.217
15. ‘Burmese spelling’. JBRS. Vol.2, Pt.2 (Dec 1912) P. 260-262
16. ‘Archaeology in Burma (Myanmar).’ JBRS. Vol.2, Pt.2 (Dec 1912) P. 267-269.
17. ‘Burmese sketches.’ JBRS. Vol.3, Pt.2 (Dec 1913) P. 191-192.
18. ‘The derivation of Ramanna.’ JBRS. Vol.4, Pt.2 (Dec 1914) P. 148.
19. ‘Note on Saya Thein’s Let-we-thondara.’ JBRS. Vol.6, Pt.2 (Dec 1916) P.9.
20. ‘Some Mon Place-names.’ JBRS. Vol.7, Pt.2 (Dec 1917) P. 143-145.

မြန်မာနိုင်ငံ သုတေသန အသင်း ဂျာနယ်တွင် ဦးမေအောင် ရေးသာခဲ့သော ဝေဖန်ချက်၊ မှတ်ချက်၊ ဆွေး နွေးချက်၊ သုတေသန စာတမ်းများ အနက် မွန်ဒေသ အမည်များ (Some Mon Place- name’s) နှင့် မြန်မာပြည် ရက်စွဲသမိုင်း (Chronology of Burma) တို့မှာ စိတ်ဝင်စားဖွယ် ကောင်းသည်နှင့် အမျှ ပညာရှင်များ၏ နှစ်သက် ခြင်း ခံရသည်။ မွန်ဒေသ အမည် အချို့တွင် အောက်မြန်မာနိုင်ငံရှိ ရန်ကုန်၊ ကမာရွတ်၊ အင်းစိန်၊ မင်္ဂလာဒုံ၊ ကျိုက္ကဆံ၊ သင်္ဃန်းကျွန်း၊ ကော့ချဲ၊ ဓားပိန်၊ ပဲခူး၊ ဇိုင်ဂနိုင်၊ စစ်တောင်း၊ မုတ်ပလင်၊ ကျိုက်ကသာ၊ ကျိုက်ထို၊ သထုံ၊ ဇင်းကျိုက်၊ ပေါင်၊ မုတ္တမ၊ မော်လမြိုင်၊ ထားဝယ်၊ တနင်္သာရီ၊ မှော်ဘီ၊ သာယာဝတီ၊ တာပွန်၊ သံလျှင်၊ ဒလ၊ ခနောင်တို၊ တွံတေး၊ ဒေးဒရဲ၊ ဖျာပုံ၊ ညောင်တုန်း၊ ကျုံပျော်၊ ပုသိမ် ဒေသ အမည် ၃၃ မျိုး၏ မွန်ဝေါဟာရ ရင်းမြစ်များကို တင်ပြထားပါသည်။ မြန်မာပြည်ရက်စွဲ သမိုင်း သုတေသန စာတမ်းကို အင်္ဂလိပ်ဘာသာရေး ရည်ညွှန်းကျမ်း ၁၇ ကျမ်း၊ မြန်မာဘာသာရေး ရာဇဝင် သမိုင်းကျမ်း ၂၅ ကျမ်းကို စနစ်တကျ ကိုးကား၍ ဘီစီ ၈ ရာစုခန့် တကောင်းဒေသတွင် အဘိရာဇာ နန်းစိုက်သည်မှ အေဒီ ၁၇၅၂ ရွှေဘိုတွင် အလောင်းမင်းတရား ကုန်းဘောင်ဆက် စတင်သည် အထိ ရက်စွဲ သက္ကရာဇ်ဖြင့် မြန်မာ့သမိုင်းကို ရေးသားထားသည်။ ကိုးကား ရည်ညွှန်းရာ မြန်မာ ရာဇဝင်ကျမ်း ၂၅ ကျမ်းတွင် ဦးကုလား ရာဇဝင်၊ တွင်းသင်း ရာဇဝင်၊ ရာဇဝင်ကျော်၊ သံလျင်ရာဇဝင်၊ မဟာမုနိသမိုင်း၊ မဟာဇေယျ၏ ရခိုင် ရာဇဝင်၊ ရခိုင် မင်းသမီး ဧချင်း တို့မှာ ပုံနှိပ်မူ မထွက်သေး၍ ပေးမူများကို လေ့လာပြီး ရေးသားခဲ့ခြင်း ဖြစ်သည်။ ထိုကြောင့် ဦးမေအောင် ရုတ်တရက် ကွယ်လွန်ချန်တွင် ပါဠိ ပါမောက္ခ ဦးဖေတင်မောင်က သုတေသန ဂျာနယ်တွင် ဝမ်းနည်း မှတ်တမ်း ရေးသောအခါ “ဦးမေအောင်သည် သုတေသန နယ်ပယ်တွင် ဇောက်ချခဲ့လျှင် ပထမတန်းစား သုတေသန ပညာရှင် အဖြစ် တွေ့နိုင်ကြောင်း” The Chronology of Burma (Myanmar) စာတမ်းကို ထောက်၍ မှတ်ချက် ချခဲ့ပါသည်။

ဦးမေအောင်၏ အခြား ထင်ရှားသော ယဉ်ကျေးမှု စာတမ်းမှာ ၁၉၁ဝ ခုနှစ် လန်ဒန်မြို့ လွိုက်ကရိတ်တာ ဗြိ တိန် ပုံနှိပ်တိုက်မှ ထုတ်ဝေသည့် Twentieth Century Impression of Burma (Myanmar) ၂ဝ ရာစု မြန်မာ့ ပုံရိပ်တွင် မြန်မာ့ ယဉ်ကျေးမှု ဓလေ့ဆိုင်ရာ ‘Burmese (Myanmar) Manners and Customes’ စာတမ်း ဖြစ် သည်။

ဦးမေအောင်ကို ၁၈၈ဝ ပြည့်နှစ်၊ ဇန်နဝါရီ ၆ ရက်နေ့တွင် စစ်တွေမြို့၌ အဖ ဦးသာဒိုးဖြူး၊ အမိ ဒေါ်နှောင်း ဒွေးတို့မှ ဖွားသည်။ မွေးချင်း ၄ ယောက်တွင် ဒုတိယမြောက် သားဖြစ်သည်။ ငယ်စဉ်ကပင် မိဘများ ကွယ် လွန်၍ အမေ့ဘက်မှ ဦးကြီး ဖြစ်သူ ဦးလှအောင်၊ ဒေါ်မြမေတို့က အိန္ဒိယသို့ ခေါ်ယူ၍ ကာလကတ္တားတွင် ပညာသင်ခဲ့ရသည်။ ဦးလှအောင်မှာ မြန်မာ တိုင်းရင်းသားများ ထဲမှ တဦးတည်းသော မဒရပ် ငွေတိုက် မင်းကြီး အဖြစ် အမှု ထမ်းရွက်ခဲ့ရ၍ ငွေစာရင်း မင်းကြီး ဦးလှအောင် အဖြစ် ထင်ရှားသည်။ ဒေါ်မြမေမှာ စစ်ကဲ ဦးထော်လေး၏ သမီးဖြစ်၍ မင်းကြီးကတော် ဒေါ်မြမေဟု လူသိများသည်။ ဦးမေအောင်မှာ စစ်ကဲ ဦးထော်လေး၏ ဒုတိယ အိမ်ထောင်မှ မွေးဖွားသည့် သမီး ဒေါ်မြမေ၏ ခင်ပွန်း ငွေတိုက်မင်းကြီး ဦးလှအောင် ၏ တူဖြစ်သည်။ ဦးမေအောင်သည် ကာလကတ္တားနှင့် ရန်ကုန် အစိုးရ အထက်တန်း ကျောင်းတွင် ပညာ သင်၍ တက္ကသိုလ်ဝင်တန်း စာမေးပွဲ၌ မြန်မာစာနှင့် အင်္ဂလိပ်စာ ပထမရ သဖြင့် ရနောင်း ဘုရင်ခံဆု ချီးမြှင့် ခံရသည်။ ရန်ကုန် ကောလိပ် အက်ဖ်အေ (ဥပစာတန်း) တွင် ပထမရ၍ ဂျားဒင်းဆု ထပ်မံ ရရှိသည်။ ၁၈၉၈ ခုနှစ်၊ ဘီအေ နောက်ဆုံးတန်းတွင် ပညာ သင်နေစဉ် ကျန်းမာရေး ချို့ယွင်း၍ ကျောင်းမှ ထွက်ခဲ့ရသည်။ ၁၉ဝ၂ ခုနှစ်တွင် ဒုတိယတန်း ရှေ့နေ စာမေးပွဲ အောင်မြင်ခဲ့သည်။

