• thumb
  • thumb
  • thumb
  • thumb
  • thumb
  • thumb
  • thumb
  • thumb
  • thumb
  • thumb

Latest Post

Monday, 4 February 2013

ရဲများ နှင့် နောက်ဆုံးအချိန် တွေ့ခဲ့ရသူ စစ်တွေလူငယ်တစ်ဦး၏ အလောင်းကို နောက်တစ်နေ့မနက် လမ်းမပေါ်တွေ့ရ

 shared Coral Arakan News's photo.
ရဲများ နှင့် နောက်ဆုံးအချိန် တွေ့ခဲ့ရသူ စစ်တွေလူငယ်တစ်ဦး၏ အလောင်းကို နောက်တစ်နေ့မနက် လမ်းမပေါ်တွေ့ရ

By Thaung Krwe

စစ်တွေ ၊ ၀၄ ဖေဖော်ဝါရီ ၂၀၁၃ ၊ Coral Arakan News ၊ [ သတင်း ]

ယမန်နေ့ ဖေဖေ၀ါရီလ (၃) ရက် ည ဆယ့်တစ်နာရီခန့်အချိန်တွင် စစ်တွေမြို့ ရွာကြီးမြောက်ရပ်ကွက်တွင် ရဲများ လိုက်ဖမ်းသဖြင့် ထွက်ပြေးခဲ့သူ လူငယ်တစ်ဦးမှာ နောက်တစ်နေ့မနက်တွင် နောက်တစ်နေရာ၌ သေဆုံးနေသည်ကို တွေ့ရှိရသည်။ 

စစ်တွေမြို့ ကုန်တန်းရပ်ကွက်နေ အသက် (၁၉) နှစ် အရွယ် ကျော်ဇံသက် (ခေါ်) အာနိုးသည် သူငယ်ချင်း နှစ်ဦး နှင့်အတူ မိန်းကလေးအဆောင် တစ်ဆောင် အနီး၌ ဂစ်တာတီး သီချင်းဆိုနေကြစဉ် ည ဆယ့်တစ်နာရီခွဲခန့် တွင် ရဲများရောက်လာသဖြင့် ထွက်ပြေးကြရာ သူငယ်ချင်း နှစ်ဦး နှင့် ကျော်ဇံသက် တို့မှာ လမ်းကွဲသွားခဲ့ကြသည် ဟုဆိုသည်။ 

ည ဆယ်နာရီ ညမထွက်ရအမိန့်ထုတ်ထားသည့် စစ်တွေမြို့အခြေအနေအရ သူငယ်ချင်း နှစ်ဦးမှာ အနီးအနား အသိအိမ်တစ်အိမ်တွင် အိပ်လိုက်ကြပြီး မနက်မိုးလင်းကျမှ ကျော်ဇံသက်သေဆုံးသွားကြောင်း သိရသည် ဟု ဆိုသည်။

ယနေ့ မနက်ပိုင်း အလောင်းတွေ့ရာ နေရာနှင့် အနီးဆုံးအိမ်ကလည်း သည်နေ့ အာရုံမတက်မီ မနက် အစောကြီး တစ်နာရီ အထိ အလောင်းမှာ ယင်းနေရာတွင် ရှိမနေသေးကြောင်း၊ ထိုအချိန်နှင့် အလောင်းမတွေ့မီ အချိန်အကြား ဘာမှ ရုတ်ရုတ်သဲသဲ ဆူဆူညံညံ မကြားလိုက်မိကြောင်း ထွက်ဆိုကြသည် ဟု ဆိုသည်။

သေဆုံးသူ ကျော်ဇံသက်မှာ ထော်လာဂျီမောင်းသူ တစ်ဦးဖြစ်ပြီး ၄င်း၏ဖခင် ဦးလှမောင်သိန်း (ခေါ်) ၀မ်းဖားမှာ ပြီးခဲ့သော ၂၀၁၂-ခုနှစ် ဇွန်လ (၃) ရက်နေ့က စစ်တွေ အမှတ်(၁) ရဲစခန်းရှေ့တွင် ပစ်ခတ်မှုဖြစ်ပွားစဉ် နားတစ်ဖက်ကို ကျည်ဆံပွတ်ဖောက်သွားသဖြင့် စစ်တွေဆေးရုံကြီးတွင် ဆေးကုသမှု ခံယူပြီးနောက်ပိုင်းကျမှ၊ ထိုနေ့ ရဲစခန်းရှေ့ဆူပူမှုတွင် ပါဝင်သည် ဟု ဆိုကာ ဖမ်းဆီးတရားစွဲဆို အကျဉ်းချထားခြင်းခံနေရသည်။

သေဆုံးသူ ကျော်ဇံသက် ၏ မျက်နှာ ညာဘက်ခြမ်းတွင် အညိုအမဲ စွဲနေသည်ကို တွေ့ရပြီး၊ ပခုံးနှစ်ဘက်တွင် တုံးသော လက်နက်ဖြင့် ရိုက်နှုက်ခြင်းခံထားရသည့် အညိုအမဲစင်းတို့ကို တွေ့ရသည်။

( Coral Arakan News အတွက် သောင်းကြွယ် ရေးသားသည်။)

====================

ရှေးကျောက်စာသင်ယူမှုကို ရခိုင်လူငယ်များ စိတ်ဝင်စားလာ

ရှေးကျောက်စာသင်ယူမှုကို ရခိုင်လူငယ်များ စိတ်ဝင်စားလာ
Monday, 04 February 2013 

ရခိုင်လူမျိုးတို့၏ ရှေးခေတ် အဆက်ဆက်အသုံးပြုခဲ့သော ဗြဟ္မိသုံး အက္ခရာကျောက်စာ ရေးနည်း၊ ဖတ်နည်း သင်တန်းပို့ချရာတွင် ရခိုင်လူငယ်များပိုစိတ်ဝင်စားလာကြကြောင်း စစ်တွေမြို့တွင်
 ကျောက်စာ သင်တန်းပို့ချနေသည့် ဆရာဦးကျော်ဇံမောင်က 
ဆိုသည်။ 

“သင်တန်းစဖွင့်တဲ့အခါ လူငယ်တွေ တစ်ရာကျော်တက်ရောက်ကြတယ်။ အဲဒီမှာ  တက္ကသိုလ် ကျောင်းသား ကျောင်းသူတွေ လည်းပါတယ်။ 
 ကျောင်းဆရာမတွေ ဝန်ထမ်းတွေ စိတ်ဝင်တစားတက်ရောက်ကြပါတယ်။ အထူးသဖြင့်ပေါ့နော် ရခိုင်စာကို ပိုမြတ်နိုးတဲ့သူတွေ ပိုတက်ရောက်ကြ
ပါတယ်’’။ 