၁၈၉၉ ခုနှစ်တွင် မော်လမြိုင်မြို့ ရမ္မာပူရ စာပုံနှိပ်တိုက် ဦးထွန်းဖြူ၊ ဒေါ်မေတို့၏ သမီး မသိန်းမြနှင့် လက်ထပ် ခဲ့သည်။ ဒေါ်မေမှာ အခွန်ဝန် ဦးအုန်းရွှေ၊ ဒေါ်မျှား၏ သမီး ဖြစ်သည်။ ဒေါ်မျှားမှာ စစ်ကဲကြီး ဦးထော်လေးနှင့် ပထမ အိမ်ထောင်ဆက် ဒေါ်မင်းလူတို့မှ ဖွားမြင်ရာ ဒေါ်သိန်းမြမှာ စစ်ကဲကြီး ဦးထော်လေး၏ မြစ်ဖြစ်သည်။

ဦးမေအောင်သည် မြိတ်မြို့ အထက်တန်းကျောင်း အထက်တန်းပြ၊ မော်လမြိုင်မြို့ ရှင်မဗုဒ္ဓဃောသ အထက် တန်း ကျောင်းအုပ်၊ ၁၉ဝဝ ပြည့်နှစ်တွင် ရန်ကုန် မော်တင်လမ်း ဦးရွှေအိုးရေခဲစက်နှင့် သစ်ဝါးရောင်းဝယ်ရေး မန်နေဂျာအဖြစ် ဆောင်ရွက်သည်။ ၁၉ဝ၂ ခုနှစ်တွင် ဒုတိယတန်း ရှေ့နေ စာမေးပွဲ အောင်မြင်ပြီးနောက် ညီအစ်ကိုဝမ်းကွဲ တော်စပ်သူ ဦးဘလှအောင် (ငွေစာရင်း မင်းကြီး ဦးလှအောင်၊ မင်းကြီးကတော် ဒေါ်မြမေ တို့၏ တဦးတည်းသောသား) နှင့်အတူ ‘အောင်နှင့် အောင်’ အမည်ဖြင့် ရှေ့နေလုပ်ငန်းကို လုပ်ကိုင်သည်။

၁၉ဝ၄ ခုနှစ်တွင် ဦးဘလှအောင်နှင့် အတူ အင်္ဂလန်သို့ ဥပဒေ ပညာသင် ထွက်ခွာခဲ့သည်။ ၁၉ဝ၄ မှ ၁၉ဝ၇ ခုနှစ် အတွင်း အင်္ဂလန်နိုင်ငံ ကိန်းဘရစ် တက္ကသိုလ်မှ ဥပဒေဘွဲ့ (LL.B)၊ မဟာဝိဇ္ဇာဘွဲ့ (M.A) နှင့် လင်ကွန်း အင်း ဥပဒေ ကျောင်းမှ ဘာရစ်စတာ အက်ထ်လော (Barrister-at-Law) ဝတ်လုံဘွဲ့များကို ထူးချွန် စွာ ရရှိခဲ့၍ မြန်မာနိုင်ငံ ပညာရေး ဆင်ဒီကိတ် အဖွဲ့၏ ဘက်စုံ ပညာ ထူးချွန်ဆု ဘီဂန်ဒက် ရွှေတံဆိပ် ချီးမြှင့်ခံရသည်။

၁၉ဝ၈ မှ ၁၉၂ဝ အတွင်း ဘိလပ်ပြန် ဝတ်လုံတော်ရ အဖြစ် အသက်မွေး ဝမ်းကျောင်းပြု၍ ဝိုင်အမ်ဘီအေ (YMBA) ခေါ် ဗုဒ္ဓဘာသာ ကလျာဏယုဝ အသင်းကြီးတွင် ပါဝင် ဆောင်ရွက်ခဲ့သည်။ ဘိလပ်ပြန် ဝတ်လုံ တော်ရ ဦးပု (နန်းရင်းဝန် ဦးပု)၊ ပညာဝန် ဦးမုန်း၊ အငြိမ်းစားဝန်ထောက် ဦးဖေတို့နှင့် အတူ ဝိုင်အမ်ဘီအေ အသင်းများ ဖွဲ့စည်း တည်ထောင်ရေး အတွက် နယ်များသို့ ဆင်း၍ တရားဟောရာ ဝိုင်အမ်ဘီအေ အသင်း ကြီး၏ ရှေ့တန်း ဦးဆောင်သူ တဦး ဖြစ်လာသည်။ ၁၉၁၁ ခုနှစ် ရန်ကုန်မြို့တွင် ကျင်းပသော အရပ်ရပ် ဝိုင်အမ်ဘီအေအသင်းများ အစည်းအဝေးကြီးတွင် ချယ်ရာမင် (သဘာပတိ) အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၁၆ ခုနှစ် ဟင်္သတမြို့တွင် ကျင်းပသော စတုတ္ထ အကြိမ် ညီလာခံတွင် အစည်းအဝေး သဘာပတိ အဖြစ် ဆောင်ရွက်သည်။ ၁၉၁၇ ခုနှစ်၊ နိုဝင်ဘာလတွင် ဦးဖေ၊ ဦးဘဘေ၊ ဝတ်လုံတော်ရ ဦးစု (မန္ဈလေး) တို့နှင့် အတူ အိန္ဒိယနိုင်ငံ ကာလကတ္တားသို့ သွားရောက်၍ အိန္ဒိယနိုင်ငံ ဆိုင်ရာ အတွင်းဝန် မွန်တေဂူကို တွေ့ဆုံပြီး ကိုယ်ပိုင် အုပ်ချုပ်ရေးကို တင်ပြခဲ့သည်။

ဝိုင်အမ်ဘီအေ အသင်းကြီးသည် မူလ ရည်မှန်းချက် ဖြစ်သော အမျိုး ဘာသာ သာသနာ ကိစ္စများတွင် သာမ က နိုင်ငံရေး ကိစ္စများကို ဝင်ရောက် ဆောင်ရွက်လာရာ နိုင်ငံရေး မဆောင်ရွက်လိုသူ လူကြီး အဖွဲ့နှင့် နိုင်ငံ ရေးကို ဆက်လက် ဆောင်ရွက်လိုသူ လူငယ် အဖွဲ့ ကွဲပြားလာသည်။ လူကြီး အဖွဲ့ကို ‘တူ သာ သင်း’ (ဦးဘ တူ၊ ဦးဖိုးသာ၊ ဦးသင်း) တို့က ဦးဆောင်ခဲ့ရာ ဦးမေအောင်သည် လူကြီး အဖွဲ့ဘက်သို့ ပါဝင်ခဲ့ရာမှ ၁၉၂ဝ ခုနှစ်တွင် အစိုးရ လက်ထောက် ရှေ့နေ၊ ဥပဒေ သုံးသပ်ရေး အရာရှိ၊ ဥပဒေအဖွဲ့ အတွင်းရေးမှူး၊ အစိုးရ ရှေ့နေ၊ ရန်ကုန် တက္ကသိုလ် ဥပဒေဌာန အချိန်ပိုင်း ပါမောက္ခ၊ ၁၉၂၂ ခုနှစ်တွင် တရားလွှတ်တော် တရား ဝန်ကြီး၊ ၁၉၂၄ တွင်ပြည်ထဲရေး ဝန်ကြီးချုပ် အဖြစ် ဗြိတိသျှ အစိုးရ၏ သူကောင်းပြုခြင်း ခံရသည်။ ပြည်ထဲ ရေး ဝန်ကြီးချုပ် အဖြစ် တာဝန် ထမ်းဆောင်နေစဉ် ၁၉၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ပြင်ဦး လွင်မြို့၌ ရုတ်တရက် ကွယ်လွန်ခဲ့သည်။

ဦးမေအောင်တွင် သားသမီး ၃ ဦး ထွန်းကား၍ သားကြီး သတိုးအောင်မှာ ရန်ကုန် တက္ကသိုလ် ဘီအေ နောက် ဆုံးနှစ်တွင် ပညာ သင်ကြားနေစဉ် ကွယ်လွန်ခဲ့သည်။ သတိုးအောင်မှာ ပညာထူးချွန်၍ တက္ကသိုလ်ဝင်တန်း အောင်စဉ်က ဖခင် ဦးမေအောင် ကဲ့သို့ ရနောင်း ဘုရင်ခံဆု ရရှိခဲ့သည်။ သားငယ် ထွန်းလှအောင်မှာ ကိုလိုနီခေတ် အုပ်ချုပ်ရေး လောကတွင် ထင်ရှား၍ လွတ်လပ်ရေး ခေတ်ဦးတွင် ရဲမင်းကြီး ဦးထွန်းလှအောင် ဖြစ်သည်။ သမီးငယ် မမြစိန်မှာ မြန်မာ အမျိုးသမီးများ ထဲမှ ပထမဦးဆုံး အမ်အေ (သုတေသန အထူးပြု) ဘွဲ့၊ အောက်စဖို့ဒ် တက္ကသိုလ်မှ ဘီလစ်ဘွဲ့များ ရခဲ့သော သမိုင်းပညာရှင်တဦး ဖြစ်သည်။ ဥပစာတန်းတွင် ပထမ ရ၍ ဖခင်ကဲ့သို့ ဂျားဒင်းဆု ချီးမြှင့်ခြင်း ခံရသည်။

ဦးမေအောင်သည် မြန်မာနိုင်ငံ ပညာရေး ဆင်ဒိကိတ် အဖွဲ့ဝင်၊ ရန်ကုန် တက္ကသိုလ် ကောင်စီဝင်၊ တက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့ဝင် တဦး ဖြစ်၍ ကရက်ဒေါက် စီမံကိန်းတွင် ပါဝင်ခဲ့ရရာ အချို့ ပုဂ္ဂိုလ်များ၏ အထင်မှား အမြင်မှား ခံခဲ့ရပါသည်။ ထို့ကြောင့် ပြည်ထဲရေး ဝန်ကြီးချုပ် ဦးမေအောင် ကွယ်လွန်သည့် အခါ ဒီးဒုတ် ဂျာနယ်၊ ဒုတိယတွဲ နံပါတ် ၂ (၁၂ ဇွန် ၁၉၂၆ ) တွင် ဒီးဒုတ် ဂျာနယ် တည်းဖြတ်သူ ဒီးဒုတ် ဦးဘချိုက အောက်ပါအတိုင်း မှတ်ချက် ချခဲ့ပါသည်

အထူးဝမ်းနည်းဖွယ်

ပြည်ထဲရေး ဌာန ဝန်ကြီးချုပ် ဦးမေအောင်သည် ဇွန်လ ၅ ရက်၊ စနေနေ့ ည ၈ နာရီ ၃၅ မိနစ်တွင်၊ မေမြို့ (ပြင်ဦးလွင်)ရှိ နေအိမ်၌ အနိစ္စရောက်ကြောင်း ကြားသိရသော ကျွန်ုပ်တို့မှာ။ အထူးဝမ်းနည်း နှစ်မြောမိသည် ဖြစ်ရာ။ ထိုသတင်းကို ကြားသိရသော တိုင်းရင်းသား မှန်သမျှတို့မှာ။ ကျွနိုပ်တို့ ကဲ့သို့ပင် ဝမ်းနည်းလိမ့်မည်ဟု မျှော်လင့်ပေကြောင်း။ သွားလေသူ ဦးမေအောင်မှာ။ အင်္ဂလိပ်ဘာသာ၌ သာလျှင် အထူး ပေါက်မြောက် ချီးမွမ်းလောက်သော ပဂ္ဂိုလ် မဟုတ်သေး။ မြန်မာဘာသာ – ပေါရာဏနှင့် ဝေါဟာရ စာဟောင်း စာမျဉ်း တို့ကိုလည်း။ အထူးလိုလား လိုက်စားသော ပုဂ္ဂိုလ်ကြီးဖြစ်သည့် အားလျော်စွာ။ ယခု နာမည် ထင်ရှားလျက် ရှိသော ပရိုဖက်ဆာ ဆရာလွန်း ထံ၌ တပည့် ခံခဲ့ဖူး၍။ ရှေးဧချင်းဟောင်း ၁၂ စောင်တွဲ စာအုပ် တအုပ်ကို ကိုယ်တိုင် တည်းဖြတ်၍ပင် ရိုက်နှိပ် ဖြန့်ချိ ခဲ့ဘူးလေသည်။ ဤကဲ့သို့ စွယ်စုံပညာဂုဏ် အရည်အချင်းဖြင့် ပြည့်စုံသဖြင့်။ မြန်မာပြည် တိုင်းရင်းသားတို့ ရရှိနိုင်သော ရာထူးများ အနက်။ အကြီးဆုံး ဖြစ်သော ပြည်ထဲရေး အမတ်ကြီး ရာထူးဖြင့်။ အစိုးရတို့၏ ချီးကြူး ခန့်အပ်ခြင်းကို ခံခဲ့ရသည် ဖြစ်ရာ။ အဆိုပါ ပုဂ္ဂိုလ်ကြီး၊ ထင်ရှား ရှိနေခြင်းသည်။ မြန်မာပြည်ကြီး၏ ကြက်သရေပင် ဖြစ်ရကာ။ ယခုကဲ့သို့။ သက်တန်း မစေ့မှီ။ ကွယ်လွန် အနိစ္စ ရောက်ရခြင်းအတွက်။ သာ၍ပင် ဝမ်းနည်းဘွယ် ဖြစ်ချေသည်။

အထင်မမှားအပ်ပေ

ဦးမေအောင် – ပြည်ထဲရေး ဝန်ကြီးချုပ် ရထူးကို ထမ်းရွက် နေခိုက်၌၊ တိုင်းသူ ပြည်သားတို့နှင့် တဘက် တလမ်း ပြုလုပ်သည်ဟု အချို့သော သတင်းစာများ၌ စွပ်စွဲချက် အရ။ သွားလေသူ ဦးမေအောင် အပေါ်၌ အထင် မမှားအပ်ပေ။ ဦးမေအောင်သည်။ အစိုးရ အမှုထမ်း အဖြစ်သို့ မရောက်မှီ။ ဝိုင်အမ်ဘီအေ အသင်း၌။ ဥက္ကဋ္ဌ အဖြစ်ဖြင့်ပင် အတော်ကြာ ဆောင်ရွက် ခဲ့သည့်ပြင်။ ဝတ်လုံ အတတ်ကို။ အင်္ဂလန်ပြည်သို့ သွားရောက် သင်ကြားပြီးနောက်။ မြန်မာပြည်သို့ ပြန်၍ ရောက်ရှိသော ဝတ်လုံများ အနက်။ မိမိတို့ မျိုးရိုးဇာတိ အဝတ် အစားကို မပြောင်းလဲဘဲ။ အမြဲဝတ်ဆင်လေ့ ရှိသူမှာ။ ဦးမေအောင်ပင် ဖြစ်ရကာ။ ဤကဲ့သို့ မျိုးရိုး ဇာတိကို ရိုသေသော ပညာရှိ တယောက်သည်။ မိမိ အလိုအလျောက်အားဖြင့်။ တိုင်းသူပြည်သားတို့ ဆန့်ကျင်၍။ တိုင်းပြည် ပျက်စီးအောင် ပြုလိမ့်မည်ဟု မမျှော်လင့်အပ်ပေ။ မိမိထမ်းရသော ရာထူး၏ အခွင့် ရှိသလောက် သာလျှင် ဆောင်ရွက်နိုင်သည် ဖြစ်ရာ၊ ဦးမေအောင်၏ စီမံခန့်ခွဲခြင်းတို့သည်။ တိုင်းသူ ပြည်သားတို့၏ အလို နှင့် ဆန့်ကျင်ခဲ့သော။ အုပ်ချုပ်ခြင်း စည်းစနစ် ဖြစ်သော ဒိုင်အာကီကို သာလျှင် အပြစ်တင် ထိုက်ပေသည်။ (မူရင်းသတ်ပုံ အတိုင်း ဖော်ပြပါသည်။)