 အဆိုပါ သင်တန်းအား စစ်တွေမြို့  ဘောက်သီးစုရပ်ကွက် ရခိုင်ဒီမို
ကရေစီ အဖွဲ့ချုပ်ရုံးတွင် ၂၀၁၃ခုနှစ် ဇန်နဝါရီလ (၉) ရက်နေ့မှ စတင် သင်ကြားခြင်းဖြစ်ကာ  ရခိုင်လူမျိုးတို့၏ ခေတ်အဆက်ဆက် အသုံးပြု
လာခဲ့ကြသော အက္ခရာစာပေများကိုလည်း ပို့ချသွားမည်ဟု ဦးကျော်ဇံမောင်က ဆိုသည်။ 

“ အခုအာနန္ဒာ စန္ဒြားကျောက်စာကိုသင်နေပါတယ်။ ဒါပြီးရင် ကျွန်တော်တို့
ရက္ခဝဏ ကျောက်စာ၊ လေးမြို့ခေတ်ကျောက်စာ တွေကိုလည်း သင်ပြ
မှာပါ။  ခေတ်အဆက်ဆက် က တကယ်တမ်းကို ကျောက်စာ အထောက်
အထားတွေနဲ့ ရှိခဲ့တဲ့ အဲဒီကျောက်စာတွေ ကိုလေ့လာနိုင်အောင်  ရခိုင်ပြည်နယ်ရဲ့  ရခိုင်တို့ရဲ့ ကျောက်စာဟာ ဘယ်လောက်ကြီးကျယ်ခဲ့
တယ်ဆိုတာကို  သူတို့သိမယ် ကမ္ဘာကလည်းသိမယ်။ ဒါကြောင့်ကျောက်စာ သင်တန်း ကိုဖွင့်လိုက်ရခြင်းဖြစ်ပါတယ်’’ ဟု ဆရာဦးကျော်ဇံမောင်က စာသင်ရခြင်း အကြောင်းရင်းအား ရှင်းပြသည်။ 

သင်တန်းသားအများစုမှာ တက္ကသိုလ်ကျောင်းသား အများစုပါဝင်ရာ သင်တန်းသားစုစုပေါင်း တစ်ရာကျော်ရှိသည်။ ရခိုင်ကျောက်စာသင်ကြား
မှုကို အရင် သင်ကြားပို့ချခွင့်ပေးခွင့်မရှိခဲ့သလို သင်တန်းဆရာများလဲ မရှိခဲ့ချေ။ 

“အရင်ကတော့ ရခိုင်စာသင်ရင် လူတွေက ကြောက်တယ်ပေါ့ မသင်ရဲကြ
ဘူး၊ ကိုယ့်ကိုယ်တစ်ခုခု လုပ်မှာအရမ်းစိုးရိမ်ကြတယ်၊ ဒီနောက်ပိုင်းတော့ လူငယ်တွေ ပိုစိတ်ဝင်စားလာတယ်’’ ဟု ဦးကျော်ဇံမောင် က ဖြည့်စွက်ပြော
သည်။ 

ယခုလိုရခိုင်တို့၏ ရှေ့ခေတ်အသုံးပြုခဲ့သော ကျောက်စာ အရေး
အသားကို ရခိုင်လူငယ်များတတ်သိရန်နှင့် ရခိုင်သမိုင်းကို သိ
လာစေရန် သင်ကြားပေးခြင်းဖြစ်သည်ဟု ဦးကျော်ဇံမောင်က
ဆိုသည်။ 

သင်တန်းသားတစ်ဦးက “  ဘာဘဲဖြစ်ဖြစ် အခုလို ရှေးကျခဲ့တဲ့ ရခိုင်ကျောက်စာ အက္ခရာကို သင်ကြားရတာဟာ  ကျွန်တော်တို့ မျိုးဆက်လူငယ်တွေအတွက်   များစွာအထောက်အကူပေးပါတယ်။ ရခိုင်သမိုင်းဆိုတာ အရင်က ဘယ်လိုရှိခဲ့တယ်။ စာပေ ဘယ်လိုထွန်းကား
ခဲ့တယ်ဆိုတာကိုလည်း သိလာရတယ်။ နောက်တစ်ခုက ရခိုင်စာပေ အဆင့်ဆင့် ပြောင်းလဲလာတာ ကိုလဲ လေ့လာရတယ် ဆိုတော့ ကျွန်တော်တို့အတွက် အဖိုးတန်ဆုံးသင်တန်းလို့ ပြောရမှာပါ’’ဟု သူ့အမြင်ကို ပြောသည်။

ဘီစီ ၃၃၂၅ ခုနှစ်လောက်က ပေါ်ပေါက်လာသည့် ရခိုင်ကျောက်စာ ကို   ရခိုင်လူမျိုးတို့သည်   ကျောက်စာ ပရပိုက်စာ  နှင့်  ရွှေဒဂါင်္း ၊ ငွေဒင်္ဂါး  တို့တွင် ရိုက်နှိုက် အသုံးပြုခဲ့သည်။  ဓညဝတီ ဝေသာလီလေးမြို့ မြောက်ဦး
စသည့် ခေတ်လေးခေတ်တွင် ရခိုင်စာပေ ပိုထွန်းကားခဲ့သည်ဟု သမိုင်း
မှတ်တမ်းများအရသိရသည်။

Myit Makha Mediagroup

မြောက်ဦးတွင်ရှေးဟောင်းဘုရား(၂ )ဆူ အမှတ်မထင်တွေ့ ရှိ

 shared Share Arakan News's photo.
http://maruthura.blogspot.com

 မြောက်ဦးတွင်ရှေးဟောင်းဘုရား(၂)ဆူ အမှတ်မထင်တွေ့ ရှိ

(၂၀.၁.၂၀၁၃)နေ့ ခန့် လောက်က ရခိုင်ပြည်နယ် ၊ မြောက်ဦးမြို့ ၊ ကိုးသောင်းပုထိုးတော်ကြီးအနီးရှိ
 မောင်သာကုန်းရွာအနီးတွင် ရှေးဟောင်းဘုရား(၂)ဆူကို ကလေးငယ်တစ်ဦးကအမှတ်မထင်
တွေ့ ရှိခဲ့ကြောင်း သိရသည်။အသက်(၁၀)နှစ်ကျော်ရှိသေးသည့် ထိုကလေးငယ်သည် ငှက်ပစ်သွားရာမှ
ချုံပုတ်ထဲရှိ ဘုရား(၂)ဆူအား အမှတ်မထင်တွေ့ ရှိခဲ့ ကြောင်းသိရသည်။ထိုဘုရား(၂)ဆူလုံးလက်ထဲတွင် ပန်း(၁)ပွင့်စီပါရှိပြီး ပလ္လင်ပတ်လည်တွင် တိရစ္ဆာန်ပေါင်းစုံ၏ရုပ်ပုံများပါဝင်နေကြောင်း သိရသည်။
ထိုဘုရား၏သမိုင်းရာဇ၀င်အား တိတိကျကျမသိသေးသောကြောင့် .........
ယခုအခါထိုဘုရား(၂)ဆူ၏ဘွဲ့ အမည်နာမအား ပေါ်တော်မူဘုရားဟု ပေးအပ်ပူဇော်ထားပြီး ရွာသူ၊ရွာသားများနှင့် ဌာနဆိုင်ရာမှလူကြီးပူးပေါင်း၍ ပြုပြင်ပူဇော်နေကြောင်းလည်း သိရှိရပါသည်။
http://maruthura.blogspot.com/