” . . . အင်္ဂလိပ်ဘာသာ၌ သာလျှင် အထူး ပေါက်မြောက် ချီးမွမ်းလောက်သော ပုဂ္ဂိုလ် မဟုတ်သေး။ မြန်မာ ဘာသာ – ပေါရာဏနှင့် ဝေါဟာရ စာဟောင်း စာမျဉ်း တို့ကိုလည်း။ အထူးလိုလား လိုက်စားသော ပုဂ္ဂိုလ် ကြီးဖြစ်သည့် အားလျော်စွာ။ ယခု နာမည် ထင်ရှားလျက် ရှိသော ပရိုဖက်ဆာ ဆရာလွန်း ထံ၌ တပည့် ခံခဲ့ ဖူး၍။ ရှေးဧချင်းဟောင်း ၁၂ စောင်တွဲ စာအုပ် တအုပ်ကို ကိုယ်တိုင် တည်းဖြတ်၍ပင် ရိုက်နှိပ် ဖြန့်ချိ ခဲ့ဘူး လေသည်။ ဤကဲ့သို့ စွယ်စုံပညာဂုဏ် အရည်အချင်းဖြင့် ပြည့်စုံသဖြင့်။ မြန်မာပြည် တိုင်းရင်းသားတို့ ရရှိနိုင် သော ရာထူးများ အနက်။ အကြီးဆုံး ဖြစ်သော ပြည်ထဲရေး အမတ်ကြီး ရာထူးဖြင့်။ အစိုးရတို့၏ ချီးကြူး ခန့် အပ်ခြင်းကို ခံခဲ့ရသည် ဖြစ်ရာ။ အဆိုပါ ပုဂ္ဂိုလ်ကြီး၊ ထင်ရှား ရှိနေခြင်းသည်။ မြန်မာပြည်ကြီး၏ ကြက် သရေ ပင် ဖြစ်ရကာ။ ယခုကဲ့သို့။ သက်တန်း မစေ့မှီ။ ကွယ်လွန် အနိစ္စ ရောက်ရခြင်းအတွက်။ သာ၍ပင် ဝမ်းနည်း ဘွယ် ဖြစ်ချေသည်။ . . . ” . [၂ဝဝ၇ ခုနှစ်၊ နိုဝင်ဘာလမှာ Unity စာပေက ပထမအကြိမ် အဖြစ်ထုတ်ဝေ ဖြန့်ချိ ခဲ့တဲ့ မောင်ဇေယျာရဲ့ 'ကမ္ဘာသိ မြန်မာများနှင့် ကမ္ဘာသိ မြန်မာ စာအုပ်များ' ကနေ "စွယ်စုံပညာရှင် ဦးမေ အောင်" အကြောင်းကို ပြန်လည် ကူးယူ ဖော်ပြတာ ဖြစ်ပါတယ်။]

အညွှန်း။

1. ဇော်ဂျီ၊ သခင် ကိုယ်တော်မှိုင်း ဋီကာ၊ ဒု-နှိပ်၊ ရန်ကုန်၊ ၁၉၆၉၊ စာ ၄၇။
2. ၂၅ နှစ်မြောက် ဓမ္မဗျူဟာ ငွေရတုစာစောင်။ ရန်ကုန်၊ ဓမ္မဗျူဟာ စာစောင်တိုက်၊ ၁၉၈၆။
3. ဝိုင်အမ်ဘီအေ ၇၅ နှစ် ခရီး၊ ရန်ကုန်၊ ဗုဒ္ဓဘာသာ ကလျာဏယုဝ အသင်း၊ ၁၉၈၂။
4. ‘အထူးဝမ်းနည်းဖွယ်’၊ ဒီဒုတ်ဂျာနယ် အတွဲ၂၊ အမှတ်၂ (၁၂ဇွန် ၁၉၂၆ ) စနေ၊ စာ ၁။
5. Twentieth Century Impressions of Burma. London: Lloy’ds Greater Britain Publishing
6. Pe Maung Tin, U. ‘The late U May Oung, obituary notice’ JBRS.Vol.16, Pt.2(Dec 1926) P.158.
7. Who’s who in Burma (Myanmar).
8. Calcutta: Indo-Burma Publishing Agency, 1926.P.172

ရခိုင် သမိုင်းစာအုပ် လေး တစ်အုပ်ပါ

      ရခိုင် သမိုင်းစာအုပ် လေး တစ်အုပ်ပါ   ရခိုင်သားကြီ ဆိုက်က ကုးယူခဲတာပါ  လိုချင်ရင် ဒီမှာယူပါ

မင်းပြားမြို့တွင် မီးမရသဖြင့် ဆယ်တန်းကျောင်းသားများအခက်ကြုံ

မင်းပြားမြို့တွင် မီးမရသဖြင့် ဆယ်တန်းကျောင်းသားများအခက်ကြုံ
---------------------------------------------------------------
မင်းပြားမြို့တွင် မီးမရသဖြင့် ဆယ်တန်းကျောင်းသားများ စက်ကျက်ရန် အခက်ကြုံနေရကြောင်းသိရသည်။
ယခင် အီပီစီ နစ်ဖြင့် လျှပ်စစ်မီးရရှိခဲ့သော်လည်း ယခုအခါအတွင် ဗဟိုမီး စက်မှတဆင့် လိုင်းခွဲထုတ်ယူကာ လျှပ်စစ်ဓါတ်အားဖြန့်ဖြူပေးနေသော် လည်း ယခင် အနေအထားထက် ဆိုးရွာစွာဖြစ်ပေါ်နေကြောင်းလည်း သိရှိ ရပါသည်။
ပုဂ္ဂလိက လုပ်ငန်းများအဖြစ်ပြောင်းလဲပေးသော်လည်း ဒေသခံများ အတွက် လျှပ်စစ်မီးရရှိသည့်အနေအထားမှ ယခင်ကထက် ပိုမိုဆိုးရွာလာ ခဲ့ ကြောင်းလည်းသိရသည်။ ထို့အပြင် မီတာထိန်းသိမ်းခအဖြစ် မြန်မာနိုင်ငံ တွင် လုံးဝမရှိသော ဈေးနုန်းဖြစ်သည့် ၂၀၀၀ ကျပ်ကိုလည်းပေးဆောင်နေ ရကြောင်းသိရသည်။

ငွေ ၂၀၀၀ မှာ ပံ့ပိုးငွေသာဖြစ်ပြီး ထိန်းသိမ်းစောင့်ရှောက်ခအဖြစ် ငွေ ၁၀၀၀ ပေါင်းလျင် ၃၀၀၀ ကျပ် အပိုပေးဆောင်ရကြောင်းလည်းသိရပါသည် ယင်းသို့ပေးဆောင်ရသော်လည်း မီးရချိန်မှာ လွန်စွာနည်းပါးပြီး မီးမ ရသော နေ့များနေကြောင်းလည်းသိရသည်။ ၇ နာရီမှ ၁၀ နာရီအထိ ပေး သောမီးတွင် နေ့တိုင်းစက်ပျက်နေခြင်းများကို ကြာနေရ ကြောင်းလည်း ဒေသခံများက ပြောဆိုပါသည်။ ထိုသို့ဖြစ်နေခြင်း မှာလည်း ခရိုနီများနှင့် ဒေသခံအာဏာပိုင်များ လုပ်ကိုင်နေသော လုပ်ရပ် ဖြစ်ပြီး မီးမရသောကာလမှာပိုမိုများပြားလာခဲ့သည့်ပြင် ဒေသခံများ
အနေဖြင့်လည်း မည်သူမျှ မပြောရဲကြောင်း ၊ ပြောလျင်လည်း ဌာနဆိုင်ရာ
များမှ အရေးမယူခြင်းကြောင့်နှင့်လွှတ်တော်အတွင်း၌ပင် ထိုကိစ္စများကို ပယ်ချလိုက်ခြင်းများ ရှိနေခဲ့ကြောင်းလည်းသိရှိရပါသည်။      
                                               RSV facebook page မှကူးယူဖော်ပြခြင်းမျှသာဖြစ်ပါသည်

ရခိုင်အမျိုးသားတို့၏ ရိုးရာ လက်ထပ်မင်္ဂလာပွဲဓလေ့ထုံးစမ်း

ရခိုင်အမျိုးသားတို့၏ ရိုးရာ လက်ထပ်မင်္ဂလာပွဲဓလေ့ထုံးစမ်း

ရခိုင်အပျိုလူပျိုတိုက အရွယ်ရောက်ကြလျှင် လူငယ်ချင်းချစ်ကြိုက်၍ လက်ထက်မင်္ဂလာပွဲပြုလုပ်တာရှိသလို … အများအားဖြင့်မိဘတို့က အိမ်ထောင်ဘက်ကို ရွေးပေးကြတာများပါတယ်။ရခိုင်လူမျိုးသည် မိဘစကား ကိုနာခံတက်သူများ ဖြစ်သဖြင့်မိဘတို့၏အစီအမံကိုလက်ခံကြသည်။
သားသမီးများ အချိန်တန်အရွယ်ရောက်လာလျှင် အိမ်ထောင်ဖက်ကို အများအားဖြင့် မိဘများက ရွေးချယ်ပေးသောအလေ့ သည်ရခိုင်လူမျိုးတို့တွင် ယခုခေတ်ချိန်ထိတိုင်ရှိလေသည်။ရှေးရိုးအစဉ်အဆက် ကျင့်သုံးလာခဲ့သော ရခိုင်လူမျိုးတို့၏ လက်ထပ်မင်္ဂလာပွဲဓလေ့သည် ဗမာတို့နှင့်မတူခြားသော ဓလေ့ထုံးစံများဖြစ်တယ်ဆိုတာ…

ရခိုင်ရိုးရာ သမက်တက်

ရခိုင်ရိုးရာမင်္ဂလာဆောင်မှာ မြန်မာရိုးရာမင်္ဂလာဆောင်နှင့်မတူတစ်မူထူးခြားပါသည်။သတို့သမီးနှင့်သတို့သား
လက်ထက်ထိမ်းမြားသောမင်္ဂလာဆောင်ပွဲကိုရခိုင်တွင် သမက်တက်ပွဲဟုခေါ်ပါသည်။ယောက္ခမအိမ်သို့သမက်ကိုတင်ပို့ရသောကြောင့်
လည်းကောင်း၊လက်ထပ်ရန်သွားရသောကြောင့်လည်းကောင်း သမက်တက်အွဟြဟုခေါ်ရခြင်းဖြစ်၏။သံတွဲ၊ကျောက်ဖြူ ၊မာန်အောင် နှင့်အခြားသော ဒေသတို့တွင် အနည်းငယ်ကွဲလွဲချက်များရှိကြပါသည်။

သမီးတောင်းခြင်း

ပထမယောက်ျားလေးဘက်မှမိန်းမပျိုကိုကြိုက်လျှင်အရပ်မှအမျိုးသမီးကြီးမှတစ်ဆင့်
ပြောကြားပြီးရက်တည့်မတည့်ဇာတာများယှဉ်ပြီးစစ်ဆေးကြရသည်။ထို့နောက်ကောင်း
သောရက်ကိုရွေးချယ်ပြီးစေ့စပ်ကြောင်းလမ်းခြင်းပြုလုပ်ကြသည်။

စေ့စပ်ကြောင်းလမ်းခြင်း မင်္ဂလာ (အသွင်းနှင်းခြင်း၊ပန်းဆင်ခြင်း)

စေ့စပ်ကြောင်းလမ်းမင်္ဂလာပွဲကိုသတိုးသမီး(သမီးရှင်)အိမ်တွင်ပြုလုပ်သည်။ရှေးဦးစွာသမီးရှင်ထိုင်
ရန်နေရာ၏လက်ဝဲလက်ယာဘက်တွင်အမျိုးသမီးအိမ်ထောင်သည်နှစ်ဦးထိုင်နေရပါသည်။ဆွေမျိုးများ
နှင့်ဖိတ်ကြားထားသောဧည့်သည်များကယင်းတို့၏ရှေ့တွင်နေရာယူထိုင်ကြရပါသည်။ထိုအချိန်တွင် သမီးရှင်ထွက်မလာရသေးပါ။သတ်မှတ်ထားသောမင်္ဂလာအချိန်ကျရောက်သောအခါ သတိုးသား(သမက်ရှင်)ဘက်မှဆွေမျိုးပရိတ်သတ်များလာရောက်ကြသည်။လာရောက်ကြသောအခါ သမီးရှင်ကိုဆင်မြန်းပေးရန်ပန်းများနှင့်စားစရာမုန့်အချိုများ၊ကောက်ညှင်းပေါင်းများကိုငွေဖလားထဲ
တွင်ထုံးတမ်းစဉ်လာနှင့်အညီထည့်၍ယူလာကြရသည်။မုန့်အချိုမှာနို့မလိုင်မုန့်၊ဆံခွေမုန့်တို့ဖြစ်
သည်။ငွေဖလားအရေအတွက်မှာလည်း မဂဏန်းအရေတွက်တိုင်းကြိုက်သလိုအသုံးပြုနိုင်သည်။
သမီးရှင်သည်အမျိုးသမီးအရံတစ်ဦးနှင့်အတူထွက်လာပြီး သတ်မှတ်ထားသောနေရာတွင်ထိုင်ရပါသည်။
ပန်းများ၊မုန့်များနှင့်အတူ သမက်ရှင်မိဘများထံမသမီးရှင်အားစေ့စပ်ကြောင်းလမ်းခြင်း
(ရခိုင်အခ်ါကတိသစ္စာပြုခြင်းအထိမ်းအမှတ်)အဖြစ် သားရှင်ဘက်မှအမေ (သို့) အစ်မကမိန်းကလေးကိုကန်တော့ကြီးဆံထုံး(ဘီးဆံထုံး)တွင်ပန်းဆင်ပေးရသည်။
ထို့နောက်လက်ဝတ်ရတနာများကို ရွှေကျပ်ချိန်ဖြင့်ပေးပြီး အသွင်နှင်းခြင်း ဆောင်ရွက်ရသည်။ထိုရတနာဆင်မြန်းခြင်း၊သမီးရှင်ကိုပန်းပန်ပေးခြင်းများကို
ဝတ်ဆင်ပေးသူကိုသမီးရှင်ကအရိုအသေပြု ကန်တော့ပြီးလျှင် စေ့စပ်မင်္ဂလာအောင်မြင်ပါတော့သည်။
မင်္ဂလာလက်ထပ်မည့်နေ့ရက်ကို ယင်းအချိန်မှာပင် နှစ်ဦးနှစ်ဘက် ညှိနှိုင်းဆွေးနွေးပြီးသတ်မှတ်ကြပါသည်။ဆွေမျိုးပရိသတ်တို့ကိုမင်္ဂလာရက်ကြေညာပေးသည်။
ထို့နောက်ကြွရောက်လာသောနှစ်ဦးနှစ်ဘက်ဆွေမျိုးပရိသတ်တို့ကိုဧည့်ခံကျွေးမွေးရသည်။
စေ့စပ်ပွဲပြီး၍ သမက်ရှင် ဘက်မှပြန်ကျသောအခါ သမက်ရှင် ဘက်မှယူလာသောငွေဖလားထဲမှ
မုန့်အချိုများကို သမီးရှင် ဘက်မှလက်ခံယူပြီးနောက်ယင်းဖလားထဲသို့ သမီးရှင် ဘက်မှလည်း
မုန့်များကိုပြန်လည်ထည့်ပေးရပါသည်။