မြောက်ဦးတွင်ရှေးဟောင်းဘုရား(၂
)ဆူ အမှတ်မထင်တွေ့ ရှိ

(၂၀.၁.၂၀၁၃)နေ့ ခန့် လောက်က ရခိုင်ပြည်နယ် ၊ မြောက်ဦးမြို့ ၊ ကိုးသောင်းပုထိုးတော်ကြီးအနီးရှိ
မောင်သာကုန်းရွာအနီးတွင် ရှေးဟောင်းဘုရား(၂)ဆူကို ကလေးငယ်တစ်ဦးကအမှတ်မထင်
တွေ့ ရှိခဲ့ကြောင်း သိရသည်။အသက်(၁၀)နှစ်ကျော်ရှိသေးသည့် ထိုကလေးငယ်သည် ငှက်ပစ်သွားရာမှ
ချုံပုတ်ထဲရှိ ဘုရား(၂)ဆူအား အမှတ်မထင်တွေ့ ရှိခဲ့ ကြောင်းသိရသည်။ထိုဘုရား(၂)ဆူလုံးလက်ထဲတွင် ပန်း(၁)ပွင့်စီပါရှိပြီး ပလ္လင်ပတ်လည်တွင် တိရစ္ဆာန်ပေါင်းစုံ၏ရုပ်ပုံများပါဝင်နေကြောင်း သိရသည်။
ထိုဘုရား၏သမိုင်းရာဇ၀င်အား တိတိကျကျမသိသေးသောကြောင့် .........
ယခုအခါထိုဘုရား(၂)ဆူ၏ဘွဲ့ အမည်နာမအား ပေါ်တော်မူဘုရားဟု ပေးအပ်ပူဇော်ထားပြီး ရွာသူ၊ရွာသားများနှင့် ဌာနဆိုင်ရာမှလူကြီးပူးပေါင်း၍ ပြုပြင်ပူဇော်နေကြောင်းလည်း သိရှိရပါသည်

ဧရာဝတီတိုင်းဒေသကြီး မှ သွီးချင်းများသို့ 

http://www.rakhayouth.blogspot.com/

ဧရာဝတီတိုင်းဒေသကြီး မှ သွီးချင်းများသို့ 

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်အမာမြို့နယ်ခွဲဘ၀သစ်ဒိုင်နယ်ရှိ ရက္ခအလင်းတန်း
မြို့ နယ်အဖွဲ့သို့ ရန်ကုန်ရက္ခအလင်းတန်း(ဗဟို) မှ ကျောင်းသားအချေတိအတွက် လို
အပ်ချက်များနှင့်ရပ်ရွာအတွင်း ဖြစ်ပျက်ချက်များကို သတင်းရယူနိုင်ရန်အတွက် ကွင်း
ဆင်းကူညီမှုများ ပြုလုပ်ခကတ်ပါရေ။
ဘ၀သစ်ဒိုင်နယ်ဟိ ဘ၀သစ် မူလတန်းကျောင်းဟိ ကျောင်းသူ/ကျောင်းသား အချေ
(၁၅၀) ကို လွန်ခရေ ဇန်န၀ါရီလ (၁၁)ရက်နိက ကိတ်မုန့်နန့် အဖျော်ရည်များတိုက်
ကျွေးပြီးအချေတိအတွက် စာသင်နှစ်အတွင်းလိုအပ်ချက်များကိုဆရာကြီးဦးဌေးလွင်
က ပြောပြပါရေ။
မနှစ်ကဆိုကေ ဒေကျောင်းမှာ ဆရာ၂-ယောက်ကိုငှားရမ်းပြီးကေ စာပြနိုင်ခပါရေစာ
ပြစရိတ်ကိုလေ့ ကျွန်တော်ရို့လစာထဲက ဖေ့ပနာ ငှားခကတ်စွာ ဖြစ်ပါရေ။ ဒေနှစ်ခါ
တော့မငှားနိုင်ခပါ ကျောင်းသား (၁၅၀)အတွက် ကျောင်းဆရာ ၂-ယောက်နန့်  က
တော့မြင်ရေ အတိုင်းတစ်ခုပိုင်လေ့ မဖြစ်နိုင်စွာပါရာ။
ဒိုင်နယ်အုပ်ချုပ်ရေးမှူးဦးကြာစိန်ကလေ့ ဒေပိုင်ရက္ခအလင်းတန်းက ကျွန်တော်ရို့ ရွာ
ကို အလေးပီးပြီးကေ လာရောက်စွာအတွက်ကျေးဇူးတင်ကြောင်းနန့် ကျောင်းအဖွင့်
မှာလေ့ အချေတိအတွက် ကျောင်းစာသင်ကြားဖို့အထောက်အကူပစ္စည်းတိကူညီပီး
ရေ အတွက်ကိုလေ့ရပ်ရွာသားအားလုံးက ရက္ခအလင်းတန်းကို အားကိုးမျှော်ကိုးနိန်
ကြောင်းပြောပါရေ။
ဘ၀သစ်ကျေးရွာက လူတိစွာလက်လုပ်လက်စားဘ၀နန့်အသက်မွီးပြီးကေကွမ်းစိုက်
တေအလုပ်ကိုရာ အားကိုးအားထားပြုနိန်ရရေအတွက် တရွာလုံးကငွေပိုငွေလျှံ မရှိ
ကတ်ပဲ ထမင်းစားရေးကိုရာ အလေးထားနိန်ကတ်ရရေအတွက် ပညာရေးပိုင်းဆိုင်
ရာ ဖက်ကို အားမပီးနိုင်ပဲဖြစ်နိန်ပါရေ။
ဒေဒေသမှာ နိန်ထိုင်ရေလူဦးရေထဲမှာ ၃-ပုံ ၂-ပုံ မှာ ရခိုင်လူမျိုးတိဖြစ်ကတ်ပြီးကေ
ကရင်နန့် ဗမာက ၁-ပုံရာဟိနိန်ရေအတွက် ရခိုင်အချေတိ နောက်အနာဂါတ်ပညာ
ရေးအတွက်နန့်  လူမျိုးပျောက်ကွယ်သွီးရောမလားဖို့  အတွက်ကိုရက္ခအလင်းတန်း
အပါအ၀င် ရခိုင်တမျိုးသားလုံးမှာတာဝန်ဟိပါရေ။
ကေသရိန္ဒရာမကျောင်းက ဆရာတော်ကြီးဦးကေသရိန္ဒမှာဒေအုပ်စုဟိရခိုင်တိကို
၁၉၆၂-ခုနှစ်ကတည်းကပင် အမျိုးဘာသာ ယိုင်ကျေးမှုစကားတိ ပျောက်ပျက်မ
လားရအောင်ထိမ်းသိမ်းလာရေအတွက် နောက်အနာဂါတ်အတွက် ရက္ခအလင်း
တန်းကို ယုံကြည်စွာ အပ်နှံကြောင်းကို မိန်းကြားပါရေ။