လက်ထပ်မင်္ဂလာပွဲ

လက်ထပ်မင်္ဂလာပွဲတွက်မင်္ဂလာပွဲတင်ကိုတစ်ရက်ကြိုတင်လုပ်ရသည်။မင်္ဂလာပွဲတင်သည်လက်ထပ်မင်္ဂလာပွဲတွက်ရှေးဦးစွာဆောင်ရွက်ရသောလုပ်ငန်းဖြစ်ပါသည်။ယင်းပွဲကို သမီးရှင် အိမ်၌သာပြုလုပ်ရပါသည်။ မင်္ဂလာပွဲနေ့ရောက်သောအခါ ယင်းနေ့န်အရုဏ်ချိန်တွင် သမီးရှင် သမက်ရှင်တို့အားမိမိတို့အိမ်များမှာ ပင်မတ်စွာဘုရားအားဦးထိပ်ထား၍
ဘုန်းကြီးငါးပါးအား မင်္ဂလာဆွမ်းကပ်ပြီးမင်္ဂလာပရိတ်နာရပါသည်။ဘိုးဘွားလူကြီးမိဘတို့ကိုကန်တော့၊
မင်္ဂလာစကားကျွမ်းကျင်သူများက နံ့သာရည်တို့ဖြင့်ပတ်ဖျန်းခြင်းတို့ပြုလုပ်ကာ မင်္ဂလာမြှောက်ကြသည်။ပရိတ်နာရာတွင် ပရိတ်ကြီးမှာလက်ထက်ပွဲအတွက် အဓိကအရေးကြီးဆုံးအချက်ဖြစ်သည်။ရှေးဦးစွာ မင်္ဂလာစားပွဲငယ်ကိုပြင်ဆင်ရပါသည်။ယင်းစားပွဲတွင်ပါ
ဝင်ရမည့် အချက်များမှာ-
မင်္ဂလာမြှောက်ခြင်း
မင်္ဂလာထမင်းပွဲပြင်ဆင်ခြင်း

- သီးသန့်ပြုလုပ်ထားသောမင်္ဂလာစားပွဲကိုစားပွဲခင်းခင်း၍အပေါ်တွင်စပါးခင်းထားသည်။
- ဖြန့်ကြဲထားသောစပါးပေါ်တွင်ဘဲဥပုံမင်္ဂလာကြွေလင်ပန်းကြီးတွင်ကောက်ညှင်းနှင့်ထမင်းများ
ထည့်၍ တင်ထားရမည်။
- ယင်းထမင်းပေါ်တွင် ချက်ပြီးသာ်းခြေလက်အမွေးစုံသောပုစွန်တုပ်ကြီးနှစ်ကောင်၊အမွေးစုံအကြေးခွံပါသော ငါးကန်သားနှစ်ကောင် ၊ဘဲဥနှစ်လုံး ၊မျောက်ဥ ခေါ် ကန်စွန်းဥနှစ်ဥ နှင့်အခွံခွာပြီးသော ရခိုင်ငှက်ပျောသီးနှစ်လုံး တို့ဖြင့်ပြင်ဆင်ထားရသည်။ငါး၊ပုစွန်၊ဥ၊သီးနှံစပါးပေါကြွယ်စေရန်အတိတ်နမိတ်ယူထားခြင်းဖြစ်ပါသည်။
စပါးများထဲတွင်ရွှေဒင်္ဂါး၊ငွေဒင်္ဂါးများမြှပ်နှံထားကြသည်။ရွှေငွေပွားများအောင်
ရည်၇ွယ်ခြင်းဖြစ်ပါသည်။

-သမီးရှင်ထိုင်သောနေရာလက်ယာဘက်တွင်ရေစင်အိုးဟုခေါ်သောကြေးအိုးငယ်နှစ်လုံးတင်ထားရပါသည်။ကြေးအိုးအပြင်ဘက်ပတ်လည်ကို မင်္ဂလာပရိတ်ချည်ဖြင့်ပတ်ပေးထားရသည်။

- ကြေးအိုး၌ရေထည့်ထားပြီး မြေဇာရွက်၊သပြေပန်း၊အချိန်ခါကောင်း သတ်မှတ်သောစာရွက်(အခါစာ)တို့ကိုထိုးရပါမည်။

- ထမင်းပန်းကန်၏လက်ဝဲဘက်တွင် ဟင်းပန်းကန် ၅လုံးတင်ပြီးယင်းပန်းကန်အသီးသီးတွင်ကြက်တစ်ကောင်လုံးအူအသည်းစုံစွာ ငရုတ်သီးမပါဝင်ဘဲချက်ထည့်ရပါမည်။ပုစွန်ထုပ်ကိုအကောင်မပျက်လှော်ထည့်ရပါမည်။

- ရွှေဖရုံသီးချက်ထည့်ရပါမည်။ကျန်ပန်းကန်နှစ်ခုတွင် ကြက်နှင့်ပုစွန်ပဲထည့်ရပါမည်။
(ကြက် နှစ်ပန်းကန်၊ပုစွန်နှစ်ပန်းကန်၊ရွှေဖရုံသီးတစ်ပန်းကန်ဖြစ်သည်။)

မင်္ဂလာလက်ဆုံထမင်းပွဲတွင် ငကန်သား (အကြေးရှိသောငါး)၊ကြက်သား၊ဘဲဥ၊ပုစွန်၊
မြောက်ဥ (ကန်စွန်းဥ)၊ချဉ်ပေါင်ဟင်းများထည့်ထားသည့်ဟင်းပန်းကန်ကတစ်ဖက်ထားရှိပါသည်။ပုစွန်ဆိုလျှင် နှုတ်ခမ်းမွှေးပင်မပြတ်စေရ။အကျိုးအပဲ့အနာအဆာများမပါစေရန် အထူးဂရုပြုရ၏။
ဤမင်္ဂလာစားပွဲကို မင်္ဂလာဆောင်မည့်နေရာတွင်ထားရှိပြီး မင်္ဂလာမြှောက်ခြင်းပြုလုပ်ကြသည်။
(အညွှန့်ရှိသော်အမျိုးသမီးက သမက်ရှင်အိမ်မှဆန်နို့ဆီဗူး နှစ်ဗူး၊လေးဗူး၊ခြောက်ဘူး စသဖြင့် စုံဂဏန်းကို သမီးရှင်အိမ်သို့သွားပို့ သမီးရှင်အိမ်မှဆန်များနှင့်ရောပြီး အညွှန့် ရှိသော်အမျိုးသမီးကသာ မင်္ဂလာလက်ဆုံထမင်းပွဲအတွက်ချက်ရသည်။အညွှန့်ရှိသော်အမျိုးသမီးဆိုသည်မှာလူပျိုအပျိုလက်ထပ်ကြပြီး ယခုတိုင်မောင်နှံစုံအတူတကွနေထိုင်၍သားသမီးတစ်ဦးတစ်လေမှပျက်စီးခြင်းမရှိသော
အိမ်ထောင်ရှင်မကိုဆိုလိုသည်။)