ရခိုင်သာခြင်း

သာခြင်းကို ရခိုင်ကဗျာဆရာများ အများဆုံး သီကုံးဖွဲ့ဆိုခဲ့ကြသည်။ ရခိုင်သာခြင်းသည် ရှေးဦးစွာ ကျေး လက် တောဒေသကို အခြေခံသော တေးသီချင်းတစ်ခုဖြစ်သည်။ သို့သော်လည်း နှောင်းကာလတွင် နန်းတော်သွင်း ကဗျာတစ်ခုအဖြစ် နယ်ကျယ်လာသည်။ မြောက်ဦးခေတ် မင်းဗာကြီး (ဂေါစာ ၈၉၃-၉၁၅) လက်ထက်တွင် ၀ိမလအမတ်ကြီးက သတ္တာနု ကော်ကာနု စသော အနုဇာတ်ဝတ္ထုများကို သာခြင်းဖြင့် ဖွဲ့ဆိုပြီး နားတော်သွင်း ခဲ့သည်။

အင်းဝ၌ အနောက်ဘက်လွန်မင်းတရားကြီးလက်ထက်တွင် ဂေါစာ(၉၂၇)ခုနှစ်လောက် ဇေယျရန္တမိတ်က ဥတေနသာခြင်း၊ ပဋာစာရီသာချင်း၊ စိဉ္ဇာမာန၀ိကာ သာချင်းတို့ကို ဆက်သွင်းခဲ့ကြောင်း တွေ့ရှိရသည်။ သို့ သော်လည်း သာချင်းနှင့် သာခြင်းကို ရောထွေးမသွားစေလိုပါ။ ဇေယျရန္တမိတ်သာချင်းမှာ ရခိုင် သာခြင်း များ နှင့် ကာရံအအုပ်အခံ အကွာအလှမ်းချင်း ခြားနားသည်။ အောက်တွင်ဖော်ပြထားသော ဇေယျရန္တမိတ် သာချင်းနှင့် ရခိုင်သာခြင်းတို့ကို နှိုင်းယှဉ်စေလိုပါသည်။

"ဤစာ သက္ကရာဇ်၊ ဘုန်းတော်သစ်၊ နှစ်နှစ်ဆယ်ကျော်၊ ရာကပေါ်လျက်၊ သက်တော်ရှည်မူ၊ ပန်ထွာပြု သည်။ အောင်ဆုဆင်မှ၊ မင်္ဂလာကြီး၊ ဟောစာကြိယာ၊ သြဘာကျူးဟိတ်၊ ဇမ္ဗူတိတ်တွင်၊ နိမိတ်အရှည်၊ နိုင်ငံ စည်သည်ဟု၊ နတ်ပြည်ကြွညောင်း၊ ဘေးတော်လောင်းတို့၊ ဗောင်းစလွယ်အပ်၊ စွဲရွှေယပ်နှင့်၊ ခ၀ပ်ကြည်ရွှင်၊ မင်း ယင်ပြင်မှာ၊ လျှောက်တင်ခြီရသည့်" (မင်းဇေယျရန္တမိတ် ရေးဥတေသန သာချင်းမှ)

"လှမ်းချီကြကေ၊ ရာဇာရာဇာ၊ မိတ္ထီလာတွင်၊ ရတနာတံဆိပ်၊ ညီးလူလူနှင့်၊ ထီးဖြူရိပ်မှာ၊ ကိုးကျိပ်ကိုးပါး၊ အ ပြည် ပြည်က၊ ရောက်သည်များမှာ၊ တပါးတွက်တာ၊ မစွေပါ၊ ပင်လယ်ပတ်ဝန်း၊ သီဟဠဆို၊ စိမ်းမြညိုကေ၊ သိန်းဃိုဠ် ကျွန်းကို၊ စံမြန်းစိုးခြင်း၊ လွန်ကြီးကျယ်ကေ၊ ခေါင်းဆယ်လုံးဟု၊ ဘီလူးမင်းက၊ သတင်းစကား၊ ပွဲကြီး လည်းခံ၊ လေးတင်ရန်ကို၊ သန်သန်းကြားကို၊ ရထားပေါ်တက်၊ ဘယက်တန်းဆာ၊ ဒွါဒရာကို၊ ဆက် ကာတက်လို့၊ ဇနကသည်းအူ၊ သီဒါဖြူကို၊ ငါယူတော့မည်၊ ငါထက်သည်သာ၊ ရာဇာထိလျှင်၊ မချိချေဟု၊ ကြီးကျယ်တန် ခိုး၊ အား ကိုကိုးလို့၊ ထက်မိုးကသာ၊ ယာဉ်ရထားနှင့် သွားပါလေ၊ မိတ္ထီလာပြည်၊ ရောက် တုံလေသော်၊ စာသူ ငယ်ကြား၊ ဠင်းဒနားသို့၊ မင်းများအလယ်၊ ပြည်သိန်းဃိုဠ်လေ၊ ထိုဘီလူးမှာ၊ ရွှင်မြူးနေသော်၊ ဗိုလ်ခြေတစ် ထောင်၊ လေး စွန်ဒေင်ကို၊ ဦးဆောင်ကိုင်မ၊ မိတ္ထီလာမြို့သူများ ဗိုလ်လူတို့၊ လူလာကျရေ" (တန်ခိုးဆရာထွန်း ရေး ရာမ သာခြင်းမှ-)

ဤအထက်ပါ ဇေယျရန္တမိတ်၏ ဥတေနသာချင်းနှင့် တန်းခိုးဆရာထွန်း၏ ရာမသာခြင်းကို နှိုင်းယှဉ်ကြည့်က ဗမာသာချင်းနှင့် ရခိုင်သာခြင်းတွင် ခြားနားကြောင်း သိသာနိုင်ပါသည်။

ရခိုင်သာခြင်းများကို အစပထမ၌ သီဆိုရုံသက်သက်မျှ လည်းကောင်း၊ ထို့နောက် သီဆိုမှုနှင့် တူရိယာရော လည်းကောင်း၊ ထို့နောက် သီဆို တီးမှုတ်မှုနှင့် ကကွက် ကဟန်ကိုပါရေ လည်းကောင်း ဖန်တီးလာခဲ့ဟန် ရှိ သည်။ ပင်းခူးသာခြင်းမှာ ကကွက် ကဟန်နှင့် ယှဉ်တွဲ သီဆိုသော သာခြင်းတစ်မျိုးပင်ဖြစ်သည်။