အထက်ပါ မင်္ဂလာပွဲပြင်ဆင်ခြင်းအလုပ်ကို ဘုန်းကြီးမကြွမီပြင်ဆင်ထားရပါသည်။ဘုန်းကြီးကြွလာပြီးပရိတ်နာသည့်အခါမင်္ဂလာစားပွဲမှာဘုန်းကြီးများ ရှေ့တွင်တည်ရှိနေရပါမည်။ယင်းမင်္ဂလာစားပွဲရှေ့တွင်သမီးရှင်က အမျိုးသမီးနှစ်ဦးလက်
ဝဲလက်ယာရံ၍ထိုင်ရပါမည်။ထိုအရံအမျိုးသမီးနှစ်ဦးမှာ သမီးရှင်မွေးရက်နှင့်နေ့နံသင့်တော်သူများသာဖြစ်ရပါမည်။ရှေးဦးစွာသီလခံယူပြီးလျှင်
ပရိတ်ကြိုးဖြင့်စည်းဝိုင်းချရပါသည်။

သမီးစောင့်ခြင်း

သမက်တက်သည့်နေ့နံနက်ကိုးနာရီခန့်တွင်သမီးရှင်နှင့်ရင်းနှီးသောမိတ်ဆွေမိန်းကလေးများဆွေမျိုးများကိုထမင်းကျွေးမွေးကြသည်။သမီးရှင်မှာ
အလှပဆုံးဝတ်စားခြယ်လှယ်ကာ နေ့သင့်နံသင့်အပျိုရံနှစ်ယောက်လက်ဝဲလက်ယာရံလျက် မင်္ဂလာဆောင်မည့်နေရာ တွင် ထိုင်၍ဧည့်ခံရသည်။

သမက်တက်ခြင်း

သမက်ရှင်ဘက်မှ သမီးရှင်ဘက်သို့သွားကြသောအခါ သမက်ရှင်အဖေ၊အဘိုးဆွေမျိုးများ အမျိုးသားကြီးများကရှေ့မှဦးဆောင်လာကြပြီးအမေ၊အဘွားအမျိုးသမီးကြီးများကနောက်
လိုက်ကြရသည်။ထို့နောက်အုပ်ထမ်းသူအညွန့်အမျိုးသမီးများကတစ်ယောက်ချင်းတန်းစီ၍လျှောက်လာ
ကြရသည်။အုပ်ထမ်းသူများမှာမိန်းမချောမိန်းမလှလေးများဖြစ်ကြသည်။ရှေ့ဆုံးမှအညွန့်ပန်းအုပ်ကိုသမက်ရှင်၏အစ်မ၊သို့မဟုတ်ဆွေမျိုးရင်းချာထဲကထမ်းရသည်။နောက်အုပ်များတွင်မုန့်အမျိုးမျိုး၊ငှက်ပျောသီးများထည့်ကာထမ်းလာကြ
သည်။အုပ်ထမ်းသူများအတွက်လက်ဆောင်အဖြစ်ပုဝါပိုင်းများကိုအုပ်များတွင်ချည်နှောင်ထားရှိကြသည်။အုပ်များကိုသမက်ရှင်တက်နိုင်သည့်အလျောက်၇အုပ်၉အုပ်ထားရှိကြသည်။အုပ်ထမ်းသူများ၏နောက်နားတွင် သမက်ရှင်အဖွဲ့ပါလာကြသည်။သမက်ရှင်၏ဦးသျှောင်နှင့်ရေစင်အိုးကိုရှေ့ကသယ်ယူလာကြပြီးသမက်ရှင်မှာခေါင်းပေါင်း၊တောင်ရှည်ပုဆိုး၊လည်တောင်အင်္ကျီ၊ရင်ဖုံးတိုက်ပုံကိုဝတ်ဆင်ကာဓားရှည်လွယ်သူ၊ယပ်ရှည်ကိုင်ဆောင်သူများခြံရံလျက်
လိုက်ပါလာပါသည်။၎င်းတို့၏နောက်တွင်သမက်ရှင်၏အပေါင်းအဖော်များမှာ သေတ္တာနှင့်အိပ်ရာလိပ်တို့ကိုသယ်ဆောင်လာပြီး ဗုံ၊လင်ကွင်း၊ပုလွေ တီးမှုတ်သူများနှင့်တပျော်တပါးလိုက်ပါလာကြပါသည်။သမီးရှင်အိမ်ရောက်သည့်အခါ သမီးရှင်မိဘဆွေမျိုးများကဆီးကြို၍ ဧည့်ခံရင်းနေရာထိုင်ခင်းများပေးကြသည်။ရှေးဦးစွာအညွန့်အုပ်ထမ်းသူက အညွန့်အုပ်နှင့်အတူပန်းဆင်ပေးရန်သမီးရှင်နားနေရာယူရသည်။ကျန်အုပ်များကိုသမီးရှင်အိမ်မှလက်ခံယူ၍နေရာချထားကြသည်။သမက်ရှင်ဘက်မှသယ်ဆောင်လာသောမင်္ဂလာရေစင်အိုးကိုလည်းမင်္ဂလာစားပွဲ
ပေါ်တွင်သမီးရှင်၏ရေစင်အိုးနှင့်အတူထားရှိရသည်။အညွန့်အုပ်ထမ်းလာသူက သမက်ရှင်၏အစ်မဆွေမျိုးများက သမီးရှင်ကိုပန်းဆင်ပေးရသည်။အညွန့်အုပ်တွင်ရာသီအလိုက
်ပန်းများပါလာကြသည်။ဥပမာ-

နှင်းပန်း နှင်းကဲ့သို့အေးစေရန်
နှင်းဆီပန်း နှင်း၏အဆီအနှစ်ကဲ့သို့အေးချမ်းစေရန်
သဇင်ပန်း သန့်စင်ရန်
အချစ်တစ်ရာပန်း အချစ်တစ်ရာတိုင်ကြစေရန်
(အ၀ါရောင်ကုလားမင်္ဂလာပန်း)
စံပန်းကုံး စံရရန်