သာခြင်းများကို အကြောင်းအရာအလိုက် အတိုအရှည်အလိုက် အမျိုးမျိုး ဖွဲ့ဆိုကြသည်။ တိုက်သာခြင်း၊ ဇမ်း သာခြင်း၊ သာစွလေ၊ ဟန်စွလေ၊ ပိုဒ်စုံသာခြင်း စသည်တို့ကို ခပ်တိုတို စပ်ဆိုကြ၊ ဇာတ်ဝတ္ထုဖွဲ့သာခြင်းများကို ရှည်လျားစွာ စပ်ဆိုကြသည်။

ရခိုင်စာဆိုများသည် ၀တ္ထုဇာတ်လမ်းများကို သာခြင်းဖြင့် ခေတ်အဆက်ဆက် ဖွဲ့ဆိုခဲ့ကြသည်။ မြောက် ဦးခေတ် တွင် အမတ်ကြီးဝိမလ၊ စာဖတ်သက် ဦးဒိုးဝေ၊ လောကမာန်အောင် ဆရာတော် စသည်တို့ သာခြင်း များကို ဖွဲ့ဆိုရေးသားခဲ့ကြသည်။ ဗြိတိသျှခေတ်တွင် ဆရာမောင်သာအောင်၊ မောင်ယောက်ကေ၊ ဆရာထွန်း လှ၊ တန်ခုးဆရာထွန်း၊ ဆရာဦးအောင်ထွန်း၊ သာချမ်းဦးဘ စသည်တို့ သာခြင်းများကို ဖွဲ့ဆိုရေးသားခဲ့ ကြ သည်။

ရခိုင်တောကျေးလက်များတွင် ဆန်ဖွတ်၊ မောင်းနင်း၊ ငါးရှာ၊ ဟင်းခူးပါမကျန် သာခြင်းသံ တညံညံဖြင့် ရခိုင် သူ ရခိုင်သားများ သီဆိုကြသည်။

"မေရို့မှာလေ၊ ပျော်ပါကတ်မေ၊ လုံပျိုမေလေ၊ အရွယ်ချင်းချင်း၊ ရွဲ့သာခြင်းနှင့်၊ လမင်းစန္ဒာ၊ လောင်းရိပ်သာ တွင်၊ ပျော်ရာတစ်ကြောင်၊ မေရို့မှာလေ၊ ဖော်အပေါင်းနှင့်၊ ဆန်မောင်းနင်းရေ။"

နွားကျောင်း၊ ကျွဲကျောင်း၊ ဖောင်စီး၊ တလင်းနယ် စသော လုပ်ခင်း ကိုင်ရာများ တို့၌လည်း ရွဲ့သာခြင်းများကို သီဆိုလေ့ရှိကြသည်။

"ဇာတ်ရွဲ့ကေညံ၊ ပျော်ပါးသံကို၊ ကြားပြန်လတ်ကေ၊ မောင်လူပျိုမှာ၊ သည်းခြီစိမ့်ကေ၊ ငြိမ့်ရေလေ။"

သာခြင်းဆိုခြင်း၊ သာခြင်းတတ်ခြင်းသည် ဂုဏ်ရှိသည်။ သာခြင်းကို ပွဲကြီးလမ်းကြီးလုပ် သီဆိုခဲ့ကြသည်။ သာ ခြင်းတတ်တို့ကလည်း သာခြင်းသီဆိုမှုဖြင့် အသက်မွေးမှု ပြုနိုင်ခဲ့ကြသည်။ တစ်ပြည်လုံးကို လှည့်လည်ကာ သာခြင်းဆိုခြင်းဖြင့် အသက်မွေးသူများရှိခဲ့ကြသည်။

"အသက်မွေးရန်၊ ဥာဏ်ဖြင့်ကြီကေ၊ အသံနှင့်ရင်၊ အများတကာ၊ နားသောတမှာ၊ နာပျော်ညှင်းအောင်၊ သာ ခြင်းကိုသင်၊ ဆရာသျှင်မှာ၊ စုံလင်ပြည့်ဝ၊ ဆင်ပြလေပြန်၊ စမကျန်ကေ၊ အတန်ရက၊ ဓနကြေးငွေ၊ ရချင်ပေ။ ပြည်ကိုလှည့်ပတ်၊ ညှိုးမသုန်ကေ၊ ဂုဏ်သတင်းနှင့်၊ သာခြင်းတတ်ဟု၊ ရပ်အဖြာဖြာ၊ အရွာရွာမှာ၊ ပျော်ပါတုံ လျ့က်"

ယောက်ျားသာခြင်းတတ်များ သာမက အမျိုးသမီး သာခြင်းတတ်များလည်း ပေါ်ပေါက်ထွန်းကား ခဲ့သေး သည်။ အမျိုးသမီးများသည် ယောက်ျားများနှင့် တန်းတူပင် ပရိသတ်အလယ်တွင် ယှဉ်ပြိုင် သီဆိုလျက် သာ ခြင်း အတတ်ဖြင့် အသက်မွေးခဲ့ကြသည်။

"အသက်မွေးရန်လေ၊ ဥာဏ်နှင့်ရင်းလို့၊ သာခြင်းကိုသင်၊ ပြည်ခွင်လှည့်ပတ်၊ သူမြတ်တို့ထံ၊ အသုံးခံကေ၊ အကျွန်မေမှာ၊ အတန်ကြာလို့"

သာသာယာယာ ငြိမ့်ငြိမ့် ငြောင်းငြောင်းနှင့် နားထောင်ကောင်းသော တေးသီချင်းတစ်မျိုး ဖြစ်ခြင်းကြောင့် သာခြင်းဟုခေါ်သည်ဟု ယူဆရသည်။ သာခြင်းသည် ရခိုင်ပြည်နယ်တွင် ရှေးပဝေဏီအခါကပင်ရှိသော သာ ခြင်းစပ်နည်းများဖြင့် စပ်ဆိုထားသည်ကိုလည်း တွေ့ရှိရသဖြင့် သာခြင်းမှာ ရှေးကျသော သီချင်း တစ်ခု ဖြစ်ကြောင်း ထင်ရှားလှသည်။ ရခိုင်ပြည်နယ်တွင် ယခုတိုင်အောင်ပင် သာခြင်းများကို ဖွဲ့နွဲ့စပ်ဆိုလေ့ ရွတ် ဖတ်သီဆိုလေ့ ရှိသေးကြောင်း တွေ့ရှိရသည်။

ဗမာသာချင်းကို ခကွေးယပင့်နှင့် ရေးကြသော်လည်း ရခိုင်သာခြင်းကိုမူ ရခိုင်အသံထွက်အရ ခကွေးရရစ်နှင့် ရေးကြသည်ကို သတိပြုစေလိုပါသည်။