ပန်းများပန်းကုံးများကိုတစ်စုံစီအညွန့်အုပ်တွင်ထည့်လာရသည်။ပန်းဆင်ပေးသူက ပန်းများကို တစ်စုံစီငါးစုံ ဆင်မြန်းပေးရသည်။ဆံထုံးထဲတွင်လဲပန်းကုံးများထည့်၍ပန်းပေးရသည်။ထို့နောက်သမီးရှင်ကိုဦးသျှောင်ဆောင်းပေးပြီးမျက်နှာကိုဖုံးအုပ်ထားရသည်။သမီးရှင်ကိုပန်းဆင်ပြီးနောက်သမက်ရှင်ကိုအိမ်ထဲသို့ဝင်စေသည်။အ၀င်တွင်သမီးရှင်၏ ညီမအပျိုကခြေဆေး၍ငွေတောင်းခံသည်။လူပျိုရံများကဈေးဆစ်ကြခြင်းဖြင့်အချေအတင်ပြောဆိုကြသည်။လူပျိုရံ၊အပျိုရံများတစေ့တစောင်းပြောဆိုကြသဖြင့်ပျော်စရာကောင်းသောအချိန်
ဖြစ်ပေသည်။အိမ်ပေါ်ေ၇ာက်သောအခါသမက်ရှင်ကိုရေတစ်ခွက်တိုက်ရသည်။
ထို့နောက် သမက်ရှင်ကိုသမီးရှင်၏ညဘက်တွင်နေရာယူစေပြီးဦးသျှောင်ဆောင်းပေးရသည်။ထိမ်းများပေးသူများက မင်္ဂလာစားပွဲပေါ်ရှိ မင်္ဂလာထမင်းပွဲကိုလည်းကောင်း၊ရေစင်အိုးများကိုလည်းကောင်း၇ပတ်၊ ၉ပတ်ပတ်ထားသော
ပရိတ်ချည်မျှင်ကွင်းများဖြင့်တစ်မျိုးတစ်စုံစီကျစီရစ်ပတ်ပေးရသည်။ထို့နောက်မောင်နှံအစုံ
အပါအ၀င်၊မင်္ဂလာစားပွဲ၊အိပ်ရာလိပ်၊သေတ္တာများ အားလုံးကိုပရိတ်ချည်မျှင်ဖြင့်ရစ်ပတ်ပေးရသည်။ထို့နောက်သမတ်ရှင်၏ညာလက်နှင့်သမီး
ရှင်၏ညာလက်ကိုပေါင်း၍ချည်မျှင်များဖြင့်ရစ်ပတ်ပေးရသည်။လက်ထပ်ပေးသည့်အမျိုးသမီးကြီးများကမောင်နှံစုံကိုအောင်သပြေခက်ဖြင့်ရေစင်အိုးနှစ်စုံမှပေါင်းစပ်ထားသောရေစင်များပက်ဖျန်းကာဆုတောင်းမေတ္တာပို့ပေးကြသည်။ဆက်လက်၍သမတ်ရှင်နှင့်သမီးရှင်လက်များကိုပေါင်းပြီးရေစင်များသွန်းလောင်းကြပါသည်။သမီးရှင်လက်ကိုအောက်တွင်ထားပြီးသမက်ရှင်လက်ကိုအပေါ်မှထားကြ
သည်။အချို့မှာသမက်ရှင်လက်ကိုအောက်ကလှန်ထားပြီး
သမီးရှင်လက်ကိုအပေါ်ကမှောက်ထားသည်။အဓိပါယ်မှာသမက်ရှင်ကသမီးရှင်ကိုညာလက်
ဖြင့်တောင်းခြင်းကိုသမီးရှင်ကညာလက်ဖြင့်လက်ခံခြင်း၊သမက်ရှင်ကသမီးရှင်ကိုတစ်သက်
လုံးစောင့် ရှောက်ထောက်ပံတာဝန်ယူသွားမည်ဟူသောသဘောကိုဆောင်ပါသည်။

မိဘများကို ကန်တော့ခြင်း

သမီးရှင်ရှေ့တွင်သမက်ရှင်ဖခင်၊သမက်ရှင်ရှေ့တွင်သမီးရှင်ဖခင်တို့ကနေရာယူရပါသည်။
သမီးရှင်သမက်ရှင်တို့က ဖခင်နှစ်ဦးရုံလာသောတဘက်ဖြူထဲသို့ ထမင်းခုနှစ်ဆုပ် တစ်ပြိုင်တည်းထည့်ပေးခြင်း၊မိခင်များအားလည်းထမင်းထမင်းခုနှစ်ဆုပ် တစ်ပြိုင်တည်းထည့်ပေးခြင်းသည်မိဘနှစ်ပါးကိုကန်တော့ခြင်းသဘောဖြစ်သည်။

လက်ဆုံစားခြင်း

မိဘများကိုကန်တော့ပြီးနောက်မောင်နှံစုံကမင်္ဂလာထမင်းကိုခုနှစ်ဆုပ်စီလက်ဆုံစားကြသည်။စားသောက်ပြီးငွေဖလားတွင်အတူ
လက်ဆေးကြရသည်။

လက်ဖွဲ့ခြင်း

ထမင်း လက်ဆုံစားပြီးနောက်မိဘဆွေမျိုးမိတ်ဆွေများက သမီးရှင်သမက်ရှင်ရှေ့ရှိငွေဖလားနှစ်ခုထဲသို့လက်ဖွဲ့ငွေများထည့်ကြပါသည်။လက်ဖွဲ့ခံပြီး
သောဖလားကိုသမက်ရှင်က သမီးရှင်ကိုအပ်ရပ်သည်။သမီးရှင်ကကန်တော့၍လက်ခံယူရပါသည်။

သျှောင်ချသျှောင်တင်

သမက်ရှင်ကမိမိဦးသျှောင်ကိုချွတ်၍ စားပွဲပေါ်တင်ထား
ပြီးလျှင်သမီးသျှင်၏ဦးသျှောင်ကိုချွတ်ယူကာမိမိ၏ဦးသျှောင်ကိုဆောင်းပေးရသည်။
သျှောင်တင်သျှောင်ချပြုလုပ်စဉ်သမီးရှင်ကသမက်ရှင်ကိုရှိခိုးနေရပါသည်။
သျှောင်တင်သျှောင်ခအဖြစ်သမက်ရှင်ကသမီးရှင်ကိုငွေလက်ဖွဲ့သဖြင့်သမီးရှင်ကန်တော့ပြီးလက်ခံရယူရသည်။
မ၈င်္လာအခမ်းအနားပွဲအပြီးတွင်ထွက်ခွာခွင့်ရရန်သမက်ရှင်က သမီးရှင်ဘက်မှအပျိုရံလူပျိုရံတို့က ရွှေကြိုတား၍ကြိုးတားခပေးရသည်။နောက်ဆုံးခန်းဝင်ခပေးဆောင်ရသည်။

အိမ်ပြန်လည်ခြင်း

သမက်တက်ပြီး၇ရက်နေ့တွင်သမီးရှင်သမက်ရှင်တို့သည်သမက်ရှင်၏မိဘအိမ်သို့နံနက်မှစ၍လည်ကြရသည်။သမက်ရှင်၏မိဘ၊ဘိုးဘွားများကိုသမီးရှင်သမက်ရှင်တို့ကကန်တော့ရသည်။ညနေစာစား
ပြီးမှပြန်ကြသည်။သည်လိုနှင့်ပင်ကြင်စဦးဇနီးမောင်နှံတို့သည်အိုးအိမ်တည်ဆောက်ကာတလင်တမယားစနစ်ဖြင့်နေထိုင်ကြတော့သည်။

ရခိုင်လူမျိုးတို့သည်မင်္ဂလာပွဲကိုဝါတွင်းနှင့်ပြာသိုလများတွင်ရှောင်လေ့ရှိပြီးတပေါင်း၊တန်ခူးလများတွင်အများဆုံးကျင်းပပြုလုပ်ကြသည်။ ပြာသိုလတွင်မင်္ဂလာဆောင်ကအိမ်ထောင်စီးပွားရေးမဖြစ်ဘဲမွဲပြာကျတတ်သည်ဟုယူဆကြ
သည်။ရခိုင် ဓလေ့ထုံးတမ်းစဉ်လာအရမင်္ဂလာပွဲနှင့်ပတ်သက်၍လိုက်နာရမည့်စည်းကမ်းချက်များစွာ
ရှိလေသည်။ထိုချမှတ်ထားသောစည်းကမ်းချက်များကိုအတိအကျပြုလုပ်ကြသဖြင့်လက်ထပ်ပွဲသည် ပကာသနမဖက်အရိုးခံသက်သက်ဖြင့်ရှေးရိုးရာမပျက်ချစ်စရာမြတ်နိုးစရာ အသွင်များဆောင်နေပါသည်။ရခိုင်လူမျိုးတို့၏ချစ်စရာကောင်းသောဓလေ့၊ တစ်မူထူးခြား
သောမင်္ဂလာအယူအဆများဖြင့်ပြည့်လျှံနေကြောင်းတွေ့ရပါသည်။

ကျောက်ဖြူ

ကျမ်းကိုးကားစာအုပ်များ - သားချင်းတို့အကြောင်းတစေ့တစောင်း(မောင်အောင်မွန်)
- ပြည်ထောင်စုသားတို့၏ရိုးရာလက်ထပ်မင်္ဂလာပွဲဓလေ့များ
(တက္ကသိုလ်သျှင်သီရိ)
- မြတ်ပန်းသဇင်ရခိုင်အမျိုးသမီးအသင်း(ရန်ကုန်)၂၀၀၇ ထုတ်
Photo: ရခိုင်အမျိုးသားတို့၏ ရိုးရာ လက်ထပ်မင်္ဂလာပွဲဓလေ့ထုံးစမ်း