အရှင်စက္ကိန္ဒ (ရခိုင်ယဉ်ကျေးမှုများ အမှတ်(၉)မှ-)

အာရကန်ဂျင်ဆင်မှ

ရခိုင်လူမျိုးများ၏ ပြိုင်လောင်းပြိုင်ပွဲ(လှေပြိုင်ပွဲ)

ရခိုင်လူမျိုးများ၏ ပြိုင်လောင်းပြိုင်ပွဲ(လှေပြိုင်ပွဲ) ကျင်းပရခြင်းမှာ ရှေးရခိုင်ဘုရင် များလက်ထက်က ကာကွယ်ရေးအတွက် ရေတပ်သားကောင်းများပေါ်ထွက်လာရေးကို ရည်ရွယ်လေ့ကျင့် ရွေးချယ်သော ပြိုင်ပွဲတစ်ရပ် ဖြစ်သည်။ ယင်းမှအစပြုလျက် ရိုးရာပွဲတော်တစ်ခုဖြစ်လာခဲ့ပြီးစုပေါင်းဆောင်ရွ က်ရသည့် ကျန်းမာရေးဆိုင်ရာ အားကစားပျော်ပွဲရွှင်ပွဲတစ်ရပ်လည်း ဖြစ်လာသည်။ ပြိုင်လောင်းပြိုင်ပွဲကိုတန်ကူး (တန်ခူး)နှင့် ကဆုန်လများတွင် ကျင်းပလေ့ရှိသည်။ ပြိုင်ပွဲကျင်းပရာ ချောင်းရိုးတစ်လျှောက်တွင် မဏ္ဍပ် များ ဆောက်လုပ်ကာ ပွဲကြည့်ပရိသတ်များက အတီးအမှုတ်အကအခုန်များဖြင် အားပေးလေ့ရှိသည်။
ပြိုင်လောင်းပြိုင်ပွဲကိုဒီရေတက်သောရက်များကို ရွေးချယ်ကျင်းပရသည်။ ရပ်ရွာအလိုက် ပြိုင်ပွဲဝင်ရန် ဖိတ်ခေါ်ကြရပြီး စားသောက်နေထိုင်ရေးကို ရွာခံရွာသားများက တာဝန်ယူရသည်။ ပြိုင်ပွဲမစတင်မီတွင် ပြိုင်ပွဲဝင်မည့်ပြိုင်လောင်းအသင်းများက ဟန်ရေးပြကြရသည်။ ယင်းကို "ပြိုင်လောင်း စိုင်းသည်" ဟုခေါ်သည်။ လှေပြိုင်ရာတွင် ပြိုင်လှေ၏ အရွယ်အစားကိုလိုက်၍၁၂-လံတန်း၊၁၀-လံတန်း၊၈-လံတန်း၊၆-လံတန်း စသည်ဖြင့် အဆင့်ဆင့်သတ်မှတ်ထားသည်။ ပြိုင်လောင်း၏ အရွယ်အစားအလိုက်သာ ယှဉ်ပြိုင်ရပြီးအရှည်ပို၍ လည်းကောင်း၊ လျော့၍လည်းကောင်းယှဉ်ပြိုင်ခွင့် မရှိချေ။
ပြိုင်လောင်းတွင်လောင်းဦးကိုမီးကျောင်းရုပ်၊ မြွေရုပ်၊ဆင်ရုပ်၊နဂါးရုပ်၊ကိန္နရာရုပ်၊နယားရုပ်၊ ဟင်္သာ ရုပ်၊ခြူးပန်းစသည်တို့ဖြင့် ပန်းထုလုပ်ကာ ဆေးရေးမွမ်းမံထားတတ်ကြသည်။ ပဲ့ပိုင်းတွင်"မာဒင်ခုံ"ခေါ် တက်မခုံကိုကျားရုပ်၊ငှက်ရုပ်၊ကြာပန်းတို့ဖြင် မွမ်းမံထားသည်။ လောင်းလှေဝမ်းပိုင်းတွင် လှေလှော်သား များထိုင်ရန် "ပင်းကန်"တို့ကိ တပ်ဆင်ထားသည်။ လှေလှော်သားများမှာ အ၀တ်ဆင်တူ၊ရင်စီးစလွယ်သိုင်း၊ရင်သိုင်း၊ ခေါင်းပေါင်းစွန်တောင်များကို ၀တ်ဆင်ကြလေ့ရှိသည်။ တာထွက်ပန်းဝင်ကို ဒိုင်လူကြီး များကကြီးကြပ်ဆောင်ရွ က်ပေးရသည်။ ပန်းခူးအ၀င်တွင်လည်း အနိုင်အရှုံးကို ကြိုးတန်း ထားပြီး "စက်ပန်းဖြတ်ဆွဲနည်း"ဖြင့် ဆုံးဖြတ်လေ့ရှိသ ည်။ စက်ပန်းဖြတ်ဆွဲနည်းမှာ လောင်းဦးတွင် ဓါးကိုစိုက်ထားပြီးစက်တိုင်တွင် အလံနှစ်ခုကို ဖြတ်စေသည်။ ဦးစွာဖြတ်သော လောင်းလှေဘက်မှကြိုးပြတ်သွား၍ စက်အကူ အညီဖြင့်တစ်ဘက်အလံကိုလှဲပစ်သည်။
နိုင်သောအလံမှာ လဲခြင်းမရှိချေ။ အနိုင်အရှုံးကို ဆုံးဖြတ်ခြင်းဖြစ်သည်။

ပြိုင်ပွဲကို သုံးရက်ခန့် ကျင်းပလေ့ရှိသည်။ နောက်ဆုံးနေ့တွင်အနိုင်ရရှိသော လောင်းလှေကိုရွှေမောင်း၊ငွေမောင်း၊ အောင်ဆုအောင်လံတို့ကိုပထမဆု၊ ဒုတိယဆု၊ တတိယဆု၊အထူးဆုစသည်ဖြင့်ချီးမြှင့်သည်။ အနိုင်ရသော လောင်းလှေက ချောင်းရိုးတလျောက် လက်တန်းသံချပ်ထိုးကာ အောင်ပွဲခံသည်။ ပြိုင်ဘက်လောင်းလှေကို သရော်စောင်းမြော င်း၍လည်းကောင်း၊မိမိလှေကိုအမွမ်းတင်၍ လည်းကောင်း၊အမျိုးသမီးပရိသတ်များကို စောင်းမြောင်း၍လည်းကောင်း၊အာဝိဇ္ဖမ်းရွှင်ရွှင် ကဗျာဥာဏ်ရှိ သလောက် လောင်းလှေထက်တွင်ကခုန်ကာ လက်ဟန်ကိုယ်ဟန်ပြုလျက် သံချပ်ထိုးကြသည် ။

မက္ကလာကို ဂေါင်းမှာဆောင်းလို့ ကမ်းထောင့်ထက်က အရီးလေ သမက်လောင်းချေနိုင်စီကြောင်းကို ဆုမွန်တောင်းဘို့ကောင်းပါရေ

အနိုင်ရထားသော လောင်းလှေဦးစီးသည် ဆုရရှိသော ရွှေမောင်းကိုလည်တွင်ဆွဲလျက် လောင်းလှော်သား များကအောင်လံများကို ကိုင်ဆောင်ကာ ချောင်းရိုးတစ်လျောက် အစုန်အဆန်လှော်ခတ် ဟန်ရေးပြပြီး ပရိသတ်များကိုနှုတ်ဆက်လေ့ရှိကြလေသည်။   
            အာရကန်ဂျင်ဆင်ဖေ့ဘုတ်စာမျက်နှာမှ

Sunday, 3 February 2013

“အမင့်ပျိုးခင်းကျောင်း”

ဆရာကြီး ဦးမောင်ဗသိန်း နာယက အဖြစ် ပါဝင် ရေးသားပြုစုထားတဲ့ ရခိုင်သင်ပုန်းကြီး ဖတ်စာကို စစ်တွေမြို့ “အမင့် ပျိုးခင်း” ကျောင်းမှာ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း ကျောင်းသုံး သင်္ခန်းစာတွေနဲ့ ပူးတွဲပြီး ကလေးတွေကို အခမဲ့ သင်ကြားပေးနေပါတယ်။ ဦးစီး သင်ကြား ပေးနေတဲ့ ဆရာမ နှင်းနုခိုင်ကို   ကျောင်းသား၊ ကျောင်းသူ ဘယ်နှစ်ဦးကို စတင် သင်ပေးနေပါသလဲလို့  မေးကြည့်တဲ့အခါ ဆရာမ နှင်းနုခိုင်က အခုလို စပြောပါတယ်။
01
အခု ကျမသင်ကြားပေးနေတဲ့ကျောင်းမှာ ကျောင်းသားကျောင်းသူ အားလုံး ၃၃ ယောက်ရှိပါတယ်။
မေး။ ဘာကြောင့် ရခိုင်သင်ပုန်းကြီးဖတ်စာကို တွဲပြီးသင်ပေးနေတာပါလည်း။
ရခိုင်သင်ပုန်ကြီးဖတ်စာကို တွဲပြီသင်ရတဲ့ ရည်ရွယ်ချက်က ကျမတို့ မိခင်ဘာသာစကားနဲ့သင်မှ က လေးတွေ တတ်မြောက်ဖို့ လွယ်တယ်လို့ ယူဆတယ်။ ကျမတို့က ကလေးတွေ ဘာကြောင့် သင်ယူတတ်မြောက်မှု နှေးကွေး ရသလဲလို့ လေ့လာကြည့်တဲ့အခါ မိခင်ဘာသာစကား မဟုတ်လို့ ဆိုတဲ့ အချက်ကိုတွေ့ရပါတယ်။  ကလေးတွေကို ငယ်ငယ်လေးကတည်းက မိခင် ဘာသာစကားနဲ့ သင်ရင် စာတတ်မြောက်လွယ်တယ်လို့ ကျမတို့ သိထားတဲ့ အတွက် တွဲပြီးသင်တာပါ။
မေး။ အခုလက်ရှိ “အမင့်ပျိုးခင်းကျောင်း” တကျောင်းတည်းမှာ ဒီ ရခိုင်သင်ပုန်းကြီးဖတ်စာကို သင်နေ တယ်လို့သိရပါတယ်။ တခြား ကျောင်းတွေမှာကော သင်ကြားဖို့အတွက် ဆရာမတို့ အစီစဉ်ရှိပါလား။
အဲဒီလို အစီအစဉ်တွေတော့ ဆွဲထားတာရှိပါတယ်။ ဒါပေမဲ့ ကျမတို့က ဒီဇင်ဘာလကမှ စပြီးလုပ် တာဖြစ်တဲ့အတွက် အဲဒါကို အကောင်အထည်ဖော်ဖို့ နည်းနည်းအခက်အခဲရှိနေပါတယ်။ သင်ချင်တဲ့ နေရာတွေက အများကြီးပါ။ ဒါပေမဲ့ ကျမတို့မှာ အကောင်အထည်ဖော်ဖို့ လူအင်အားကနည်းတယ်။ လူအင်အား ငွေအင်အားလိုက်နိုင်ရင် ဒီရခိုင်သင်ပုန်းကြီး ဖတ်စာကို ဆရာ သင်တန်းပေးပြီး အားလုံး တညီတည်ဖြစ်အောင်လုပ်ပြီး တခြားနေရာတွေမှာလည်း သင်ပေးဖို့ အစီအစဉ်ရှိပါတယ်။
မေး။ ကလေးတွေကို ဒီရခိုင်သင်ပုန်ကြီးဖတ်စာ သင်ပေးတဲ့အတွက် ကလေးမိဘတွေရဲ့ ဆန္ဒတွေကို ဆရာမတို့ ဘယ်လို ကြားရပါလည်း။
မိဘတွေရဲ့ဆန္ဒဆိုရင် လက်ရှိအခြေအနေမှာ ကျမတို့က နေရာအခက်အခဲ ကုန်ကျစရိတ်အခက်အခဲ တွေကြောင့် ကလေး တွေကိုအကန့်အသတ်နဲ့လက်ခံထားပါတယ်။ ကျမတို့ဘက်က ဒီထက်ပိုလုပ်နိုင် မယ်ဆိုရင် ကလေးတွေရဲ့မိဘတွေက အများကြီသင်လိုကြပါတယ်။ ဒါက ကျမတို့ ရပ်ကွက်လေး တခုတည်းမှာပါ။ စစ်တွေ တစ်မြို့လုံး အတိုင်းအတာတောင် မဟုတ်သေးဘူး။ မိဘတွေဘက်ကလည်း လိုလိုလားလားရှိပါတယ်။ ကျမတို့ အခုသင်နေတာက မူလတန်းအဆင့် ၁ တန်း၊ ၂ တန်း၊ ၃ တန်းတွေကို သင်ပေးတာဆိုတော့ တချို့ကလည်း ဗမာဘာသာနဲ့ ရောသွားမှာ လားဆိုပြီး စိုးရိမ် ကြပါတယ်။ ကျမတို့တော့ သိပ်ငယ်ရွယ်တဲ့ အချိန်မှာ စပြီးသင်လိုက်တာ ဖြစ်တဲ့အတွက် မရောဘူးလို့ ယုံကြည်ပါတယ်။ အခုလက်ရှိမှာတော့ ကျောင်းသင်ရိုးကိုလည်း လေ့ကျင့်ပါတယ်။ တဘက်မှာလည်း ရခိုင်သင်ပုန်းကြီးကိုလည်း လေ့ကျင့် ပါတယ်။
မေး။ ကလေးတွေကို ရခိုင်သင်ပုန်ကြီးဖတ်စာကို အရင်ကလည်း ထိတွေ့မှုမရှိသေးဆိုတော့ အခု ဆရာမတို့ ပထမဆုံးအနေနဲ့ ကလေးတွေကို စပြီးသင်ပေးတဲ့အခါ အခက်အခဲရှိပါလား။
02
အခက်အခဲတော့မရှိပါ။ ဘာကြောင့်လည်းဆိုရင် အခုသင်နေတဲ့ကလေးတွေက ငယ်ငယ်လေးတွေပါ။ သူတို့က စာကို စပြီးသင်ရတဲ့ အရွယ်ဖြစ်တဲ့ အတွက် ကျမတို့က ကဗျာရွတ်ဆိုတဲ့ ပုံစံမျိုးနဲ့ သင်ပေးတဲ့ အတွက် ကလေးတွေအတွက် အခက်အခဲမရှိပါ။ တိုးတက်မှုရှိပါတယ်။
မေး။ အခုလို ရခိုင်သင်ပုန်ကြီး ဖတ်စာကို ဆရာမတို့ အပြင်မှာ သင်ပေးနေတဲ့ အပေါ်မှာ ပညာရေး ၀န်ကြီး ဌာန အပါအ၀င် အစိုးရအာဏာပိုင်တွေဘက်က တစ်စုံတရာ လာရောက် ဟန့်တား စစ်ဆေးတာတွေရှိပါလား။
မရှိပါ။ အခုလက်ရှိမှာ ကျမတို့က စနေ၊ တနင်္ဂနွေ နှစ်ရက်သာ သင်ပါတယ်။ အမင့်ပျိုးခင်းကျောင်းမှာ ကျမတို့ ရခိုင်သင်ပုန်ကြီးဖတ်စာကို အစပျိုးပြီးသင်နေပါတယ်။ ဒါနဲ့ပတ်သတ်လို့ ဌာနဆိုင်ရာ တစ်ခုကလည်း ဟန့်တားစစ်ဆေးတာမရှိပါ။ ပြီးတော့ ကျမတို့ကျောင်း ဖွဲ့စည်းရာမှာလည်း ပညာရေးဌာနက အရာ ရှိတွေ၊ မြို့နယ်ပညာရေးမှု၊ ပြည်နယ်ပညာရေးမှူး အငြိမ်းစားတွေပါဝင်ပြီး စနစ်တကျ ဖွဲ့စည်းထားတဲ့ အတွက် ကလေးပညာရေးနဲ့ပတ်သတ်လို့လည်း အကြံကောင်းတွေ ရပါတယ်။ လမ်း ညွန်ချက်တွေ အများကြီးရပါတယ်။ အားလုံးက ၀ိုင်းဝန်းပြီး အားပေးတဲ့ အနေအထားရှိပါတယ်။
မေး။ ရခိုင်သင်ပုန်းကြီး ဖတ်စာကို ရခိုင်ပြည်နယ်တခုလုံး အတိုင်းအတာနဲ့ ကျယ်ကျယ်ပြန့်ပြန့် သင်နိုင်ဖို့ ဘာတွေလိုအပ်နေ တယ်လို့ ဆရာမ ထင်ပါလည်း။
03
ရခိုင်သင်ပုန်ကြီးဖတ်စာကို ရခိုင်တပြည်လုံး အတိုင်းအတာနဲ့ သင်နိုင်ဖို့အတွက်ဘာလိုလည်းဆိုရင် ပုံနှိပ်စာအုပ် လိုပါတယ်။ အခု ကျမတို့မှာ အဖြူ အမဲ ပုံနှိပ်စာအုပ်နဲ့ သင်နေတာပါ။ Four colar ပုံနှိပ် စာအုပ်ရိုက်ဖို့အတွက် ကျမတို့ စီစဉ်နေပါတယ်။ နောက်တခုက ရခိုင် တပြည်နယ်လုံး အတိုင်းအတာ နဲ့ ကျမတို့ ဆရာသင်တန်းလုပ်ဖို့ အစီအစဉ် ရှိပါတယ်။ အဲဒါကို လုပ်ဖို့အတွက် ကူညီပေးဖို့ ငွေကြေး အင်အား လိုပါတယ်။ လက်ရှိအနေအထားမှာ ရခိုင်ပြည်နယ် တစ်ခုလုံးမှာ ဒီလိုကျောင်းငယ် လေးတွေ အများကြီးရှိပါတယ်။ အဲဒီကျောင်းတွေက ဆရာတွေကို စုစည်းပြီး ကျမတို့ သင်တန်းတစ်ခု လုပ်ဖို့ စီစဉ်ထားတာရှိပါတယ်။ အဲဒါအတွက်  အဓိကလိုအပ်နေတာက သင်တန်းစရိတ် တစ်ခု လိုနေပါတယ်။
မေး။ ရခိုင်သင်ပုန်းကြီးဖတ်စာကို ရခိုင်ပြည်နယ်တစ်ခုလုံးမှာ ကလေးတွေကို သင်ပေးနိုင်ရင် ဘယ်လို အကျိုးရှိမယ်လို့ ထင်ပါလည်း။
ဒါက ကျမတို့မှာ ရခိုင်ဆိုပြီး အမျိုးသားရေး လက္ခဏာတရပ်အနေနဲ့ ရပ်တည်မယ်ဆိုလို့ရှိရင် ကျမတို့မှာ ကိုယ်ပိုင်စကား၊ စကားကတော့ ကျမတို့မှာရှိနေသေးတယ်။ စာပေလည်း ခိုင်ခိုင်မာမာရှိခဲ့ပါတယ်ဆိုတာကို ကျမတို့က ရည်ရှည်အတွက် ခိုင်ခိုင်မာမာ သက်သေထူနိုင် ဖို့လိုပါတယ်။ စကားရှိသေးတဲ့အတွက် လူမျိုးရှိနေတဲ့အနေအထားဘဲ ရှိနေတာကို ရခိုင်က၊ ကျမတို့ ရခိုင်လူမျိုးဟာ စာရှိတဲ့လူမျိုး၊ ယဉ်ကျေးမှုရှိတဲ့လူမျိုးအဖြစ် အရှည်တည်တန်းဖို့အတွက်ဆိုရင် ဒီလုပ်ငန်းဟာ အထောက်အကူတရပ်ဖြစ်လိမ့်မယ်လို့ ကျမတို့ယုံကြည်ပါတယ်။
(အမင့်ပျိုးခင်းကို မြန်မာလို ပြန်ရင် အမေ့ပျိုးခင်းလို့ အဓိပ္ပါယ်ရပါတယ်။)
                                                                         http://www.narinjara.com/burmese/?p=4243 မှ ကူးလာပါသည်